ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၇၀ ေဖၚထုတ္ေနၿပီး ၃ ခုကို လူသားမ်ားတြင္ စမ္းသပ္ေနေၾကာင္း WHO ေျပာ…

ေဆးဝါးထုတ္လုပ္သူမ်ားသည္ ကိုရိုနာဗိုင္ရပ္စ္ကို ကုသရန္ ေဆးမ်ားကို အလုအယက္ရွာေဖြေနၾကၿပီး ယခုအခါ ကမာၻတဝန္းတြင္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၇၀ ကိုေဖၚထုတ္ေနၿပီး ၎တို႔အနက္ ၃ ခုကို လူသားမ်ားတြင္ စမ္းသပ္ေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ၏ အဆိုအရ သိရသၫ္။

ကုသမႈလုပ္ငန္းစဥ္တြင္ ေရွ႕တန္းအေရာက္ဆုံးမွာ ေဟာင္ေကာင္စေတာ့အိတ္ခ်ိန္းစာရင္းဝင္ CanSino Biologics ႏွင့္ Beijing Institute of Biotechnology တို႔က ေဖၚထုတ္သည့္ စမ္းသပ္အဆင့္ ကာကြယ္ေဆးျဖစ္ၿပီး အဆင့္ ၂ သို႔ေရာက္ရွိေနၿပီျဖစ္သည္။

လူသားမ်ားတြင္ စမ္းသပ္ထားသည့္ အျခား ကာကြယ္ေဆး ၂ ခုမွာ အေမရိကန္ ေဆးဝါးထုတ္လုပ္သူမ်ားႏွင့္ Inovio Pharmaceuticals တို႔က သီးျခားစီ ေဖၚထုတ္ေနသည့္ ေဆးမ်ားျဖစ္ေၾကာင္း WHO ကေျပာသည္။

ကူးစက္ေရာဂါျဖစ္ပြားေစေသာအရာကို ထိန္းခ်ဳပ္သည့္ အစီအမံသက္သက္ျဖင့္ အလုပ္ျဖစ္မည့္ပုံမရဘဲျဖစ္ေနစဥ္အတြင္း ကာကြယ္ေဆးထုတ္လုပ္ျခင္းသည္ မႀကံဖူးေသာ အရွိန္အဟုန္ျဖင့္တိုးတက္ေနသည္။

ကာကြယ္ေဆးကို ေဈးကြက္အတြင္းသို႔ပိုေဆာင္ေပးရန္ ထုံးစံအားျဖင့္ ၁၀ မွ ၁၅ ႏွစ္အထိၾကာတတ္ေသာ္လည္း ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို လာမည့္ ႏွစ္အတြင္း ထုတ္လုပ္ႏိုင္မည္ဟု ေဆးဝါးလုပ္ငန္းမ်ားက ေမွ်ာ္လင့္ေနသည္။

ေဆးဝါးထုတ္လုပ္ေရးလုပ္ငန္း ႀကီးငယ္မ်ားသည္ ကို႐ိုနာဗိုင္းရပ္ကို အထိေရာက္ဆုံး ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ကာကြယ္ေဆးထုတ္လုပ္ေရး လုပ္ငန္းသို႔ ေျခစုံပစ္ဝင္ေရာက္လာၾကသည္။

Pfizer Inc. ႏွင့္ Sanofi တို႔ကဲ့သို႔ေသာေဆးဝါးလုပ္ငန္းႀကီးမ်ားသည္ ကာကြယ္ေဆးျဖစ္ႏိုင္ဖြယ္ရွိသည့္ ေဆးမ်ားကို ကုသမႈလုပ္ငန္းစဥ္ မတိုင္မီအဆင့္တြင္ စမ္းသပ္ေနေၾကာင္း WHO ၏ မွတ္တမ္းမ်ားအရ သိရသည္။

credit Teach News

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၇၀ ဖေါ်ထုတ်နေပြီး ၃ ခုကို လူသားများတွင် စမ်းသပ်နေကြောင်း WHO ပြော

ဆေးဝါးထုတ်လုပ်သူများသည် ကိုရိုနာဗိုင်ရပ်စ်ကို ကုသရန် ဆေးများကို အလုအယက်ရှာဖွေနေကြပြီး ယခုအခါ ကမ္ဘာတဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၇၀ ကိုဖေါ်ထုတ်နေပြီး ၎င်းတို့အနက် ၃ ခုကို လူသားများတွင် စမ်းသပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ သိရသည်။

ကုသမှုလုပ်ငန်းစဉ်တွင် ရှေ့တန်းအရောက်ဆုံးမှာ ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် CanSino Biologics နှင့် Beijing Institute of Biotechnology တို့က ဖေါ်ထုတ်သည့် စမ်းသပ်အဆင့် ကာကွယ်ဆေးဖြစ်ပြီး အဆင့် ၂ သို့ရောက်ရှိနေပြီဖြစ်သည်။

လူသားများတွင် စမ်းသပ်ထားသည့် အခြား ကာကွယ်ဆေး ၂ ခုမှာ အမေရိကန် ဆေးဝါးထုတ်လုပ်သူများနှင့် Inovio Pharmaceuticals တို့က သီးခြားစီ ဖေါ်ထုတ်နေသည့် ဆေးများဖြစ်ကြောင်း WHO ကပြောသည်။

ကူးစက်ရောဂါဖြစ်ပွားစေသောအရာကို ထိန်းချုပ်သည့် အစီအမံသက်သက်ဖြင့် အလုပ်ဖြစ်မည့်ပုံမရဘဲဖြစ်နေစဉ်အတွင်း ကာကွယ်ဆေးထုတ်လုပ်ခြင်းသည် မကြံဖူးသော အရှိန်အဟုန်ဖြင့်တိုးတက်နေသည်။

ကာကွယ်ဆေးကို ဈေးကွက်အတွင်းသို့ပိုဆောင်ပေးရန် ထုံးစံအားဖြင့် ၁၀ မှ ၁၅ နှစ်အထိကြာတတ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လာမည့် နှစ်အတွင်း ထုတ်လုပ်နိုင်မည်ဟု ဆေးဝါးလုပ်ငန်းများက မျှော်လင့်နေသည်။

ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ကြီးငယ်များသည် ကိုရိုနာဗိုင်းရပ်ကို အထိရောက်ဆုံး ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထုတ်လုပ်ရေး လုပ်ငန်းသို့ ခြေစုံပစ်ဝင်ရောက်လာကြသည်။

Pfizer Inc. နှင့် Sanofi တို့ကဲ့သို့သောဆေးဝါးလုပ်ငန်းကြီးများသည် ကာကွယ်ဆေးဖြစ်နိုင်ဖွယ်ရှိသည့် ဆေးများကို ကုသမှုလုပ်ငန်းစဉ် မတိုင်မီအဆင့်တွင် စမ်းသပ်နေကြောင်း WHO ၏ မှတ်တမ်းများအရ သိရသည်။

credit Teach News