ရှေ့ကယာဥ်ကို ညာဘက်ကနေလည်း ကျော်တက်လို့ရပါတယ် ..

ရှေ့ကယာဥ်ကို ညာဘက်ကနေလည်း ကျော်တက်လို့ရတယ်ဆိုတာသိပါသလား

ကျွန်တော်တို့တွေ မိမိရှေ့ကယာဥ်တွေကိုကျော်တက်ကြတဲ့နေရာမှာ သာမန်အားဖြင့် ဘယ်ဘက်(လက်ဝဲဘက်)ကနေပဲ ကျော်တက်ကြရမယ်လို့အများသိထားကြပါတယ်

အဲ့ ညာဘက်(လက်ဝဲဘက်)ကတော့ ကျော်တက်လို့မရဘူးရယ်လို့ပေါ့။ မှန်ပါတယ်

မိမိရှေ့ကယာဥ်ကို ကျော်တက်မယ်ဆိုရင် သာမန်အားဖြင့် ဘယ်ဘက်(လက်ဝဲဘက်)ကပဲ ကျော်တက်ရပါ့မယ်

သို့သော် ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ ညာဘက်(လက်ဝဲဘက်)ကနေ ကျော်တက်နိုင်ပါတယ် အဲ့ဒါတွေကတော့-

၁။ ရှေ့ကယာဉ်ဟာ လက်ဝဲဘက်(ဘယ်ဘက်)ကို ကွေ့ဖို့အချက်ပြနေတဲ့အခါ၊

၂။ လမ်းမှာ ယာဉ်တွေပိတ်နေလို့ လက်ယာဘက်(ညာဘက်)မှာပဲ လမ်းပွင့်နေတဲ့အခါ၊

၃။ ယာဉ်ကြောပြောင်းတဲ့အနေနဲ့ လက်ဝဲဘက် (ဘယ်ဘက်)ယာဉ်ကြောမှာမောင်းနေတဲ့ယာဉ်ရဲ့ ရှေ့သို့ လက်ယာဘက်(ညာဘက်)ယာဉ်ကြောမှ လမ်းပြောင်းဝင်တဲ့အခါ၊

၄။ တစ်လမ်းမောင်းမှာ မောင်းနှင်သွားလာတဲ့အခါ။

ကဲ အဲ့အချက်(၄)ချက်နဲ့ကြုံလာတဲ့အခါမျိုးမှာ လက်ဝဲဘက်(ညာဘက်)ကနေလည်း ကျော်တက်လို့ရပါပြီဗျာ

အဲ့ မျဉ်းသေတို့ မလွတ်တလွတ်ကျော်တက်တာတို့ လုတက်တာတို့တော့ ကျွန်တော်သိတယ် ကျွန်တော်ကိုခင်ကြတဲ့ယာဉ်မောင်းတွေမို့ အဲ့ဒီလို‌တော့လုပ်မှာမဟုတ်ဘူးလို့။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Be the first to comment

Leave a Reply

Your email address will not be published.


*