မစားရတဲ့ အမဲ သဲနဲ႕ပက္ျခင္း (သို႕) လူထု ရဲ႕တံေတြးခြက္ထဲ ကို မိုက္မဲစြာ ခုန္ဆင္းသြားတဲ႕ ထြန္းအိႏၵျာဗိုလ္

မစားရတဲ့ အမဲ သဲနဲ႕ပက္ျခင္း (သို႕) လူထု ရဲ႕တံေတြးခြက္ထဲ ကို မိုက္မဲစြာ ခုန္ဆင္းသြားတဲ႕ ထြန္းအိႏၵျာဗိုလ္

ဒီေန႕ည မွာ “ပယ္မဲျဖစ္ေအာင္ လုပ္ၾက” ဆိုတဲ့ စာသား နဲ႕ လူထု ရဲ႕ တံေတြးခြက္ ထဲ ကို မိုက္မဲစြာ ခုန္ဆင္းသြား သူကေတာ့ မခိုင္ေခၚ ထြန္းအိႏၵျာဗို ပါပဲ။

ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲ မွာ ဝန္းရံမႈမွန္ခဲ့ လို႔ သူမ ရဲ႕ အတိတ္ ကို ေမ့ေပ်ာက္ပစ္ၾကၿပိး လူထုက အခ်စ္ပို ခဲ့တယ္။ သူ႕ညီမလည္း အမတ္ျဖစ္ခဲ့တယ္။ အမတ္ျဖစ္ၿပီး မၾကာခင္ လမ္းခုလတ္မွာပဲ မိခင္ပါတီ နဲ႕ လမ္းခြဲခဲ့တယ္ ။

အခုေတာ့ သူ႕ညီမ လည္း စဥ္ၿပိဳင္ တစ္ပါတီ ေထာင္ၿပီး မဲဆြယ္ေနၿပီမို႔ သူ လည္း သူ႕ညီမ အတြက္ မဲရလိုရျငား မဲဆြယ္ တာပါပဲ။

ဒါေပမဲ့ ဆြယ္နည္း က အမွားႀကီးမွားေန တယ္။ ေ႐ြးေကာက္ပြဲ ဆိုင္ရာ ဥပေဒနဲ႕ ၾကည့္ရင္ ျပစ္မႈေျမာက္ပါတယ္။ ကြၽန္ေတာ္က သူ႕အႏုပညာကို ေလးစားတဲ့ ပရိသတ္တစ္ေယာက္ပါ။

ဒါေပမဲ့ သူ႕နိုင္ငံေရးခံယူခ်က္ ေျပာင္းျပန္ျဖစ္သြား ကိုေတာ့ သေဘာမက် ပါဘူး။

ဒီလုပ္ရပ္မ်ိဳးဟာ မစားရတဲ့ အမဲ သဲနဲ႕ပက္တာပါပဲ ။ သူ႕အႏုပညာ ကို ေန႕ခ်င္း ညခ်င္း ေျမာင္းထဲေရာက္ေအာင္ ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံလိုက္ တာပါပဲ။

သူမဟာ သူမ ေျပာသမွ် သူ႕ပရိသတ္ အားလုံး သူ႕ဖက္ကေန လိုက္ပါလာၾက လိမ့္မယ္လို႔ အေတြးမွားဟန္တူ ပါတယ္။ မပါနိုင္ပါဘူး။ သူအခု လို ေရးတင္ လိုက္တာဟာ သူ႕ညီမပါတီပါ ေျမာင္းထဲေရာက္ တဲ့ ကိန္းပါပဲ။

ဒီလို ခံယူခ်က္မ်ိဳး နဲ႕ လုပ္ရပ္မ်ိဳးဟာ အခုတေလာ ျမင္ေတြ႕ေနရတဲ့ နိုးဗုတ္သမား ေတာ္လွန္ေရးဇာတ္ပ်က္၊ နိုင္ငံေရး စားဖား၊ ဟိုအေရးဒီအေရး ကြၽမ္းက်င္သူ ေလ့လာသူအမည္ခံထားတဲ့ နိုင္ငံေရး အလဇၨီ ဒုသီလေတြ ရဲ႕ လုပ္ရပ္နဲ႕ အတူတူပါပဲ။

သူတို႔ဟာ သူတို႔ဝန္းရံ ခဲ့လို႔ ေဒၚေအာင္ဆန္းစုၾကည္ရယ္ လို႔ ျဖစ္လာတာလို႔ ထင္တစ္လုံးျဖစ္ေနၾက ရွာတယ္။ တကယ္ေတာ့ လူထုဟာ ေဒၚေအာင္ဆန္းစုၾကည္ လက္ခံက်င့္သုံးတည္ေဆာက္ေန တဲ့ အမွန္တရား ကို ေထာက္ခံေနၾကတာပါ။

