” အာနာပါနနှင့်ကိုဗစ်ကိုအနိုင်ယူခဲ့သော မမြမြ”

” အာနာပါနနှင့်ကိုဗစ်ကိုအနိုင်ယူခဲ့သော မမြမြ”

Ashin Zaya Saitti မှ ရေးထားခြင်းဖြစ်သည်

မမြမြဆိုသောဒကာမကြီးသည်ဒူဘိုင်းတွင်အလုပ်လုပ်နေသောမြန်မာပြည်သားတစ်ဦးဖြစ်သည်။

ဒူဘိုင်းတွင်အလုပ်လုပ်နေရင်းcovid-19ကိုကူးစက်ခံရသည်။ကူးစက်ပုံမှာသူမငှားရမ်းနေသောအိမ်ရှင်လင်မယားထံမှဖြစ်သည်။

ထိုအိမ်ရှင်လင်မယားမှာ ရောဂါကူးစက်နေသည်ကိုမည်သူမျှမပြောဘဲ သူတို့ဘာသာကြိတ်ပြီးနေခဲ့သည်။

ထို့ကြောင့်သူမပါ တစ်ခါတည်းကူးစက်ခံရတော့ပေသည်။ စစဖြစ်ချင်မှာမိဘမရှိ ဆွေးမျိူးကမရှိနှင့်တော်တော်လေး အားငယ်စိတ်ဒုက္ခရောက်ခဲ့ရသည်။

ထို့အချိန်တွင်သူငယ်ချင်းဖြစ်သူ မသစ္စာ၏လမ်းညွှန်မှုဖြင့်အောင်လံဆရာတော်ဘုရားကြီး၏အာနာပါနတရားကိုအင်တာနက်ပေါ်မှဒေါင်းယူခဲ့သည်။

သူမမှာအောင်လံဆရာတော်ကြီး၏တရားစခန်းကိုလဲတစ်ကြိမ်မျှမဝင်ဖူး ခဲ့ပါ။ မဝင်ဖူးသော်လဲဆရာတော်ဘုရားကြီးပြောသည့်အတိုင်း တစ်သွေးမတိမ်လိုက်နာကျင့်ကြံခဲ့သည်။

သူမခံစားနေရသောရောဂါမှာလဲလည်အသက်ရှုရခက်သောရောဂါဖြစ်သည်။ဆရာတော်ကြီး၏အာနာပါနကမ္မဋ္ဌာန်းမှာလဲဝင်လေထွက်လေကိုအားစိုက်ပြီးရှုရသောကျင့်စဉ်ဖြစ်သောကြောင့်သူမ၏ရောဂါနှင့်တော်တော်လေးခက်ခက်ခဲခဲကျင့်ခဲ့ရသည်။

တစ်ခါမှသဲအင်းဂူတရားထိုင်ခြင်းမရှိသော်လဲသေရမည့်အရေးတွေးကြောက်ပြီးတရားကိုကြိုးကြိုးစားစားအားထုတ်ခဲ့သည်။

မိမိနှင့်လဲသိနေသည့်အတွက်လိုအပ်သောအရာများကိုလဲလမ်းညွှန်ပေးခဲ့ပါတယ်။အွန်လိုင်းတွင်တရားပြနေသောဦးကေသာဦးထံတွင်လဲ တရားစခန်းဝင်ခဲ့ပြီး မသုနန္ဒီပြသပေးသော လျောင်းကမ္မဋ္ဌာန်းကျင့်စဉ်ကိုလဲအောင်မြင်စွာ ကျင့်ကြံခဲ့ပါတယ်။

ထိုသို့ဘုရားတရားတို့ကိုကြိုးကြိုးစားစားအားထုတ်ခဲ့သည့်အတွက်ကိုဗစ်ရောဂါမှာလဲ လုံးဝကိုပျောက်ကင်းခဲ့ပါသည်။

ဒါဟာဘုရားတရားတို့၏အစွမ်းပင်ဖြစ်ပေသည်။လူသားတို့အားလုံးဟာ ရောဂါမဖြစ်သေးခင်တော့စိတ်ကိုပျော်ရွှင်စွာနေနိုင်သော်လဲ ရောဂါဖြစ်တယ်ဟုသိလိုက်သောအခါအားကိုးစရာ မှီခိုစရာတို့ကိုအားထားကြသည်။

ထိုအာကိုးစရာမှာအဖေလဲမဟုတ် အမေလဲမဟုတ်ဆွေးမျိူးလဲမဟုတ် ဘုရား၏တရားတော်များသာဖြစ်ပေသည်။

ဒီရောဂါကြီးနဲ့အကယ်သေခဲ့မယ်ဆိုလျှင်တရားနဲ့သာသေချင်သည့်အတွက်အမြတ်ဆုံးသောဓမ္မတရားကိုရှာဖွေနိုင်ခဲ့ပါသည်။

ထို့ကြောင့်တရားဓမ္မတို့ကိုကြိုးစား အားထုတ်နိုင်ကြပါစေ။ ဓမ္မ၏စွမ်းအားကြောင့်ကျန်းမာပျော်ရွှင်လျှက်လုပ်ငန်းခွင်သို့ပင်ပြန်လည်ဝင်ရောက် လုပ်ကိုင်နေပြီးဖြစ်သည်။

CREDIT A Hat

Be the first to comment

Leave a Reply

Your email address will not be published.


*