ဇွဲကပင်တောင်ပေါ်မှ တက္ကသိုလ်ကျောင်းသူ ရုပ်အလောင်းကို သယ်ဆောင်နိုင်ခဲ့ပါပြီ . . .

တက္ကသိုလ်ကျောင်းသူ ရုပ်အလောင်းကို ခက်ခဲစွာ သယ်ဆောင်နိုင်ခဲ့ပါပြီ

ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးသွားသည့် တက္ကသိုလ်ကျောင်းသူကို သေဆုံးလျက်တွေ့ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ပေါ်မှာ ဇွန် ၂၅ ရက်နေ့ ညနေ ပိုင်းက ပျောက်ဆုံးသွားတဲ့ တက္ကသိုလ် ကျောင်းသူ ၁ ဦးကို ဒီနေ့မနက် သေဆုံးလျက် ပြန်တွေ့ပြီလို့ ဘားအံမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး တင်ထွန်းအောင်က ပြောပါတယ်။

လက်ရှိမှာတော့ သေဆုံးသွားတဲ့ ကျောင်းသူရဲ့အလောင်းကို ပြန်လည်သယ်ဆောင်ရေး ဆောင်ရွက်နေတယ်လို့ ရဲမှူးက ဆိုပါတယ်။

ပျောက်ဆုံးခဲ့တဲ့ ကျောင်းသူဟာ ဇွန် ၂၅ ရက်နေ့ညနေပိုင်းက နေထိုင်ရာ အဆောင်ကနေ ဇွဲကပင်တောင်ပေါ် တက်ရောက်သွားပြီးနောက် ပျောက်ဆုံးခဲ့ပြီး ဒီနေ့မနက် ဇွဲကပင်တောင်ထိပ် ချောက်တခုအတွင်းမှာ သေဆုံးလျက် တွေ့ခဲ့တာပါ။

ဘားအံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးတို့နဲ့ ရှာဖွေကယ်ဆယ်ရာ ညနေ ၅ နာရီ ၅၀ အချိန် အမြင့်ပေ ၂၀၀၀ လောက်မှာ အမျိုးသမီးစီး ဖိနပ် ၁ ရံ တွေ့ရှိခဲ့ပြီး တောင်စောင်းတွေမှာ ဆက်လက်ရှာဖွေခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီနောက် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေ၊ မာဃလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တွေ၊ ပြည်နယ်မြေတိုင်းအဖွဲ့မှ Drone အဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး ဇွန် ၂၆ ရက် မနက် ၉ နာရီကစတင်ပြီး ဆက်လက်ရှာဖွေခဲ့ရာ ညနေ ၄ နာရီခွဲမှာ ပျောက်ဆုံးသူရဲ့ ဆိုင်ကယ်သော့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊

ဆက်လက်ရှာဖွေရာ ဒီနေ့မနက် ၁၀ နာရီကျော်လောက်မှာ သေဆုံးလျက် တွေ့ရှိခဲ့ပြီး သယ်ဆောင်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးခဲ့တဲ့ အမျိုးသမီးဟာ ဘားအံတက္ကသိုလ်မှာ ဂုဏ်ထူးတန်း ပထမနှစ် တက်ရောက်နေသူဖြစ်ပြီး ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိဈေးအနောက်ဘက်ရှိ အမျိုးသမီးဘော်ဒါဆောင်မှာ နေထိုင်တယ်လို့ သိရပါတယ်။

News – DVB TV News / Photo – Credit

ကရင္ျပည္နယ္၊ ဘားအံခ႐ိုင္၊ ဘားအံၿမိဳ႕နယ္၊ ဇြဲကပင္ေတာင္ေပၚမွာ ဇြန္ ၂၅ ရက္ေန႔ ညေန ပိုင္းက ေပ်ာက္ဆုံးသြားတဲ့ တကၠသိုလ္ ေက်ာင္းသူ ၁ ဦးကို ဒီေန႔မနက္ ေသဆုံးလ်က္ ျပန္ေတြ႕ၿပီလို႔ ဘားအံၿမိဳ႕နယ္ရဲတပ္ဖြဲ႕ ရဲမႉး တင္ထြန္းေအာင္က ေျပာပါတယ္။

လက္ရွိမွာေတာ့ ေသဆုံးသြားတဲ့ ေက်ာင္းသူရဲ႕အေလာင္းကို ျပန္လည္သယ္ေဆာင္ေရး ေဆာင္႐ြက္ေနတယ္လို႔ ရဲမႉးက ဆိုပါတယ္။

ေပ်ာက္ဆုံးခဲ့တဲ့ ေက်ာင္းသူဟာ ဇြန္ ၂၅ ရက္ေန႔ညေနပိုင္းက ေနထိုင္ရာ အေဆာင္ကေန ဇြဲကပင္ေတာင္ေပၚ တက္ေရာက္သြားၿပီးေနာက္ ေပ်ာက္ဆုံးခဲ့ၿပီး ဒီေန႔မနက္ ဇြဲကပင္ေတာင္ထိပ္ ေခ်ာက္တခုအတြင္းမွာ ေသဆုံးလ်က္ ေတြ႕ခဲ့တာပါ။

ဘားအံၿမိဳ႕နယ္မီးသတ္စခန္းမွ အုပ္ခ်ဳပ္မႈယာဥ္ ၁ စီး၊ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္ ၉ ဦးတို႔နဲ႔ ရွာေဖြကယ္ဆယ္ရာ ညေန ၅ နာရီ ၅၀ အခ်ိန္ အျမင့္ေပ ၂၀၀၀ ေလာက္မွာ အမ်ိဳးသမီးစီး ဖိနပ္ ၁ ရံ ေတြ႕ရွိခဲ့ၿပီး ေတာင္ေစာင္းေတြမွာ ဆက္လက္ရွာေဖြခဲ့တယ္လို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။

ဒီေနာက္ ဘားအံၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္ေတြ၊ မာဃလူမႈကယ္ဆယ္ေရးအဖြဲ႕မွ အဖြဲ႕ဝင္ေတြ၊ ျပည္နယ္ေျမတိုင္းအဖြဲ႕မွ Drone အဖြဲ႕ေတြနဲ႔ ျပည္သူေတြ ပူးေပါင္းၿပီး ဇြန္ ၂၆ ရက္ မနက္ ၉ နာရီကစတင္ၿပီး ဆက္လက္ရွာေဖြခဲ့ရာ ညေန ၄ နာရီခြဲမွာ ေပ်ာက္ဆုံးသူရဲ႕ ဆိုင္ကယ္ေသာ့ကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း၊ ဆက္လက္ရွာေဖြရာ ဒီေန႔မနက္ ၁၀ နာရီေက်ာ္ေလာက္မွာ ေသဆုံးလ်က္ ေတြ႕ရွိခဲ့ၿပီး သယ္ေဆာင္ေရးလုပ္ငန္းေတြ ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

ေပ်ာက္ဆုံးခဲ့တဲ့ အမ်ိဳးသမီးဟာ ဘားအံတကၠသိုလ္မွာ ဂုဏ္ထူးတန္း ပထမႏွစ္ တက္ေရာက္ေနသူျဖစ္ၿပီး ဘားအံၿမိဳ႕၊ အမွတ္(၆)ရပ္ကြက္၊ သီရိေဈးအေနာက္ဘက္ရွိ အမ်ိဳးသမီးေဘာ္ဒါေဆာင္မွာ ေနထိုင္တယ္လို႔ သိရပါတယ္။

News – DVB TV News / Photo – Credit