သံဃာေတာ္ေတြကို ပုတ္ခတ္ေရးသားတဲ့ ဆရာဝန္ကို ေထာင္တစ္ႏွစ္ နဲ႔ကိုးလ အမိန႔္ခ် . . .

သံဃာေတာ္ေတြ ကို ပုတ္ခတ္ေရးသား တဲ့ ဆရာဝန္ ကို ေထာင္တစ္ႏွစ္ နဲ႔ကိုးလ အမိန႔္ခ်

အ င္တာနက္လူမႈကြန္ရက္မွာ သံဃာေတြကို ပုတ္ခတ္ေရးသားခဲ့တယ္ဆိုၿပီး မိတၳီလာၿမိဳ႕က ဆရာဝန္ ဦးေက်ာ္ဝင္းသန႔္ ကို မႏၲေလးၿမိဳ႕က ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံးက ဒီေန႔ ဇြန္ ၂ရက္ေန႔မွာ ေထာင္ဒဏ္ တစ္ႏွစ္နဲ႔ကိုးလ အမိန႔္ခ်လိုက္ပါတယ္။

ဒီအမႈအတြက္ သက္ေသ ငါးဦးကို စစ္ေဆးခဲ့ၿပီး ေန႔ခ်င္းၿပီး အမိန႔္ခ်လိုက္တာျဖစ္ပါတယ္။ ဦးေက်ာ္ဝင္းသန႔္ ဟာ သူ႔ရဲ႕ေဖ့စ္ဘြတ္မွာ မ်ိဳးဆက္ပြားအသိပညာေပး သင္ခန္းစာနဲ႔ ပတ္သက္လို႔ ေဝဖန္ေရးသားရာမွာ သံဃာေတြကို ႐ုန႔္ရင္းၾကမ္းတမ္းတဲ့ အသုံးအႏႈန္းေတြနဲ႔ ေရးသားေဖာ္ျပခဲ့တဲ့အတြက္

သာသနာညႇိဳးႏြမ္းေစမႈပုဒ္မျဖစ္တဲ့ ရာဇသတ္ႀကီးပုဒ္မ ၂၉၄ (ခ) နဲ႔ တရားစြဲဆိုတဲ့အျပင္ သူတစ္ပါးကိုးကြယ္တဲ့ ဘာသာေရးစိတ္ကို နာၾကည္းေစေအာင္ ေဆာင္႐ြက္မႈပုဒ္မျဖစ္တဲ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၉၅ – က တို႔နဲ႔ မႏၲေလးခ႐ိုင္သာသနာေရးဦးစီးမႉးက တရားလို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“စြဲခ်က္ႏွစ္ရပ္နဲ႔ တင္တဲ့အခါမွာ တရားခံက ေနာင္တရရွိၿပီးေတာ့ အျပစ္ရွိေၾကာင္းဝန္ခံခဲ့တဲ့အတြက္ ေန႔ခ်င္းၿပီး စီရင္ခ်က္ေရးသားၿပီး အမိန႔္ခ်ခဲ့တယ္ “လို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံးက တရား႐ုံးျပန္ၾကားေရးအရာရွိ ဦးေက်ာ္မ်ိဳးဝင္း က ေျပာပါတယ္။

ရာဇသတ္ႀကီးပုဒ္မ ၂၉၄ (ခ) အရ ေထာင္ဒဏ္ သုံးလခ်မွတ္ခဲ့ၿပီး ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၉၅-က အတြက္ကိုေတာ့ ေထာင္ဒဏ္ တစ္ႏွစ္နဲ႔ေျခာက္လ ခ်မွတ္ခဲ့တာပါ။

