ကိုဗစ်-၁၉ ကို မကြောက်ဖို့ ဟောပြောခဲ့သူ ခရစ်ယာန်ဂိုဏ်းအုပ်ဆရာတစ်ဦး၊ ကိုဗစ်ကြောင့် ကွယ်လွန်

ကိုဗစ်-၁၉ ကို မကြောက်ဖို့ ဟောပြောခဲ့သူ ခရစ်ယာန်ဂိုဏ်းအုပ်ဆရာတစ်ဦး၊ ကိုဗစ်ကြောင့် ကွယ်လွန်

တရားဟောဓမ္မဆရာတစ်ဦးဟာ တရားသဘင်တစ်ခုမှာ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး ပရိသတ်ကို မကြောက်ဖို့ ဟောပြောခဲ့ပါတယ်။ ကိုဗစ်-၁၉ဟာ ဘုရားသခင်နဲ့ ယှဉ်တဲ့အခါမှာ ပမွှားဖြစ်ကြောင်း၊ ကြောက်ဖို့ မလိုကြောင်း သူက နှိုင်းယှဉ်ဟောကြားခဲ့တာပါ။

ဂိုဏ်းအုပ်ဆရာရဲ့အမည်ကတော့ Gerald Glenn ဖြစ်ပြီး၊ အမေရိကန်၊ ဗာဂျီးနီယားပြည်နယ်၊ ရစ်ချ်မွန်မှာတည်ရှိတဲ့ New Evangelistic Church မှာ ဟောပြောခဲ့ပါတယ်။

Glenn က ” ဘုရားသခင်က ကိုဗစ်ထက် ကြီးမြတ်တော်မူတယ် “လို့ မြွက်ဟခဲ့တာပါ။ ဒါပေမယ့် နောက်ရက်အနည်းငယ်အကြာမှာ Glenn ဟာ နေမကောင်းထိုင်မသာ ဖြစ်တဲ့အတွက် ဆေးစစ်ချက် ခံယူခဲ့ရာ၊ ကိုဗစ်-၁၉ ကူးစက်ခံထားရပြီလို့ အဖြေထွက်ခဲ့ပါတယ်။

အဲဒီနောက် (၃)ရက်အကြာမှာပဲ Glenn တစ်ယောက် အသက်ရှုကြပ်ဝေဒနာနဲ့ ကွယ်လွန်သွားခဲ့တာပါ။Glenn ဟာ ပြည်နယ်အစိုးရက လူစုလူဝေးမလုပ်ဖို့ တားမြစ်ပိတ်ပင်ထားသော်လည်း ဘုရားကျောင်းဓမ္မသဘင်ကို ကျင်းပပေးခဲ့ပါတယ်။

ဗာဂျီးနီးယားပြည်နယ်အစိုးရဟာ လူ(၁၀)ယောက်ထက် ပိုပြီးစုဝေးရင် ဥပဒေအရ ဖမ်းဆီးထောင်ချမယ်လို့ တားဆီထားခဲ့ပြီး၊ အဲဒီအမိန့်ထွက်ပေါ်လို့ နောက်တစ်ရက်မှာပဲ Glenn က ဦးဆောင်ပြီး တရားပွဲစီစဉ်ခဲ့တာပါ။

ဖခင်ဖြစ်သူ ကိုဗစ်ကြောင့် သေဆုံးကြောင်းကို သမီးဖြစ်တဲ့ Mar-Gerie Crawley က အတည်ပြုခဲ့ပါတယ်။ သမီးဖြစ်တဲ့ Gerie ရဲ့အဆိုအရ ဖခင်ဟာ ဗိုင်းရပ်စင်ကူးစက်ခံရပြီးနောက်၊ အူမကြီးရောင်ရမ်းနာကဲ့သို့ ဗိုက်နာဗိုက်အောင့်ခြင်းကို ပြင်းထန်စွာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

