ကိုဗစ္ကုသေပးတဲ႕ ဆရာ၀န္ေတြ အတြက္ အတိုင္ပင္ခံ ဂုဏ္ျပဳတဲ႕ခ်ီးျမွင့္ေငြ နဲ႕ အ လြန္ကုိ အံ့ျသစရာေကာင္း ပီး ရြံရွာစရ ာျဖစ္ရပ္ ….

ကိုဗစ္ကုသေပးတဲ႕ ဆရာ၀န္ေတြ အတြက္ အတိုင္ပင္ ခံ ဂုဏ္ျပဳ တဲ႕ခ်ီးျမွင့္ေငြ နဲ႕ အ လြန္ ကုိ အံ့ျသစရာေကာင္း ပီး ရြံရွာစ ရာျဖစ္ရပ္

ထိုက္ေသာ သူတုိ့ ရျက ပါေစ …..

ႏုိင္ငံေတာ္ အတုိင္ပင္ခံ ကေနပီး COVID-19 ေရာဂါကုိ ျပဳစုကုသေပးေန တဲ့ ဆရာ၀န္ေတြ ကုိ ေက်းဇူးတင္ရွိပီး ဂုဏ္ျပဳလုိေသာေျကာင့္ Special Allowance အျဖစ္ က်ပ္ေငြ ၅၀၀၀၀ ကုိ ခ်ီးျမွင့္ဖုိ့ စီစဥ္ေပးခဲ့ ပါတယ္။ ႏိုင္ငံေတာ္အေန နဲ့ တတ္ႏုိင္သေလာက္ ဂုဏ္ျပဳတဲ့ သေဘာပါ ။

အဲဒီေနာက္ေတာ့ ထံုးစံအတုိင္း သတင္းစံုျကား ရေတာ့တာ ပါပဲ။ အဆုိးရြားဆံုးက တကယ္ျပဳစုကုသေနရ တဲ့ ဆရာ၀န္ေတြ ပိုက္ဆံ မရတာပါ။

က်ေနာ္ နဲ့ေတာ့ တိုက္ရိုက္မဆုိင္ေပမယ့္ မိတ္ေဆြ သူငယ္ခ်င္းေတြအတြက္၊ မတရားတာဆုိ ျကည့္မေနတတ္တဲ့အတြက္ ဒီစာကုိ ေရးပါ တယ္။

တခ်ိဳ့နယ္ ေဆးရံုေလးေတြ မွာပါ အကုန္နီးပါးရျကေပမယ့္ တကယ့္ေရွ့တန္း က ကုေနရ တဲ့ ရန္ကုန္ျပည္သူ့ေဆးရံုျကီးက ေရွ့တန္းက တခ်ိဳ႕ဆရာ၀န္ေတြ၊

ေျမာက္ဥကၠလာေဆးရံုအပါအ၀င္ ေဆး ၂ ဘက္က တခ်ိဳ့ဆရာ၀န္ေတြ၊ မႏၱေလးေဆးရံုျကီး က တခ်ိဳ့ ဆရာ၀န္ေတြ ပိုက္ဆံမရဘူးဆုိပီး ေျပာျကတာေတြ ျကားေနရပါတယ္။

ဒါဟာ ပိုက္ဆံ ၅၀၀၀၀ ကို မက္လုိ့ ေျပာေနျကတာမဟုတ္ပါဘူး။ ႏုိင္ငံေတာ္ရဲ့ ဂုဏ္ျပဳမွဳကုိ ငါတုိ့ရရွိပါလား ဆုိတဲ့ ခံစားခ်က္ကုိ လိုခ်င္လို့ သူတို့ ေတာင္းဆုိျကတာပါ။ ဒီအခ်ိန္မွာ စာထုတ္တာ ေနာက္က်လုိ့၊ အမိန့္ထြက္တာက ေနာက္က်လို့ မေပးဘူး ဆုိတာေတြက မျဖစ္သင့္ ပါဘူး။

ဒီဆရာ၀န္ေတြက ရာထူးအမိန့္က မထြက္ေသးလုိ့ ငါတုိ့ COVID လူနာေတြကုိ မကုဘူးဆုိပီး ေရွာင္ေနျကတာ မဟုတ္ျက ပါဘူး။ မတ္လ၊ ဧျပီလ တလလံုး ျပည္သူေတြ Stay Home ေနေနတုန္း အသက္ကုိစြန့္ပီး ဒီေရာဂါဆုိးျကီးကုိ ေရွ့တန္းက ကုသေပးေနျကတဲ့သူေတြပါ။

