ဇူလိုင် ၃၀ရက်နေ့တွင် ရွှေတိဂုံစေတီတော်ကြီးအပါအဝင် ဘုရားစေတီများအားလုံးဖွင့်ပြီ…

ရွှေတိဂုံစေတီတော်ကြီးအပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ ဘုရားစေတီများအားလုံး ဇူလိုင် ၃၀ ရက်တွင် ပြန်ဖွင့်မည်

သမိုင်ဝင်း ရွှေတိဂုံစေတီတော်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီတော်များအားလုံးကို ဇူလိုင် ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလအတွင်း ရောဂါဖြစ်ပွားမှုပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများအားလုံးကို ပြီးခဲ့သည့် မတ်လမှစတင်၍ ဖူးမြော်ခွင့်ကို ယာယီပိတ်ထားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီတော်များအားလုံးကို ဇူလိုင် ၃၀ ရက် နံနက် ၄ နာရီမှစ၍ ကိုဗစ်ရောဂါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်

အမိန့်၊ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး ဂေါပကအဖွဲ့များအား ဆက်လက်အသိပေးဆောင်ရွက်သွားရန်

ဇူလိုင်၂၈ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ဒုညွှန်ကြားရေးမှူး ဒေါ်ခင်လှမြင့်ကလက်မှတ်ထိုးထားသည် အကြောင်းကြားစာ ထုတ်ပြန်ထားသည်။

“ရန်ကုန်ထဲမှာရှိတဲ့ ဘုရားတွေ သုံးဆယ်ရက်နေ့ဖွင့်မယ်ဆိုတာ ဟုတ်ရင်လည်း ဟုတ်လောက်တယ်။

ဒါပေမယ့် ဗိုလ်တထောင်ဘုရားမှာတော့ လက်ရှိတည်ဆောက်ရေးလုပ်ငန်းတွေလုပ်နေတယ်။

တည်ဆောင်ရေးလုပ်ငန်းတွေက အာရုံခံတန်ဆောင်းတည်ဆောက်တဲ့လုပ်ငန်းတွေ၊ ကြွေပြာခင်းတဲ့လုပ်ငန်းတွေ၊ ရေစီရေလာကောင်းဖို့ိ ရေးမြောင်းတူးတဲ့လုပ်ငန်းတွေ လုပ်တဲ့အတွက်ကြောင့်

လူတွေလာရောက်ဖူးရင် နေရာအခက်အခဲဖြစ်တဲ့အတွက်ကြောင့် လောလောဆယ် လကုန်တဲ့အထိ ကျွန်တော်တို့ ဗိုလ်တထောင်ဘုရားကိုဖွင့်ဖို့ အစီအစဉ်မရှိသေးဘူး”ဟု ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်းက ပြောသည်။

ရန်ကုန်တိုင်ဒေးသကြီး မြို့တွင်းဧရိယာအတွင်းရှိ ဘုရားစေတီများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊

မြို့ပြင်ရှိ ဘုရား၊စေတီများအား သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ကိုဗစ်ကော်မတီဝင်များဖြင့် စစ်ဆေးဆောင်ရွက်သွားရန်၊ စစ်ဆေးပြီးစီးမှုအား မစောင့်ဆိုင်းဘဲ

ဇူလိုင် ၃၀ရက်နေ့မှစ၍ ဖွင့်လှစ်ပေးသွားရန်နှင့် အဖွဲ့များမှလည်း သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားမှုအခြေအနေအား စစ်ဆေးသွားမည်ဖြစ်ကြောင်း ယင်းအကြောင်းကြားစာတွင်ဖော်ပြထားသည်။ TCM

Be the first to comment

Leave a Reply

Your email address will not be published.


*