သူမက WVTVR ရေဒီယိုသတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ-ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ယောက်အတွက် ဒီလို ပြင်းထန်အဖျားရောဂါကို ခံစားရတာဟာ ပုံမှန်မဟုတ်ကြောင်း ဆိုပါတယ်။ ဒီလိုနဲ့ သူမတို့ဟာ ဆေးရုံတာဝန်ရှိသူတွေထံ ဆက်သွယ်ခဲ့ပြီး၊ ပြီးခဲ့တဲ့ တနင်္ဂနွေမှာတော့ Glenn ဟာ Ventilator တပ်ဆင်ပြီး၊ အရေးပေါ်လူနာအဖြစ် ဆေးရုံမှာ တက်ရောက်ခဲ့ရပါတယ်။

Garie က ” ဒါမျိုးက ရှင်တို့မှာလည်း ဖြစ်လာနိုင်ပါတယ် … ကျွန်မမှာလည်း ဖြစ်လာနိုင်ပါတယ် “လို့ ပြောခဲ့ပါတယ်။သူမက ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သက်ဆိုင်ရာက ညွှန်ကြားချက်တွေကို အတိအကျလိုက်နာခြင်းက ကိုယ့်ကိုယ်ကို တကယ်ကာကွယ်စောင့်ရှောက်ရာ ရောက်ရုံမက မိသားစုနဲ့ တစ်ခြားလူတွေရဲ့အသက်ကိုပါ ကယ်ဆယ်ရာရောက်ကြောင်း၊ ရောဂါကပ်ဆိုးကြီး ကာလအတွင်းမှာ ကိုယ်တစ်ယောက် စည်းဖောက်လိုက်လို့ တစ်ခြားလူတွေ ဒုက္ခရောက်စေတာမျိုး မဖြစ်စေသင့်ကြောင်း အကြံပေးခဲ့တယ်လို့ သိရပါတယ်။

ဘာသာပြန်-လင်းဇော်ကို

တရားေဟာဓမၼဆရာတစ္ဦးဟာ တရားသဘင္တစ္ခုမွာ ကိုဗစ္-၁၉နဲ႔ပတ္သက္ၿပီး ပရိသတ္ကို မေၾကာက္ဖို႔ ေဟာေျပာခဲ့ပါတယ္။ ကိုဗစ္-၁၉ဟာ ဘုရားသခင္နဲ႔ ယွဥ္တဲ့အခါမွာ ပမႊားျဖစ္ေၾကာင္း၊ ေၾကာက္ဖို႔ မလိုေၾကာင္း သူက ႏႈိင္းယွဥ္ေဟာၾကားခဲ့တာပါ။

ဂိုဏ္းအုပ္ဆရာရဲ႕အမည္ကေတာ့ Gerald Glenn ျဖစ္ၿပီး၊ အေမရိကန္၊ ဗာဂ်ီးနီယားျပည္နယ္၊ ရစ္ခ်္မြန္မွာတည္ရွိတဲ့ New Evangelistic Church မွာ ေဟာေျပာခဲ့ပါတယ္။

Glenn က ” ဘုရားသခင္က ကိုဗစ္ထက္ ႀကီးျမတ္ေတာ္မူတယ္ “လို႔ ႁမြက္ဟခဲ့တာပါ။ ဒါေပမယ့္ ေနာက္ရက္အနည္းငယ္အၾကာမွာ Glenn ဟာ ေနမေကာင္းထိုင္မသာ ျဖစ္တဲ့အတြက္ ေဆးစစ္ခ်က္ ခံယူခဲ့ရာ၊ ကိုဗစ္-၁၉ ကူးစက္ခံထားရၿပီလို႔ အေျဖထြက္ခဲ့ပါတယ္။

အဲဒီေနာက္ (၃)ရက္အၾကာမွာပဲ Glenn တစ္ေယာက္ အသက္ရႈၾကပ္ေဝဒနာနဲ႔ ကြယ္လြန္သြားခဲ့တာပါ။Glenn ဟာ ျပည္နယ္အစိုးရက လူစုလူေဝးမလုပ္ဖို႔ တားျမစ္ပိတ္ပင္ထားေသာ္လည္း ဘုရားေက်ာင္းဓမၼသဘင္ကို က်င္းပေပးခဲ့ပါတယ္။