ဒီအခ်က္ကို မျမင္နိုင္ေသး သမွ်ေတာ့ ျမန္မာ့နိုင္ငံေရးမွာ ကိုယ့္ေသတြင္း ကိုယ္တူးၿပီး ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံၾကမယ့္ နိုင္ငံေရး ဇာတ္ပ်က္ေတြ ကို စိတ္မေကာင္းစြာနဲ႕ပဲ ျမင္ေတြ႕ေနၾကရဦး မွာပါ။

မင္းဒင္

Unicode

ဒီနေ့ည မှာ “ပယ်မဲဖြစ်အောင် လုပ်ကြ” ဆိုတဲ့ စာသား နဲ့ လူထု ရဲ့ တံတွေးခွက် ထဲ ကို မိုက်မဲစွာ ခုန်ဆင်းသွား သူကတော့ မခိုင်ခေါ် ထွန်းအိန္ဒြာဗို ပါပဲ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ ဝန်းရံမှုမှန်ခဲ့ လို့ သူမ ရဲ့ အတိတ် ကို မေ့ပျောက်ပစ်ကြပြိး လူထုက အချစ်ပို ခဲ့တယ်။ သူ့ညီမလည်း အမတ်ဖြစ်ခဲ့တယ်။ အမတ်ဖြစ်ပြီး မကြာခင် လမ်းခုလတ်မှာပဲ မိခင်ပါတီ နဲ့ လမ်းခွဲခဲ့တယ် ။

အခုတော့ သူ့ညီမ လည်း စဉ်ပြိုင် တစ်ပါတီ ထောင်ပြီး မဲဆွယ်နေပြီမို့ သူ လည်း သူ့ညီမ အတွက် မဲရလိုရငြား မဲဆွယ် တာပါပဲ။

ဒါပေမဲ့ ဆွယ်နည်း က အမှားကြီးမှားနေ တယ်။ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေနဲ့ ကြည့်ရင် ပြစ်မှုမြောက်ပါတယ်။ ကျွန်တော်က သူ့အနုပညာကို လေးစားတဲ့ ပရိသတ်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့နိုင်ငံရေးခံယူချက် ပြောင်းပြန်ဖြစ်သွား ကိုတော့ သဘောမကျ ပါဘူး။

ဒီလုပ်ရပ်မျိုးဟာ မစားရတဲ့ အမဲ သဲနဲ့ပက်တာပါပဲ ။ သူ့အနုပညာ ကို နေ့ချင်း ညချင်း မြောင်းထဲရောက်အောင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလိုက် တာပါပဲ။

သူမဟာ သူမ ပြောသမျှ သူ့ပရိသတ် အားလုံး သူ့ဖက်ကနေ လိုက်ပါလာကြ လိမ့်မယ်လို့ အတွေးမှားဟန်တူ ပါတယ်။ မပါနိုင်ပါဘူး။ သူအခု လို ရေးတင် လိုက်တာဟာ သူ့ညီမပါတီပါ မြောင်းထဲရောက် တဲ့ ကိန်းပါပဲ။

ဒီလို ခံယူချက်မျိုး နဲ့ လုပ်ရပ်မျိုးဟာ အခုတလော မြင်တွေ့နေရတဲ့ နိုးဗုတ်သမား တော်လှန်ရေးဇာတ်ပျက်၊ နိုင်ငံရေး စားဖား၊ ဟိုအရေးဒီအရေး ကျွမ်းကျင်သူ လေ့လာသူအမည်ခံထားတဲ့ နိုင်ငံရေး အလဇ္ဇီ ဒုသီလတွေ ရဲ့ လုပ်ရပ်နဲ့ အတူတူပါပဲ။

သူတို့ဟာ သူတို့ဝန်းရံ ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ရယ် လို့ ဖြစ်လာတာလို့ ထင်တစ်လုံးဖြစ်နေကြ ရှာတယ်။ တကယ်တော့ လူထုဟာ ဒေါ်အောင်ဆန်းစုကြည် လက်ခံကျင့်သုံးတည်ဆောက်နေ တဲ့ အမှန်တရား ကို ထောက်ခံနေကြတာပါ။

ဒီအချက်ကို မမြင်နိုင်သေး သမျှတော့ မြန်မာ့နိုင်ငံရေးမှာ ကိုယ့်သေတွင်း ကိုယ်တူးပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံကြမယ့် နိုင်ငံရေး ဇာတ်ပျက်တွေ ကို စိတ်မကောင်းစွာနဲ့ပဲ မြင်တွေ့နေကြရဦး မှာပါ။

မင်းဒင်

Be the first to comment

Leave a Reply

Your email address will not be published.


*