ဦးေက်ာ္ဝင္းသန႔္ဟာ လူမႈကြန္ယက္မွာ သူေရးလိုက္တဲ့ စာေတြအတြက္ ေမလ ၁၉ ရက္ေန႔က မိတၳီလာၿမိဳ႕ ေအာင္ေဇယ်ာရပ္ကြက္ ကိုးနဝင္းေက်ာင္းတိုက္မွာ မိဘေတြနဲ႔အတူ သံဃာေတြဆီ သြားေရာက္ဝန္ခ်ေတာင္းပန္ေနစဥ္မွာ ေဒါသထြက္ေနတဲ့ လူအုပ္ႀကီးက ေစာင့္ဆိုင္းေနခဲ့ၾကၿပီး အဲဒီေနရာမွာပဲ ႐ုတ္႐ုတ္သဲသဲျဖစ္ပြားခဲ့ပါတယ္။

ေလးစားမွုျဖင္႔ ခရစ္ဒက္ RFA

unicode version

သံဃာတော်တွေ ကို ပုတ်ခတ်ရေးသား တဲ့ ဆရာဝန် ကို ထောင်တစ်နှစ် နဲ့ကိုးလ အမိန့်ချ

အ င်တာနက်လူမှုကွန်ရက်မှာ သံဃာတွေကို ပုတ်ခတ်ရေးသားခဲ့တယ်ဆိုပြီး မိတ္ထီလာမြို့က ဆရာဝန် ဦးကျော်ဝင်းသန့် ကို မန္တလေးမြို့က ချမ်းအေးသာစံမြို့နယ် တရားရုံးက ဒီနေ့ ဇွန် ၂ရက်နေ့မှာ ထောင်ဒဏ် တစ်နှစ်နဲ့ကိုးလ အမိန့်ချလိုက်ပါတယ်။

ဒီအမှုအတွက် သက်သေ ငါးဦးကို စစ်ဆေးခဲ့ပြီး နေ့ချင်းပြီး အမိန့်ချလိုက်တာဖြစ်ပါတယ်။ ဦးကျော်ဝင်းသန့် ဟာ သူ့ရဲ့ဖေ့စ်ဘွတ်မှာ မျိုးဆက်ပွားအသိပညာပေး သင်ခန်းစာနဲ့ ပတ်သက်လို့ ဝေဖန်ရေးသားရာမှာ သံဃာတွေကို ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ရေးသားဖော်ပြခဲ့တဲ့အတွက်

သာသနာညှိုးနွမ်းစေမှုပုဒ်မဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၂၉၄ (ခ) နဲ့ တရားစွဲဆိုတဲ့အပြင် သူတစ်ပါးကိုးကွယ်တဲ့ ဘာသာရေးစိတ်ကို နာကြည်းစေအောင် ဆောင်ရွက်မှုပုဒ်မဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅ – က တို့နဲ့ မန္တလေးခရိုင်သာသနာရေးဦးစီးမှူးက တရားလို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“စွဲချက်နှစ်ရပ်နဲ့ တင်တဲ့အခါမှာ တရားခံက နောင်တရရှိပြီးတော့ အပြစ်ရှိကြောင်းဝန်ခံခဲ့တဲ့အတွက် နေ့ချင်းပြီး စီရင်ချက်ရေးသားပြီး အမိန့်ချခဲ့တယ် “လို့ ချမ်းအေးသာစံမြို့နယ်တရားရုံးက တရားရုံးပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်း က ပြောပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၂၉၄ (ခ) အရ ထောင်ဒဏ် သုံးလချမှတ်ခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က အတွက်ကိုတော့ ထောင်ဒဏ် တစ်နှစ်နဲ့ခြောက်လ ချမှတ်ခဲ့တာပါ။

ဦးကျော်ဝင်းသန့်ဟာ လူမှုကွန်ယက်မှာ သူရေးလိုက်တဲ့ စာတွေအတွက် မေလ ၁၉ ရက်နေ့က မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် ကိုးနဝင်းကျောင်းတိုက်မှာ မိဘတွေနဲ့အတူ သံဃာတွေဆီ သွားရောက်ဝန်ချတောင်းပန်နေစဉ်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက စောင့်ဆိုင်းနေခဲ့ကြပြီး အဲဒီနေရာမှာပဲ ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ပါတယ်။

လေးစားမှုဖြင့် ခရစ်ဒက် RFA