C ၀ v i d 1 9 ေရာဂါပိုးရွိ.မရွိ.က်မကိုအျမန္ဆုံးစစ္ေပးက်ပါ

case 38 အား ပင္စင္ လစာထုပ္ေပးခဲ့ေသာ ေငြကိုင္ဝန္ထမ္းပါ က်မထိေတြ႕ခဲ့ေသာ လူဦးေရေပါင္ (၃)ေထာင္ရိွသျဖင့္ ေရာဂါပိုးရိွ မရိွ က်မအား အျမန္ဆံုးစစ္ေပးက်ပါ

C ၀ v i d 1 9 ေရာဂါပိုးရွိ.မရွိ.က်မကိုအျမန္ဆုံးစစ္ေပးက်ပါ

က်မသည္C ၀ v i d 1 9 case 38 အား24.3.2020ေန႔တြင္ပင္စင္လစာထုပ္ေပးခဲ့ေသာေငြကိုင္ဝန္ထမ္းျဖစ္ပါသည္.

ပီးေနာက္31.3.2020 ေန႔တြင္ ရန္ကုန္ဘူတာႀကီးရွိ ျမန္မာ့မီးရထားဝန္ထမ္းေပါင္း.500 ခန္႔အားလစာမ်ားထုပ္ေပးခဲ့ပီး

1.4.2020ေန႔တြင္ ရန္ကုန္ၿမိဳ႕မွျပည္ၿမိဳ႕သို႔ထြက္ခြာ၍ ဘူတာစဥ္တေလ်ာက္ ပင္စင္စားမ်ားဝန္ထမ္းမ်ားအား လစာမ်ားထုပ္ေပးခဲ့ပါသည္ က်မထိေတြ႕ခဲ့ေသာ လူဦးေရေပါင္ (၃)ေထာင္ခန္႔ရွိပါသည္.

က်မသည္ ကိုယ္ပူျခင္း ဖ်ားနာျခင္း ေခ်ာင္းဆိုးျခင္းမ်ားလုံးဝမရွိဘဲ ယခုခ်ိန္ထိက်မ္းမာလ်က္ရွိပါသည္

သို႔ေသာ္ case 38 အား ပင္စင္လစာထုပ္ေပးခဲ့ပီး 21 ရက္ေျမာက္ေန႔ျဖစ္ေသာ မေန႔က14.4.2020 ေန႔တြင္ က်မအား C ၀ v i d 1 9 သံသယရွိလူနာသတ္မွတ္၍

ျမန္မာ့မီးရထား ေဆး႐ုံအင္းစိန္သို႔ေခၚယူထားရွိခဲ့ျခင္းေၾကာင့္ က်မႏွင့္ထိေတြ႕ခဲ့ေသာ သက္ႀကီးရြယ္အိုပင္စင္စားမ်ားအပါအဝင္ လူေပါင္းမ်ားစြာမွာ လြန္စြာစိုးရိမ္ထိတ္လန္႔လ်က္ရွိပါတယ္

အကယ္၍က်မတြင္ေရာဂါပိုးရွိေနပါက က်မႏွင့္ထိေတြ႕ခဲ့ေသာ လူေပါင္းမ်ားစြာသို႔ ကူးစက္ခံရပီး ၎တို႔မွတဆင့္ထပ္ဆင့္ထပ္ဆင ့္ကူးစက္မႈ႔မ်ားျဖစ္ခဲ့လ်င္ ျမန္မာျပည္ႀကီး၏ က်မ္းမာေရးအေျခအေနမွာ လုံးဝမေတြးရဲစရာျဖစ္ပါတယ္

အကယ္၍ က်မမွာေရာဂါပိုးမရွိခဲ့ပါလ်င္ သက္ႀကီးရြယ္အိုပင္စင္စားမ်ာ၏ စိုးရိမ္ေသာက ကင္းေဝးေစမွာျဖစ္ပါတယ္

ေရာဂါပိုးရွိခဲ့လ်င္လည္း အခ်ိန္မီကုသ.ထိန္းခ်ဳပ္နိုင္ရန္အတြက္ သက္ဆိုင္ရာက်မ္းမာေရးဌာနမွ တာဝန္ရွိသူမ်ားသိရွိနိုင္ပါရန္ တင္ျပရျခင္းျဖစ္ပါတယ္.