ဒီလူေတြက မရဘူး ဆုိတာက အလြန္ကုိ အံ့ျသစရာေကာင္းပီး ရြံရွာစရာျဖစ္ေနပါတယ္။ တခ်ိဳ့ေဆးရံုေတြမွာက အသနားခံစာေရးတင္ရင္ ေပးတယ္လို့ သိရ ပါတယ္။ ပိုေတာင္ အံ့ျသစရာပါပဲ။

လက္ထဲမွာ ပိုက္ဆံရွိေန ရဲ့သားနဲ့ ေဆးရံုအုပ္ခ်ဳပ္ေရးပိုင္းက တမင္မေပးသလုိ ျဖစ္ေနပါတယ္။ ကုိယ့္ေဆးရံုမွာ ဆရာ၀န္ဘယ္ႏွေယာက္ရွိတယ္။ ဘယ္သူေတြက ဒီေရာဂါကုိ ေရွ့တန္းက ျပဳစုကုသေပးေန ရတယ္။ ဒါကို သူတို႔သိထားရပါမယ္။ အခုထိလဲ ကုေနရတုန္းပါ။

ေနာက္ပီး ဒီဆရာ၀န္ေတြကပဲ ေ၀ဘာဂီတုိ့ ေတာင္ဥကၠလာတုိ့ကိုပါ အလွည့္က် သြားကုေပးေနရ ပါေသး တယ္။ ဒီေလာက္ COVID ပိုးေတြ့လူနာေတြျကား PPE ေတြနဲ့ သက္စြန့္ဆံဖ်ားကုသေပးေနသူေတြကုိ မေပးဘူးဆုိရင္ေတာ့ အေတာ္လြဲမွားေနပါပီ။ သူတုိ့ထက္ ပိုရသင့္တာ ဘယ္သူေတြရွိေသးလို့လဲ။ ေနျပည္ေတာ္က ခ်ေပးလိုက္တဲ့ ပိုက္ဆံေတြက ဘယ္ေလာက္လဲ။

ဘယ္သူေတြကုိ ဘယ္လုိ Procedure န့ဲ ေပးလဲဆုိတာ ေမးခြန္းထုတ္စရာပါ။ ဒီပိုက္ဆံေတြက ႏုိင္ငံေတာ္ အစိုးရ နဲ့ ၀န္ျကီးဌာနကေန ျပည္သူ့ပိုက္ဆံနဲ့ ခ်ေပးလိုက္တာပါ။

ျပည္သူေတြရဲ့ အခြန္အခနဲ့ ရတဲ့ ေငြေတြျဖစ္ပါတယ္။ ျပည္သူေတြကလဲ သူတုိ့အတြက္ ေပးဆပ္ေနသူေတြ ကုိ ေက်းဇူးဆပ္ျကတဲ့ သေဘာပါပဲ။

ဒါေပမယ့္ တကယ္ကုသေနရ တဲ့ ေရွ့ဆံုးက လူေတြ မရဘူးဆုိ တာကေတာ့ လက္ခံႏုိင္စရာကုိ လံုး၀ မရွိပါဘူး။ ေသခ်ာ စာရင္းလုပ္ပီး ကုသေနသူေတြ ကုိ ဘာအသနားခံစာ မွ တင္စရာမလုိပဲ ေပးကုိ ေပးရမယ့္ ကိစၥျဖစ္ ပါတယ္ ။ ဒီျပသနာဟာ ေနျပည္ေတာ္က ျပသနာ မဟုတ္ပါဘူး ။ သက္ဆုိင္ရာ ေဆးရံုေတြ ရဲ့ အားနည္းခ်က္ေတြပါ ။

ဒီလို မေပးလုိ့လဲ သူတုိ့က မလုပ္ေတာ့ဘူး ဆုိပီး လူနာေတြကုိ ပစ္ထားျကမွာ မဟုတ္ ပါဘူး။ သူတုိ့အလုပ္ သူတုိ့ ဆက္လုပ္ေနမွာ ပါပဲ ။

