စီးပွားရေး၊ ငွေကြေးကိစ္စ၊ လူမှုရေးနှင့်ဆိုင်ရာ အတိုက်အခိုက် အနှောင့်အယှက်တွေရှိလျှင်

သောကများကင်းဝေးစေရန်ယတြာ

စီးပွားရေး၊ငွေကြေးကိစ္စ၊လူမှုရေးနှင့်ဆိုင်ရာ အတိုက်အခိုက် အနှောင့်အယှက် ကိစ္စများ၊ ကျန်းမာရေးပြသနာများ စသည့်

မည်သည့်ကိစ္စများအတွက်မဆို စိတ်သောကအမျိုးမျိုး ရောက်နေကြသည်ဆိုပါက

အောက်ဖော်ပြမည့် ယတြာအတိုင်း တိကျသေချာစွာဖြင့် ယုံကြည်စွာလုပ်ဆောင်နေပါက စိတ်ချမ်းသာလာပါလိမ့်မည်။

“မသိသူကျော်သွား၊သိသူယူထားကြပါ။”

ကြွေပန်းကန်ပြားတစ်ချပ်ပေါ်တွင် သကြား အပြည့်နီးပါးထည့်ထားသော ဖန်ခွက်အသေးတစ်လုံးတင်ထားရပါမည်။

ထိုသကြားထည့်ထားသောဖန်ခွက်အဝတွင် ကြက်သွန်နီ အလုံးကြီးကြီး ၁လုံး တင်ပြီး ထိုကြက်သွန်နီပေါ် အမွှေးတိုင် နှစ်တိုင်စီစိုက်၍ မြတ်စွာဘုရားရှင်အား ထွန်းညှိပူဇော်ပေးရပါတယ်။

ဘုရားဂုဏ်တော်(၉)ပါးဂါထာကို (၉)ခေါက်ရွတ်ဆိုပြီး မိမိလိုရာကို ဆုတောင်းပါ။

နက္ခတ်ဗေဒင်နှင့်လက္ခဏာပညာရှင်

ဆရာသိန်းထူး Ph-09259865571 Ph-09797751889

Be the first to comment

Leave a Reply

Your email address will not be published.


*