ဇြဲကပင္ေတာင္တက္ရင္းေပ်ာက္ေနတဲ့ေက်ာင္းသူေလး စီးလာတဲ့ ဆိုင္ကယ္ေသာ့ကိုေတြ႕ရွိ

ဇြဲကပင္ေတာင္တက္ရင္းေပ်ာက္ေနတဲ့ ေက်ာင္းသူကိုရွာ

ဇြဲကပင္ေတာင္ေပၚတက္ရင္း ေပ်ာက္ဆုံးသြားတဲ့ တကၠသိုလ္ေက်ာင္းသူတစ္ဦးကို မီးသတ္တပ္ဖြဲ႕က ရွာေဖြလ်က္ရွိတယ္လို႔ ကရင္ျပည္နယ္ ဘားအံခ႐ိုင္မီးသတ္ဦးစီးဌာနထံကေန သိရပါတယ္။

ဘားအံတကၠသိုလ္မွာ ပညာသင္ၾကားေနတဲ့ ပထမႏွစ္ေက်ာင္းသူတစ္ဦးဟာ မေန႔ညေနပိုင္းက သူေနထိုင္ရာအေဆာင္ကေနထြက္ခြာၿပီး ဇြဲကပင္ေတာင္ေပၚကိုတက္ေရာက္ရာကေန ေပ်ာက္ဆုံးသြားခဲ့တာပါ။

အဲ့ဒီေက်ာင္းသူဟာ မေန႔ညေနပိုင္းအခ်ိန္က ဇြဲကပင္ေတာင္အေနာက္ဘက္ေတာင္ေျခကို ဆိုင္ကယ္နဲ႔ေရာက္ရွိလာၿပီး ေတာင္ေပၚကိုတက္ေရာက္သြားခဲ့တယ္လို႔ ဘားအံခ႐ိုင္မီးသတ္ဦးစီးမႉး ဦးသန႔္ဇင္ဝင္းကဆိုပါတယ္။

ဒီကေန႔မနက္ပိုင္းမွာေတာ့ တကၠသိုလ္ေက်ာင္းသူရဲ႕မိခင္ျဖစ္သူကိုယ္တိုင္က ရဲစခန္းကိုလာေရာက္ၿပီး လူေပ်ာက္တိုင္းတန္းခ်က္ဖြင့္ခဲ့တာပါ။

မီးသတ္တပ္ဖြဲ႕ကေတာ့မနက္အေစာပိုင္းကေနစၿပီး ဒီကေန႔ညေနပိုင္းအထိ ဇြဲကပင္ေတာင္ထိပ္နဲ႔ ေတာင္တက္လမ္းေနရာတစ္ေလွ်ာက္မွာ ရွာေဖြမႈေတြလုပ္ေဆာင္ေနတယ္လို႔ ဘားအံခ႐ိုင္မီးသတ္ဦးစီးမႉး ဦးသန႔္ဇင္ဝင္းက ေျပာပါတယ္။

ဒါ့အျပင္ ေပ်ာက္ဆုံးေနတဲ့ တကၠသိုလ္ေက်ာင္းသူအတြက္ ရဲတပ္ဖြဲ႕က ေပ်ာက္ဆုံးသူသြားလာတတ္တဲ့ေနရာကို အျခားရဲစခန္းထံခ်ိတ္ဆက္ၿပီး စုံစမ္းရွာေဖြလ်က္ရွိတယ္လို႔ သိရပါတယ္။

အဲ့ဒီေက်ာင္းသူေလးကို မေန႔ညေနပိုင္းအခ်ိန္က ဇြဲကပင္ေတာင္ ထိပ္ေပၚမွာေတြ႕ေနရၿပီး ေနာက္ပိုင္းမွာျပန္လည္ဆင္းသြားတယ္လို႔ ဇြဲကပင္ေတာင္ေပၚ ဆရာေတာ္ထံကေန သိရပါတယ္။

ေနာက္ဆုံးရရွိထားတဲ့ သတင္းအရ ဒီကေန႔ ညေနပိုင္း ၃ နာရီခြဲအခ်ိန္ေလာက္မွာ ဇြဲကပင္ေတာင္ထိပ္ ေရာက္ခါနီးတစ္ေနရာမွာရွိတဲ့ ေခ်ာက္ကမ္းပါအစြန္းမွာ ေပ်ာက္ဆုံးသူရဲ႕ဆိုင္ကယ္ေသာ့ကို ေတြ႕ရွိရတယ္လို႔ မီးသတ္တပ္ဖြဲ႕ထံကေန သိရပါတယ္။

လက္ရွိမွာေတာ့မီးသတ္တပ္ဖြဲ႕ေတြက ေတာင္ေပၚကိုတက္ေရာက္ၿပီး ရွာေဖြမႈေတြကို ထပ္မံေဆာင္႐ြက္ေနပါတယ္။သတင္းနဲ႔ ဓာတ္ပုံ – ေစာေအာင္မင္းဦး 7day media

ယေန႔ ညေန ဇြဲကပင္ေတာင္ေျခ (ေတာ္ပုံ) ညေန ၄ နာရီ ၅၀

ေတာင္ေပၚတက္ရင္း ေပ်ာက္ဆုံးသြားတဲ့ ကေလးမ ကို ရွာေဖြေရးဟာ ဘာမွထူးျခားမႈ မရွိေသးပဲ ကေလးမေလး ေပ်ာက္ဆုံးသြားခ်ိန္ဟာ ၂၄ နာရီ ေက်ာ္သြားပါၿပီး….

