အမျိုးသမီးတစ်ဦးနှင့် ငြိစွန်းပြီး ကလေးတစ်ဦး ရှိထားသည်ဟု စွပ်စွဲမှုများနှင့် ပတ်သက်ပြီး မနောမယဆရာတော် ရှင်းလင်းမိန့်ကြား

အမျိုးသမီးတစ်ဦးနှင့် ငြိစွန်းပြီး ကလေးတစ်ဦးရှိထားသည်ဟု စွပ်စွဲမှုများ လူမှုကွန်ယက်တွင် ပျံ့နှံ့ နေမှုနှင့် ပတ်သက်ပြီး မနောမယဆရာတော်၏ ရှင်းလင်းမိန့်ကြားချက်များ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအုပ်စု၊ နှမ်းကြဲကျေးရွာ မနောမယကျောင်းတိုက် ဓမ္မကထိက ဆရာတော် ဦးနန္ဒိယသည် အမျိုးသမီးတစ်ဦးနှင့် ငြိစွန်းပြီး ကလေးတစ်ဦးရှိထားသည်ဟု စွပ်စွဲမှုများ လူမှုကွန်ယက် စာမျက်နှာတွင် ဓာတ်ပုံများ နှင့် အသံဖိုင်များ ပျံ့နှံ့လျှက်ရှိပါသည်။

အဆိုပါ ပျံ့နှံ့နေသော အသံဖိုင်ကို ဦးဇင်းတစ်ပါးမှ ဓမ္မကထိက ဆရာတော် ဦးနန္ဒိယ နှင့် ပတ်သက်သော အကြောင်းအရာအချို့ပြောဆိုကာ ဓမ္မကထိက ဆရာတော် ဦးနန္ဒိယ နှင့် အမျိုးသမီးနှစ်ဦး ဖုန်းပြောထားတဲ့ အသံဖိုင်များကို လူမှုကွန်ယက်တွင် တင်ပြထားခဲ့ကြောင်း တွေ့ရပါတယ်။

ဓမ္မကထိက ဆရာတော် ဦးနန္ဒိယ နှင့်ပတ်သက်သော အကြောင်းအရာများ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဆရာတော်အား တရားပွဲများ ပိတ်ထားသည်ဟုသော အကြောင်းများလည်း ပျံ့နှံ့နေခဲ့ပါတယ်။

အဆိုပါ ဖုန်းပြောဆိုခဲ့တဲ့ အသံဖိုင်တွင် ပြောဆိုမှုများနှင့် ပတ်သက်ပြီး အသံဖိုင်ထဲမှာ ပါတဲ့ အသံသည် ဆရာတော်ရဲ့ အသံများမှန်ကန်ကြောင်း ဆရာတော်ကိုယ်တိုင်က မိန့်ကြားခဲ့သော်လည်း အဆိုပါ အသံများ ဖုန်းပြောဆိုမှုများကို ဆရာတော် ဘာ့ကြောင့် ငြိမ်နေခဲ့ရတယ်ဆိုတဲ့ အကြောင်းကို အခုလို ရှင်းပြခဲ့ပါတယ်။

” ကောင်းပြီ ဒီအသံဖိုင်နဲ့ ပတ်သက်လို့ ဘုန်းဘုန်းတို့ ဘယ်လိုပြောလာမလဲဆိုတော့ ဒီအသံဖိုင်မှာ သူ့မအေက ဒါက ဦးဇင်းနဲ့ ရတဲ့ ဗိုက်နော်..။

ဦးဇင်းဝန်ခံလိုက်ပါ ဝန်ခံလိုက်ပါလို့ ပြောနေတဲ့ အချိန် သူ့သမီးကလည်း နောက်ကနေ ဆဲဆိုနေတဲ့ အချိန်မှာ ဘုန်းဘုန်းအနေနဲ့ အင်း အယ် အင်း အယ် နဲ့ ပဲ ဒီလိုသွားခဲ့တယ်။

ဒီအသံဖိုင် မန်မိုရီစတစ်ကို သာမာန်နားထောင်လိုက်ရင် လူတစ်ရာမှာ ၉၉ ယောက်သည် မနောမယ ဖြစ်နိုင်ခြေများတယ်။ သူ ဘာမှ ပြန်မပြောနိုင်ဘူးလို့ သတ်မှတ်ကြလိမ့်မယ်။

ကောင်းပြီ အဲ့လို တုန့်ပြန်ချင်တယ် ဆိုတော့ အဲ့ဒီအချိန်မှာ ဘုန်းဘုန်းသည် ကိုယ့်ကျောင်းကိုယ့်ကန် လွတ်လွတ်လပ်လပ် အနေအထားမှာမရှိဘူး။ အိမ်တစ်အိမ်မှာ ရောက်နေတယ်။