ဒါေပမယ့္ နာက်င္ခံစားရမွဳက အတုိင္းအဆ မရွိပါဘူး။ သက္ဆုိင္ရာ ေဆးရံုေတြက အုပ္ခ်ဳပ္သူေတြ ကို ေျပာခ်င္တာက မကုုသရတဲ့ သူေတြကုိ မေပးတာ ကိစၥမရွိေပမယ့္ တကယ္ ေရွ့တန္းကေန လနဲ့ ခ်ီပီး ကုသေပးခဲ့ရ ၊ ကုသေပးေနဆဲ လူေတြကုိ ဒီလိုအခ်ိဳးမ်ိဳးလုပ္တာကေတာ့ လက္ခံႏုိင္စရာ မရွိဘူးလုိ့ ျပတ္ျပတ္ သားသားေျပာလုိက္ပါရေစ။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ရဲ့ စကားအတုိင္းေျပာရရင္ ခင္ဗ်ား တုိ့ ေ-ာက္က်င့္ေတြ ကုိ ျပင္ဖုိ့လုိေနပီ လုိ့ တခြန္းထဲေျပာ လိုက္ ပါမယ္ ။

Nay Thway

ကိုဗစ်ကုသပေးတဲ့ ဆရာဝန်တွေ အတွက် အတိုင်ပင် ခံ ဂုဏ်ပြု တဲ့ချီးမြှင့်ငွေ နဲ့ အ လွန် ကို အံ့သြစရာကောင်း ပီး ရွံရှာစ ရာဖြစ်ရပ်

ထိုက်သော သူတို့ ရကြ ပါစေ …..

နိုင်ငံတော် အတိုင်ပင်ခံ ကနေပီး COVID-19 ရောဂါကို ပြုစုကုသပေးနေ တဲ့ ဆရာဝန်တွေ ကို ကျေးဇူးတင်ရှိပီး ဂုဏ်ပြုလိုသောကြောင့် Special Allowance အဖြစ် ကျပ်ငွေ ၅၀၀၀၀ ကို ချီးမြှင့်ဖို့ စီစဉ်ပေးခဲ့ ပါတယ်။

နိုင်ငံတော်အနေ နဲ့ တတ်နိုင်သလောက် ဂုဏ်ပြုတဲ့ သဘောပါ ။ အဲဒီနောက်တော့ ထုံးစံအတိုင်း သတင်းစုံကြား ရတော့တာ ပါပဲ။

အဆိုးရွားဆုံးက တကယ်ပြုစုကုသနေရ တဲ့ ဆရာဝန်တွေ ပိုက်ဆံ မရတာပါ။ ကျနော် နဲ့တော့ တိုက်ရိုက်မဆိုင်ပေမယ့် မိတ်ဆွေ သူငယ်ချင်းတွေအတွက်၊ မတရားတာဆို ကြည့်မနေတတ်တဲ့အတွက် ဒီစာကို ရေးပါ တယ်။

တချို့နယ် ဆေးရုံလေးတွေ မှာပါ အကုန်နီးပါးရကြပေမယ့် တကယ့်ရှေ့တန်း က ကုနေရ တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ရှေ့တန်းက တချို့ဆရာဝန်တွေ၊ မြောက်ဥက္ကလာဆေးရုံအပါအဝင် ဆေး ၂ ဘက်က တချို့ဆရာဝန်တွေ၊

မန္တလေးဆေးရုံကြီး က တချို့ ဆရာဝန်တွေ ပိုက်ဆံမရဘူးဆိုပီး ပြောကြတာတွေ ကြားနေရပါတယ်။ ဒါဟာ ပိုက်ဆံ ၅၀၀၀၀ ကို မက်လို့ ပြောနေကြတာမဟုတ်ပါဘူး။

နိုင်ငံတော်ရဲ့ ဂုဏ်ပြုမှုကို ငါတို့ရရှိပါလား ဆိုတဲ့ ခံစားချက်ကို လိုချင်လို့ သူတို့ တောင်းဆိုကြတာပါ။

ဒီအချိန်မှာ စာထုတ်တာ နောက်ကျလို့၊ အမိန့်ထွက်တာက နောက်ကျလို့ မပေးဘူး ဆိုတာတွေက မဖြစ်သင့် ပါဘူး။

ဒီဆရာဝန်တွေက ရာထူးအမိန့်က မထွက်သေးလို့ ငါတို့ COVID လူနာတွေကို မကုဘူးဆိုပီး ရှောင်နေကြတာ မဟုတ်ကြ ပါဘူး။

မတ်လ၊ ဧပြီလ တလလုံး ပြည်သူတွေ Stay Home နေနေတုန်း အသက်ကိုစွန့်ပီး ဒီရောဂါဆိုးကြီးကို ရှေ့တန်းက ကုသပေးနေကြတဲ့သူတွေပါ။

ဒီလူတွေက မရဘူး ဆိုတာက အလွန်ကို အံ့သြစရာကောင်းပီး ရွံရှာစရာဖြစ်နေပါတယ်။ တချို့ဆေးရုံတွေမှာက အသနားခံစာရေးတင်ရင် ပေးတယ်လို့ သိရ ပါတယ်။ ပိုတောင် အံ့သြစရာပါပဲ။