ဗာဂ်ီးနီးယားျပည္နယ္အစိုးရဟာ လူ(၁၀)ေယာက္ထက္ ပိုၿပီးစုေဝးရင္ ဥပေဒအရ ဖမ္းဆီးေထာင္ခ်မယ္လို႔ တားဆီထားခဲ့ၿပီး၊ အဲဒီအမိန႔္ထြက္ေပၚလို႔ ေနာက္တစ္ရက္မွာပဲ Glenn က ဦးေဆာင္ၿပီး တရားပြဲစီစဥ္ခဲ့တာပါ။

ဖခင္ျဖစ္သူ ကိုဗစ္ေၾကာင့္ ေသဆုံးေၾကာင္းကို သမီးျဖစ္တဲ့ Mar-Gerie Crawley က အတည္ျပဳခဲ့ပါတယ္။ သမီးျဖစ္တဲ့ Gerie ရဲ႕အဆိုအရ ဖခင္ဟာ ဗိုင္းရပ္စင္ကူးစက္ခံရၿပီးေနာက္၊ အူမႀကီးေရာင္ရမ္းနာကဲ့သို႔ ဗိုက္နာဗိုက္ေအာင့္ျခင္းကို ျပင္းထန္စြာ ခံစားခဲ့ရတယ္လို႔ ဆိုပါတယ္။

သူမက WVTVR ေရဒီယိုသတင္းဌာနနဲ႔ေတြ႕ဆုံစဥ္မွာ-ဂိုဏ္းအုပ္ဘုန္းေတာ္ႀကီးတစ္ေယာက္အတြက္ ဒီလို ျပင္းထန္အဖ်ားေရာဂါကို ခံစားရတာဟာ ပုံမွန္မဟုတ္ေၾကာင္း ဆိုပါတယ္။ ဒီလိုနဲ႔ သူမတို႔ဟာ ေဆး႐ုံတာဝန္ရွိသူေတြထံ ဆက္သြယ္ခဲ့ၿပီး၊ ၿပီးခဲ့တဲ့ တနဂၤေႏြမွာေတာ့ Glenn ဟာ Ventilator တပ္ဆင္ၿပီး၊ အေရးေပၚလူနာအျဖစ္ ေဆး႐ုံမွာ တက္ေရာက္ခဲ့ရပါတယ္။

Garie က ” ဒါမ်ိဳးက ရွင္တို႔မွာလည္း ျဖစ္လာႏိုင္ပါတယ္ … ကြၽန္မမွာလည္း ျဖစ္လာႏိုင္ပါတယ္ “လို႔ ေျပာခဲ့ပါတယ္။သူမက ဘယ္လိုလူမ်ိဳးပဲျဖစ္ျဖစ္ သက္ဆိုင္ရာက ၫႊန္ၾကားခ်က္ေတြကို အတိအက်လိုက္နာျခင္းက ကိုယ့္ကိုယ္ကို တကယ္ကာကြယ္ေစာင့္ေရွာက္ရာ ေရာက္႐ုံမက မိသားစုနဲ႔ တစ္ျခားလူေတြရဲ႕အသက္ကိုပါ ကယ္ဆယ္ရာေရာက္ေၾကာင္း၊ ေရာဂါကပ္ဆိုးႀကီး ကာလအတြင္းမွာ ကိုယ္တစ္ေယာက္ စည္းေဖာက္လိုက္လို႔ တစ္ျခားလူေတြ ဒုကၡေရာက္ေစတာမ်ိဳး မျဖစ္ေစသင့္ေၾကာင္း အႀကံေပးခဲ့တယ္လို႔ သိရပါတယ္။

ဘာသာျပန္-လင္းေဇာ္ကို