မန္တလေးမြို့မဟုတ်တဲ့ အခြားမြို့တစ်မြို့ အိမ်တစ်အိမ်မှာ ရောက်နေတယ်။ အဲ့ဒီအခါမှာ ဘုန်းဘုန်း ရောက်တဲ့ အတွက် မနောမယဆရာတော်ရောက်လို့ဆိုပြီးတော့ အိမ်နားနီးချင်း ပတ်ဝန်းကျင်တွေရော၊ ဒကာ ဒကာမတွေရော၊ တရားနာ ပရိသတ်တွေရော လာပြီးဖူးကြတယ်။

အဲ့ဒီအခါမှာ ဒီဖုန်းဝင်လာတဲ့ အခါ စဉ်စားကြည့်ပါ။ ခင်ဗျားသမီးကြီးတဲ့ ဗိုက်က ကျုပ်နဲ့မဟုတ်ဘူးလို့ ပြောဖို့ကို အခွင့်မသာခဲ့ဘူး။ နေရာထိုင်ခင်းအရ။

ကိုယ်မဟုတ်တိုင်း ရှင်းပြလိုက်ပါလားဆိုတော့ ခင်ဗျားသမီးဗိုက်က ကျုပ်နဲ့ ကြီးတာမဟုတ်ဘူးလို့ ပြောလိုက်ရင် အနားမှာရှိတဲ့ ဒကာ ဒကာမတွေ ဘယ်လို ခေါင်းထဲထည့်မလဲ။

ပြောချင်လျှက်နဲ့ ရှင်းချင်လျှက်နဲ့ ကျုပ်မှာ အခွင့်မသာခဲ့ဘူး” လို့ ဓမ္မကထိက ဆရာတော် ဦးနန္ဒိယ မှ အခုလို ရှင်းလင်း မိန့်ကြားခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းမီဒီယာများနှင့် သတင်းထောက်များ သိလိုသည့်အရာများနှင့် မရှင်းတာများရှိပါက မနောမယကျောင်းတိုက် ဓမ္မကထိက ဆရာတော် ဦးနန္ဒိယ အား ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်း မိန့်ကြားခဲ့ပါတယ်။ ဓမ္မကထိက ဆရာတော် ဦးနန္ဒိယ ဖုန်း – ( 09 448888827 )

စွပ်စွဲသူ အမျိုးသမီးမှ (၂၈.၁.၂၀၁၉) ရက်စွဲဖြင့် မန္တလေးတိုင်းဒေသကြီ ပုသိမ်ကြီးမြို့နယ် သံဃာ့နာယကအဖွဲ့ထံသို့ ဓမ္မကထိက ဆရာတော် ဦးနန္ဒိယအား သာသနာ့ဘောင်မှ ဘယ်ရှား ပေးတော်မူပါရန် တိုင်ကြားလျှောက်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဓမ္မကထိက ဆရာတော် ဦးနန္ဒိယအား ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့ထံ စောဒနာတင်သွင်းစွဲဆိုခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့က မြို့နယ် သံဃဝိနိစ္ဆယအဖွဲ့ ဖွဲပစည်းဆောင်ရွက်လျှက်ရှိပြီး

(၂၆.၂.၂၀၂၀) ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်း သံဃနာယက ဆရာတော်များစုံညီအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဆရာတော် ဦးနန္ဒိယက ရန်ကုန်တိုင်းဒေသကြီး အတွင်း တရားဟောခွင့် တောင်းခံလာပါက မြို့နယ် သံဃနာယကအဖွဲ့မှ တရားဟောခွင့်မပြုရေး တားမြစ်ရန် ရန်ကုန်တိုင်း သံဃာ့နာယက အဖွဲ့ မှ ရန်ကုန်တိုင်း မြို့နယ် သံဃာ့နာယကအဖွဲ့များအား စာအမှတ် ၃၆၇၀/နတက/(သာ- ထွေ) ၂၀၂၀ ရက်စွဲ ၂၀၂၀ မတ်လ (၃) ရက်နေ့ ရက်စွဲပါ လျှောက်ထားစာ ထုတ်ပြန်ထားကြောင်း တွေ့ရပါသည်။

ရိုက်ကူး-မျိုဆင့် #AlinnMyay(အလင်းမြေ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

အမ်ိဳးသမီးတစ္ဦးႏွင့္ ၿငိစြန္းၿပီး ကေလးတစ္ဦးရွိထားသည္ဟု စြပ္စြဲမႈမ်ား လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ့ ေနမႈႏွင့္ ပတ္သက္ၿပီး မေနာမယဆရာေတာ္၏ ရွင္းလင္းမိန႔္ၾကားခ်က္မ်ား

မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ႏွမ္းၾကဲေက်းရြာအုပ္စု၊ ႏွမ္းၾကဲေက်းရြာ မေနာမယေက်ာင္းတိုက္ ဓမၼကထိက ဆရာေတာ္ ဦးနႏၵိယသည္ အမ်ိဳးသမီးတစ္ဦးႏွင့္ ၿငိစြန္းၿပီး ကေလးတစ္ဦးရွိထားသည္ဟု စြပ္စြဲမႈမ်ား လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ဓာတ္ပုံမ်ား ႏွင့္ အသံဖိုင္မ်ား ပ်ံ႕ႏွံ့လၽွက္ရွိပါသည္။

အဆိုပါ ပ်ံ႕ႏွံ့ေနေသာ အသံဖိုင္ကို ဦးဇင္းတစ္ပါးမွ ဓမၼကထိက ဆရာေတာ္ ဦးနႏၵိယ ႏွင့္ ပတ္သက္ေသာ အေၾကာင္းအရာအခ်ိဳ႕ေျပာဆိုကာ ဓမၼကထိက ဆရာေတာ္ ဦးနႏၵိယ ႏွင့္ အမ်ိဳးသမီးႏွစ္ဦး ဖုန္းေျပာထားတဲ့ အသံဖိုင္မ်ားကို လူမႈကြန္ယက္တြင္ တင္ျပထားခဲ့ေၾကာင္း ေတြ႕ရပါတယ္။

ဓမၼကထိက ဆရာေတာ္ ဦးနႏၵိယ ႏွင့္ပတ္သက္ေသာ အေၾကာင္းအရာမ်ား လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ့ခဲ့ၿပီးေနာက္ ဆရာေတာ္အား တရားပြဲမ်ား ပိတ္ထားသည္ဟုေသာ အေၾကာင္းမ်ားလည္း ပ်ံ႕ႏွံ့ေနခဲ့ပါတယ္။

အဆိုပါ ဖုန္းေျပာဆိုခဲ့တဲ့ အသံဖိုင္တြင္ ေျပာဆိုမႈမ်ားႏွင့္ ပတ္သက္ၿပီး အသံဖိုင္ထဲမွာ ပါတဲ့ အသံသည္ ဆရာေတာ္ရဲ့ အသံမ်ားမွန္ကန္ေၾကာင္း ဆရာေတာ္ကိုယ္တိုင္က မိန႔္ၾကားခဲ့ေသာ္လည္း အဆိုပါ အသံမ်ား ဖုန္းေျပာဆိုမႈမ်ားကို ဆရာေတာ္ ဘာ့ေၾကာင့္ ၿငိမ္ေနခဲ့ရတယ္ဆိုတဲ့ အေၾကာင္းကို အခုလို ရွင္းျပခဲ့ပါတယ္။

” ေကာင္းၿပီ ဒီအသံဖိုင္နဲ႔ ပတ္သက္လို႔ ဘုန္းဘုန္းတို႔ ဘယ္လိုေျပာလာမလဲဆိုေတာ့ ဒီအသံဖိုင္မွာ သူ႔မေအက ဒါက ဦးဇင္းနဲ႔ ရတဲ့ ဗိုက္ေနာ္..။

ဦးဇင္းဝန္ခံလိုက္ပါ ဝန္ခံလိုက္ပါလို႔ ေျပာေနတဲ့ အခ်ိန္ သူ႔သမီးကလည္း ေနာက္ကေန ဆဲဆိုေနတဲ့ အခ်ိန္မွာ ဘုန္းဘုန္းအေနနဲ႔ အင္း အယ္ အင္း အယ္ နဲ႔ ပဲ ဒီလိုသြားခဲ့တယ္။

ဒီအသံဖိုင္ မန္မိုရီစတစ္ကို သာမာန္နားေထာင္လိုက္ရင္ လူတစ္ရာမွာ ၉၉ ေယာက္သည္ မေနာမယ ျဖစ္နိုင္ေျခမ်ားတယ္။ သူ ဘာမွ ျပန္မေျပာနိုင္ဘူးလို႔ သတ္မွတ္ၾကလိမ့္မယ္။

ေကာင္းၿပီ အဲ့လို တုန႔္ျပန္ခ်င္တယ္ ဆိုေတာ့ အဲ့ဒီအခ်ိန္မွာ ဘုန္းဘုန္းသည္ ကိုယ့္ေက်ာင္းကိုယ့္ကန္ လြတ္လြတ္လပ္လပ္ အေနအထားမွာမရွိဘူး။ အိမ္တစ္အိမ္မွာ ေရာက္ေနတယ္။

မႏၲေလးၿမိဳ႕မဟုတ္တဲ့ အျခားၿမိဳ႕တစ္ၿမိဳ႕ အိမ္တစ္အိမ္မွာ ေရာက္ေနတယ္။ အဲ့ဒီအခါမွာ ဘုန္းဘုန္း ေရာက္တဲ့ အတြက္ မေနာမယဆရာေတာ္ေရာက္လို႔ဆိုၿပီးေတာ့ အိမ္နားနီးခ်င္း ပတ္ဝန္းက်င္ေတြေရာ၊ ဒကာ ဒကာမေတြေရာ၊ တရားနာ ပရိသတ္ေတြေရာ လာၿပီးဖူးၾကတယ္။