လက်ထဲမှာ ပိုက်ဆံရှိနေ ရဲ့သားနဲ့ ဆေးရုံအုပ်ချုပ်ရေးပိုင်းက တမင်မပေးသလို ဖြစ်နေပါတယ်။ ကိုယ့်ဆေးရုံမှာ ဆရာဝန်ဘယ်နှယောက်ရှိတယ်။

ဘယ်သူတွေက ဒီရောဂါကို ရှေ့တန်းက ပြုစုကုသပေးနေ ရတယ်။ ဒါကို သူတို့သိထားရပါမယ်။ အခုထိလဲ ကုနေရတုန်းပါ။

နောက်ပီး ဒီဆရာဝန်တွေကပဲ ဝေဘာဂီတို့ တောင်ဥက္ကလာတို့ကိုပါ အလှည့်ကျ သွားကုပေးနေရ ပါသေး တယ်။

ဒီလောက် COVID ပိုးတွေ့လူနာတွေကြား PPE တွေနဲ့ သက်စွန့်ဆံဖျားကုသပေးနေသူတွေကို မပေးဘူးဆိုရင်တော့ အတော်လွဲမှားနေပါပီ။ သူတို့ထက် ပိုရသင့်တာ ဘယ်သူတွေရှိသေးလို့လဲ။ နေပြည်တော်က ချပေးလိုက်တဲ့ ပိုက်ဆံတွေက ဘယ်လောက်လဲ။

ဘယ်သူတွေကို ဘယ်လို Procedure နဲ့ ပေးလဲဆိုတာ မေးခွန်းထုတ်စရာပါ။ ဒီပိုက်ဆံတွေက နိုင်ငံတော် အစိုးရ နဲ့ ဝန်ကြီးဌာနကနေ ပြည်သူ့ပိုက်ဆံနဲ့ ချပေးလိုက်တာပါ။

ပြည်သူတွေရဲ့ အခွန်အခနဲ့ ရတဲ့ ငွေတွေဖြစ်ပါတယ်။ ပြည်သူတွေကလဲ သူတို့အတွက် ပေးဆပ်နေသူတွေ ကို ကျေးဇူးဆပ်ကြတဲ့ သဘောပါပဲ။

ဒါပေမယ့် တကယ်ကုသနေရ တဲ့ ရှေ့ဆုံးက လူတွေ မရဘူးဆို တာကတော့ လက်ခံနိုင်စရာကို လုံးဝ မရှိပါဘူး။

သေချာ စာရင်းလုပ်ပီး ကုသနေသူတွေ ကို ဘာအသနားခံစာ မှ တင်စရာမလိုပဲ ပေးကို ပေးရမယ့် ကိစ္စဖြစ် ပါတယ် ။

ဒီပြသနာဟာ နေပြည်တော်က ပြသနာ မဟုတ်ပါဘူး ။ သက်ဆိုင်ရာ ဆေးရုံတွေ ရဲ့ အားနည်းချက်တွေပါ ။

ဒီလို မပေးလို့လဲ သူတို့က မလုပ်တော့ဘူး ဆိုပီး လူနာတွေကို ပစ်ထားကြမှာ မဟုတ် ပါဘူး။ သူတို့အလုပ် သူတို့ ဆက်လုပ်နေမှာ ပါပဲ ။

ဒါပေမယ့် နာကျင်ခံစားရမှုက အတိုင်းအဆ မရှိပါဘူး။ သက်ဆိုင်ရာ ဆေးရုံတွေက အုပ်ချုပ်သူတွေ ကို ပြောချင်တာက မကုုသရတဲ့ သူတွေကို မပေးတာ ကိစ္စမရှိပေမယ့် တကယ် ရှေ့တန်းကနေ လနဲ့ ချီပီး ကုသပေးခဲ့ရ ၊

ကုသပေးနေဆဲ လူတွေကို ဒီလိုအချိုးမျိုးလုပ်တာကတော့ လက်ခံနိုင်စရာ မရှိဘူးလို့ ပြတ်ပြတ် သားသားပြောလိုက်ပါရစေ။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ စကားအတိုင်းပြောရရင် ခင်ဗျား တို့ ေ-ာက်ကျင့်တွေ ကို ပြင်ဖို့လိုနေပီ လို့ တခွန်းထဲပြော လိုက် ပါမယ် ။

Nay Thway

Be the first to comment

Leave a Reply

Your email address will not be published.


*