ဧပြီ ၁၅ နဲ့ ၂၀ ရက်တွေမှာ ….ရန်ကုန်က မြို့နယ်အချို့ အလှည့်ကျ မီးပျက်မည်

ဧပြီ ၁၅ နဲ့ ၂၀ ရက်တွေမှာ ရန်ကုန်က မြို့နယ်အချို့….. အလှည့်ကျ မီးပျက်မည်……

ပြည်သူတွေ အခက်မတွေ့အောင် ညသန်းခေါင် ၁၂နာရီခွဲကနေ ၃နာရီအထိသာ မီးဖြတ်တောက်မယ်လို့လည်း သိရပါတယ်…..

မီးပျက်မယ့် အချိန်တွေက ပြည်သူတွေ အိပ်ပျော်နေချိန် ညသန်းခေါင်ယံမှာ ၂နာရီခွဲလောက်သာ မီးပြတ်မှာ ဖြစ်ပါတယ်။

ဓာတ်အားပေးစနစ် တိုးမြှင့်နိုင်ဖို့ မဂ္ဂါဝပ် ၁၅၀ရှိတဲ့ အလုံဓာတ်အားပေးစက်ရုံကို တည်ဆောက်လျက်ရှိပြီး အခုအခါ ပြီးစီးတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံတော် ဓာတ်အားပေးစနစ်နဲ့ ချိတ်ဆက်နိုင်ရေး ဆောင်ရွက်ဖို့ ရှိနေပါတယ်…….

ချိတ်ဆက်နေချိန်မှာ မီးခဏ ပြတ်တောက်မှု ဖြစ်ပေါ်လာနိုင်ပြီး …အဆိုပါ မီးပျက်မှုကြောင့်လည်း ပြည်သူတွေ အခက်မတွေ့အောင် ညသန်းခေါင် ၁၂နာရီခွဲကနေ ၃နာရီအထိသာ မီးဖြတ်တောက်မယ်လို့လည်း သိရပါတယ်…

“ည၁၂ခွဲကနေမနက်၃နာရီထိပဲ မီးဖြတ်မှာပါ၊အဲ့အချိန်မှာ အလုံမှာရှိတဲ့ ဓာတ်အားပေးစက်ရုံဝင်မှာဆိုတော့ ဧရိယာ အတွင်းမီးပေးထားတဲ့မြို့နယ်အလိုက် ရပ်ကွက်တွေမှာတော့ အချိန်အနည်းငယ်လောက် မှောင်သွားမှာပါ။အများ ကြီးမသိသာပါဘူး။”လို့ YESCရဲ့ CEO ဦးအောင်ကျော်ဦးက Duwunကိုပြောပါတယ်။

မနက်ဖြန် သင်္ကြန် ဒုတိယအကြတ်နေ့(ဧပြီ ၁၅)မှာတော့ နံနက် ၀၀း၃၀ ကနေ နံနက် ၃း၀၀ နာရီအထိ မီးပျက်မယ့် မြို့နယ်တွေကတော့ ကမာရွတ်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့ ဖြစ်ပြီး မြို့နယ်ရှိ ရပ်ကွက်တိုင်းမဟုတ်ပဲ အချို့သာ မီးပျက် နိုင်တယ်လို့ သိရပါတယ်။

ထပ်မံပြီး ဧပြီ ၂၀ ရက်နေ့မှာလည်း နံနက် ၀၀း၃၀ ကနေ နံနက် ၃း၀၀ နာရီအထိ မီးပျက်မယ့် မြို့နယ်တွေကတော့ ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်တို့ဖြစ်ပြီး ရပ်ကွက် အချို့သာ မီးပျက်မှာလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ဧပြီလအတွင်း မဂ္ဂါဝပ် ၃၂၅၀ခန့် ထုတ်လုပ်ပေးလျက်ရှိတယ်လို့လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ယနေ့မှစ၍ ရန်ကုန်အပါအဝင် တစ်နိုင်ငံ …

ဓူဝံ