ကျောင်းသူမလေး အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေ တောင်အောက်ဆင်းပြီး သွားဆည်ယူနေတဲ့ (ရုပ်/သံ) . . .
ကျောင်းသူမလေးအလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေ တောင်အောက်ဆင်းပြီး သွားဆည်ယူနေတဲ့ Live (ရုပ်/သံ)
ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူမလေးအလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေ တောင်အောက်ဆင်းပြီး သွားဆည်ယူနေတဲ့ Live (ရုပ်/သံ)
ဖြစ်စဉ်က…………..
မနေ့ကရရှိလာသော ဆိုင်ကယ်သော့တွေ့ရှိသည့်နေရာသို့ သေချာတဲ့အဖြေတစ်ခုရဖို့အတွက် ယနေ့မနက် (၂၇.၆.၂၀၂၀) ဘားအံမြို့နယ်မီးသတ်တပ်ဖွဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မာဃလူမှုကယ်ဆယ်ရေးအဖွဲ့တို့ (၃) ဖွဲ့ဦးစီးပြီး တခြားသော အဖွဲ့များနှင့်ယနေ့ထပ်မံ ပူးပေါင်းရှာဖွေကြမှာဖြစ်ပါတယ်။
မနေ့ကအကူအညီတောင်းလို့ Drone အဖွဲ့တွေကလဲ ကူညီရှာဖွေဖို့ ရောက်ရှိလာကြပါပြီး။ သတင်းထူးများရှိခဲ့လျှင်..သိရှိတာနဲ့မှန်ကန်သောသတင်းများသာတင်ပြပေးပါမည်။
ပျောက်ဆုံးနေသောကောင်မလေး၏ဖြစ်စဉ်နှင့်ကူညီကယ်ဆယ်ရေးဖြစ်စဉ်အကျဉ်း (လူတွေကမသိတော့ သို့လောသို့လောထင်မြင်ယူဆချက်တွေမဖြစ်ကြဖို့ ဒီစာလေးဖတ်ပေးကြပါ)
အမည် – ဇာခြည်မြင့်မြတ် အသက် – ၂၀ ယခုနေထိုင်ဆဲလိပ်စာ-ဘားအံမြို့-အမှတ်(၆)ရပ်ကွက်၊ပြည်ထောင်စု ဘုရားကုန်းလမ်းအဆောင်။
ကြာသပတေးနေ့(၂၅.၆.၂၀၂၀) မေးမြန်းချက်များအရ အဆိုပါကောင်မလေးသည် ကြာသပတေးနေ့လည်တွင် သူငယ်ချင်းဖြစ်သူနဲ့မုန့်စားပြီးအပြန်တွင် ညေန ခန့်မှန်း ၃နာရီနောက်ပိုင်းတွင် ဇွဲကပင်တောင်ပေါ်သို့ တစ်ဦးထဲတောင်ပေါ်သို့တက်ရောက်သွားကြောင်းသိရှိရပါသည်။
ယခုလက်ရှိသူမနေထိုင်သောအဆောင်အိမ်ကလဲ အချိန်အတိုင်းအတာတစ်ခုထိ ပြန်မလာသေးတာကြောင့် စိတ်ပူကာဖုန်းဆက်သော်လည်းမရသဖြင့် လိုက်လံရှာဖွေခဲ့ကြပါတယ်။
ညပိုင်းရောက်တော့ တောင်ပေါ်တက်သွားကြောင်းသတင်းရရှိသည်နှင့် ညပိုင်းဇွဲကပင်တောင်ပေါ်တက်ဖို့ ကျွန်တော့်ကိုလဲအကူအညီတောင်းခဲ့ပါသည်။
ညတွင်းချင်းကျွန်တော်အပါအဝင် ကိုတိုးနှင့်လူမှုကူညီရေးအသင်းမာဃမှ တစ်ကိုယ်တော်နောင်နှင့် ရှိုင်းသူရ တို့နှင့် ၄ဦးအပါအဝင် ည ၁၂:၃၀ အချိန် ကူညီဖို့အတွက်သွားရောက်ပေးခဲ့ကြပါတယ်။
ရောက်တဲ့အချိန် ကညည့်နက်နေတော့ မနက်မှာ ဝိုင်းဝန်းကုညီဆောင်ရွက်ပေးဖို့ ဘားအံမီးသတ်တပ်ဖွဲ့ကို ည ၃နာရီလောက်သွားရောက်အကြောင်းကြားပေးခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်များကလဲ မနက် ၅နာရီ အလင်းရောင်စတင်ထွက်ရှိချိန်၌ အင်တိုက်အားတိုက် ရှာဖွေမှုပြုလုပ်ပေးခဲ့ပါတယ်။ သောကြာနေ့(၂၆.၆.၂၀၂၀) မီးသတ်တပ်ဖွဲ့များ သောကြာနေ့ မနက် ၅နာရီဝန်းကျင်မှစတင်၍ရှာဖွေမှုများပြုလုပ်ရာ .
တောင်ခြေတွင်ဆိုင်ကယ်နှင့် တောင်ပေါ်တွင်ချွတ်ထားခဲ့သောဖိနပ်ကိုသာတွေ့ရှိပြီး အခြားသောထူးခြားမှုများမတွေ့ရှိတာကြောင့် မွန်းလွဲ ၂:၃ဝခန့်တွင်တောင်ခြေသို့ပြန်ဆင်းလာခဲ့ကြပါတယ်ထိုစဉ်တောင်ပေါ်မှ ဆင်းလာသော ဒေသခံနှစ်ဦးထံမှ ဇွဲကပင်တောင် တောင်အစွန်းကျောက်ကြားအတွင်း ဆိုင်ကယ်သော့ကောက်ရထားလို့ အလှူခံဌာနမှာ လာအပ်ကြပါတယ်။
လာအပ်တဲ့သော့နဲ့ ပျောက်ဆုံးနေသောကောင်မလေးရဲ့ဆိုင်ကယ်ကို ဖွင့်ကြည့်တော့ဖွင့်လို့ရတာကြောင့် ဟုတ်မှန်ကြောင်းအတည်ပြုလိုက်ပါတယ်။
အဲ့ဒီညေနမွာပဲ သော့ရရှိတဲ့နေရာကိုအမှတ်အသားပြုပြီး စနေနေ့မနက်မှာ အဖွဲ့တွေအားလုံးပေါင်းပြီးပိုက်စိတ်တိုက်ရှာဖွေမှာဖြစ်ပါတယ်။
ကူညီရေးအဖွဲ့တွေအင်တိုက်အားတိုက်တကယ်ကိုရှာဖွေပေးကြပါတယ်။ကျေးဇူးလဲအများကြီးတင်ပါတယ်။ကျွန်တော်တို့လဲတတ်နိူင်တဲ့ဘက်ကနေပြီးတော့ကူညီပေးနေပါတယ်။
Crd to Original Writer
ဖြစ်စဉ်က…………..
Crd to Original Writer
Be the first to comment
Leave a Reply
Your email address will not be published.
*