အဲ့ဒီအခါမွာ ဒီဖုန္းဝင္လာတဲ့ အခါ စဥ္စားၾကည့္ပါ။ ခင္ဗ်ားသမီးႀကီးတဲ့ ဗိုက္က က်ဳပ္နဲ႔မဟုတ္ဘူးလို႔ ေျပာဖို႔ကို အခြင့္မသာခဲ့ဘူး။ ေနရာထိုင္ခင္းအရ။

ကိုယ္မဟုတ္တိုင္း ရွင္းျပလိုက္ပါလားဆိုေတာ့ ခင္ဗ်ားသမီးဗိုက္က က်ဳပ္နဲ႔ ႀကီးတာမဟုတ္ဘူးလို႔ ေျပာလိုက္ရင္ အနားမွာရွိတဲ့ ဒကာ ဒကာမေတြ ဘယ္လို ေခါင္းထဲထည့္မလဲ။

ေျပာခ်င္လၽွက္နဲ႔ ရွင္းခ်င္လၽွက္နဲ႔ က်ဳပ္မွာ အခြင့္မသာခဲ့ဘူး” လို႔ ဓမၼကထိက ဆရာေတာ္ ဦးနႏၵိယ မွ အခုလို ရွင္းလင္း မိန႔္ၾကားခဲ့ပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး သတင္းမီဒီယာမ်ားႏွင့္ သတင္းေထာက္မ်ား သိလိုသည့္အရာမ်ားႏွင့္ မရွင္းတာမ်ားရွိပါက မေနာမယေက်ာင္းတိုက္ ဓမၼကထိက ဆရာေတာ္ ဦးနႏၵိယ အား ဆက္သြယ္ ေမးျမန္းနိုင္ေၾကာင္းကိုလည္း မိန႔္ၾကားခဲ့ပါတယ္။ ဓမၼကထိက ဆရာေတာ္ ဦးနႏၵိယ ဖုန္း – ( 09 448888827 )

စြပ္စြဲသူ အမ်ိဳးသမီးမွ (၂၈.၁.၂၀၁၉) ရက္စြဲျဖင့္ မႏၲေလးတိုင္းေဒသႀကီ ပုသိမ္ႀကီးၿမိဳ႕နယ္ သံဃာ့နာယကအဖြဲ႕ထံသို႔ ဓမၼကထိက ဆရာေတာ္ ဦးနႏၵိယအား သာသနာ့ေဘာင္မွ ဘယ္ရွား ေပးေတာ္မူပါရန္ တိုင္ၾကားေလၽွာက္ထားခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။

ဓမၼကထိက ဆရာေတာ္ ဦးနႏၵိယအား ပုသိမ္ႀကီးၿမိဳ႕နယ္ သံဃနာယကအဖြဲ႕ထံ ေစာဒနာတင္သြင္းစြဲဆိုခဲ့ရာ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕က ၿမိဳ႕နယ္ သံဃဝိနိစၧယအဖြဲ႕ ဖြဲပစည္းေဆာင္ရြက္လၽွက္ရွိၿပီး

(၂၆.၂.၂၀၂၀) ရက္ေန႔တြင္ က်င္းပေသာ ရန္ကုန္တိုင္း သံဃနာယက ဆရာေတာ္မ်ားစုံညီအစည္းအေဝးဆုံးျဖတ္ခ်က္ျဖင့္ ဆရာေတာ္ ဦးနႏၵိယက ရန္ကုန္တိုင္းေဒသႀကီး အတြင္း တရားေဟာခြင့္ ေတာင္းခံလာပါက ၿမိဳ႕နယ္ သံဃနာယကအဖြဲ႕မွ တရားေဟာခြင့္မျပဳေရး တားျမစ္ရန္ ရန္ကုန္တိုင္း သံဃာ့နာယက အဖြဲ႕ မွ ရန္ကုန္တိုင္း ၿမိဳ႕နယ္ သံဃာ့နာယကအဖြဲ႕မ်ားအား စာအမွတ္ ၃၆၇၀/နတက/(သာ- ေထြ) ၂၀၂၀ ရက္စြဲ ၂၀၂၀ မတ္လ (၃) ရက္ေန႔ ရက္စြဲပါ ေလၽွာက္ထားစာ ထုတ္ျပန္ထားေၾကာင္း ေတြ႕ရပါသည္။

ရိုက္ကူး-မ်ိဳဆင့္ #AlinnMyay(အလင္းေျမ)

#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

 

Be the first to comment

Leave a Reply

Your email address will not be published.


*