ကေလးမေလး စီးလာတဲ့ ဆိုင္ကယ္ေသာ့ကို ကရင္ေမာင္ႏွမ နတ္နန္းအေပၚ ေဂ်ာက္ကပါး အေကြ႕ ေက်ာက္စြန္းမွာ ေတြ႕တယ္ လို႔ ဆိုပါတယ္….။ကရင္မီဒီယာ

unicode

ဇွဲကပင်တောင်တက်ရင်းပျောက်နေတဲ့ ကျောင်းသူကိုရှာ

ဇွဲကပင်တောင်ပေါ်တက်ရင်း ပျောက်ဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးကို မီးသတ်တပ်ဖွဲ့က ရှာဖွေလျက်ရှိတယ်လို့ ကရင်ပြည်နယ် ဘားအံခရိုင်မီးသတ်ဦးစီးဌာနထံကနေ သိရပါတယ်။

ဘားအံတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ပထမနှစ်ကျောင်းသူတစ်ဦးဟာ မနေ့ညနေပိုင်းက သူနေထိုင်ရာအဆောင်ကနေထွက်ခွာပြီး ဇွဲကပင်တောင်ပေါ်ကိုတက်ရောက်ရာကနေ ပျောက်ဆုံးသွားခဲ့တာပါ။

အဲ့ဒီကျောင်းသူဟာ မနေ့ညနေပိုင်းအချိန်က ဇွဲကပင်တောင်အနောက်ဘက်တောင်ခြေကို ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး တောင်ပေါ်ကိုတက်ရောက်သွားခဲ့တယ်လို့ ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းကဆိုပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ တက္ကသိုလ်ကျောင်းသူရဲ့မိခင်ဖြစ်သူကိုယ်တိုင်က ရဲစခန်းကိုလာရောက်ပြီး လူပျောက်တိုင်းတန်းချက်ဖွင့်ခဲ့တာပါ။

မီးသတ်တပ်ဖွဲ့ကတော့မနက်အစောပိုင်းကနေစပြီး ဒီကနေ့ညနေပိုင်းအထိ ဇွဲကပင်တောင်ထိပ်နဲ့ တောင်တက်လမ်းနေရာတစ်လျှောက်မှာ ရှာဖွေမှုတွေလုပ်ဆောင်နေတယ်လို့ ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက ပြောပါတယ်။

ဒါ့အပြင် ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူအတွက် ရဲတပ်ဖွဲ့က ပျောက်ဆုံးသူသွားလာတတ်တဲ့နေရာကို အခြားရဲစခန်းထံချိတ်ဆက်ပြီး စုံစမ်းရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီကျောင်းသူလေးကို မနေ့ညနေပိုင်းအချိန်က ဇွဲကပင်တောင် ထိပ်ပေါ်မှာတွေ့နေရပြီး နောက်ပိုင်းမှာပြန်လည်ဆင်းသွားတယ်လို့ ဇွဲကပင်တောင်ပေါ် ဆရာတော်ထံကနေ သိရပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းအရ ဒီကနေ့ ညနေပိုင်း ၃ နာရီခွဲအချိန်လောက်မှာ ဇွဲကပင်တောင်ထိပ် ရောက်ခါနီးတစ်နေရာမှာရှိတဲ့ ချောက်ကမ်းပါအစွန်းမှာ ပျောက်ဆုံးသူရဲ့ဆိုင်ကယ်သော့ကို တွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

လက်ရှိမှာတော့မီးသတ်တပ်ဖွဲ့တွေက တောင်ပေါ်ကိုတက်ရောက်ပြီး ရှာဖွေမှုတွေကို ထပ်မံဆောင်ရွက်နေပါတယ်။သတင်းနဲ့ ဓာတ်ပုံ – စောအောင်မင်းဦး

ယနေ့ ညနေ ဇွဲကပင်တောင်ခြေ (တော်ပုံ) ညနေ ၄ နာရီ ၅၀

တောင်ပေါ်တက်ရင်း ပျောက်ဆုံးသွားတဲ့ ကလေးမ ကို ရှာဖွေရေးဟာ ဘာမှထူးခြားမှု မရှိသေးပဲ ကလေးမလေး ပျောက်ဆုံးသွားချိန်ဟာ ၂၄ နာရီ ကျော်သွားပါပြီး….

ကလေးမလေး စီးလာတဲ့ ဆိုင်ကယ်သော့ကို ကရင်မောင်နှမ နတ်နန်းအပေါ် ဂျောက်ကပါး အကွေ့ ကျောက်စွန်းမှာ တွေ့တယ် လို့ ဆိုပါတယ်….။ကရင်မီဒီယာ

Be the first to comment

Leave a Reply

Your email address will not be published.


*