ယခုထက္ပိုမိုထိေရာက္ေသာနည္းလမ္းမ်ားရွိပါကလည္း ထပ္ဆင့္ေဆာင္ရြက္ေပးက်ပါရန္ႏွင့္ စာကိုဖတ္မိသူမ်ားမွလည္း ထပ္ဆင့္s h a r e ေပးက်ပါရန္ ေတာင္းဆိုလိုက္ပါတယ္

ခရက္ဒစ္ ေလးစားစြာျဖင့္ Aye Aye Lwin fb

Unicode

C ၀ v i d 1 9 ရောဂါပိုးရှိ.မရှိ.ကျမကိုအမြန်ဆုံးစစ်ပေးကျပါ

ကျမသည်C ၀ v i d 1 9 case 38 အား24.3.2020နေ့တွင်ပင်စင်လစာထုပ်ပေးခဲ့သောငွေကိုင်ဝန်ထမ်းဖြစ်ပါသည်.

ပီးနောက်31.3.2020 နေ့တွင် ရန်ကုန်ဘူတာကြီးရှိ မြန်မာ့မီးရထားဝန်ထမ်းပေါင်း.500 ခန့်အားလစာများထုပ်ပေးခဲ့ပီး

1.4.2020နေ့တွင် ရန်ကုန်မြို့မှပြည်မြို့သို့ထွက်ခွာ၍ ဘူတာစဉ်တလျောက် ပင်စင်စားများဝန်ထမ်းများအား လစာများထုပ်ပေးခဲ့ပါသည် ကျမထိတွေ့ခဲ့သော လူဦးရေပေါင် (၃)ထောင်ခန့်ရှိပါသည်.

ကျမသည် ကိုယ်ပူခြင်း ဖျားနာခြင်း ချောင်းဆိုးခြင်းများလုံးဝမရှိဘဲ ယခုချိန်ထိကျမ်းမာလျက်ရှိပါသည်

သို့သော် case 38 အား ပင်စင်လစာထုပ်ပေးခဲ့ပီး 21 ရက်မြောက်နေ့ဖြစ်သော မနေ့က14.4.2020 နေ့တွင် ကျမအား C ၀ v i d 1 9 သံသယရှိလူနာသတ်မှတ်၍

မြန်မာ့မီးရထား ဆေးရုံအင်းစိန်သို့ခေါ်ယူထားရှိခဲ့ခြင်းကြောင့် ကျမနှင့်ထိတွေ့ခဲ့သော သက်ကြီးရွယ်အိုပင်စင်စားများအပါအဝင် လူပေါင်းများစွာမှာ လွန်စွာစိုးရိမ်ထိတ်လန့်လျက်ရှိပါတယ်

အကယ်၍ကျမတွင်ရောဂါပိုးရှိနေပါက ကျမနှင့်ထိတွေ့ခဲ့သော လူပေါင်းများစွာသို့ ကူးစက်ခံရပီး ၎င်းတို့မှတဆင့်ထပ်ဆင့်ထပ်ဆင ့်ကူးစက်မှု့များဖြစ်ခဲ့လျင် မြန်မာပြည်ကြီး၏ ကျမ်းမာရေးအခြေအနေမှာ လုံးဝမတွေးရဲစရာဖြစ်ပါတယ်

အကယ်၍ ကျမမှာရောဂါပိုးမရှိခဲ့ပါလျင် သက်ကြီးရွယ်အိုပင်စင်စားမျာ၏ စိုးရိမ်သောက ကင်းဝေးစေမှာဖြစ်ပါတယ်

ရောဂါပိုးရှိခဲ့လျင်လည်း အချိန်မီကုသ.ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာကျမ်းမာရေးဌာနမှ တာဝန်ရှိသူများသိရှိနိုင်ပါရန် တင်ပြရခြင်းဖြစ်ပါတယ်.

ယခုထက်ပိုမိုထိရောက်သောနည်းလမ်းများရှိပါကလည်း ထပ်ဆင့်ဆောင်ရွက်ပေးကျပါရန်နှင့် စာကိုဖတ်မိသူများမှလည်း ထပ်ဆင့် s h a r e ပေးကျပါရန် တောင်းဆိုလိုက်ပါတယ်

ခရက်ဒစ် လေးစားစွာဖြင့် Aye Aye Lwin fb