ကမၻာ့လူဦးေရရဲ့(၆၀)%အထိ ဝူဟန္ဗိုင္းရပ္စ္ ကူးစက္နိုင္ၿပီး (၄၅)သန္းအထိ ေသဆုံးနိုင္….

ကမၻာ့လူဦးေရရဲ့(၆၀)%အထိ ဝူဟန္ဗိုင္းရပ္စ္ ကူးစက္နိုင္ၿပီး (၄၅)သန္းအထိ ေသဆုံးနိုင္ဟုသိရ…..

ကမၻာတစ္ဝွမ္းလုံးကို ေျခာက္လွန႔္ေနတဲ့ ဝူဟန္ဗိုင္းရပ္စ္အေရး စိတ္မေအးရေသးခင္မွာ နိုက္ဂ်ီးရီးယားမွာ ေနာက္ထပ္ ထူးဆန္းတဲ့ ျပင္းထန္အဖ်ားေရာဂါတစ္မ်ိဳး ေပၚလာၿပီမို႔ အေတာ္ေလး ရတက္မေအးဖြယ္ရာပါဘဲ။

နိုက္ဂ်ီးရီးယားမွာေတာ့ ျပင္းထန္အဖ်ားက လူ(၁၀၀)ေက်ာ္ ကူးစက္ခံထားရၿပီး၊ (၁၅)ဦး ေသဆုံးခဲ့ပါၿပီ။

အခုလည္း ကၽြမ္းက်င္ပညာရွင္ေတြရဲ့ ခန႔္မွန္းတြက္ခ်က္မႈအရ ဝူဟန္ဗိုင္းရပ္စ္ ကူးစက္ခံရသူဟာ တစ္ကမၻာလုံးအတိုင္းအတာနဲ႔ဆို လူဦးေရ(၆၀)%အထိ ကူးစက္ခံရနိုင္ေခ်ရွိေၾကာင္း၊ ဒီေရာဂါဆိုးေၾကာင့္ ေသဆုံးသူမွာ (၄၅)သန္းအထိ ရွိနိုင္ေၾကာင္း သတိေပးလိုက္ပါတယ္။

သူတို႔ရဲ့တြက္ခ်က္မႈအရ လူတစ္ေယာက္ ဝူဟန္ဗိုင္းရပ္စ္ ကူးစက္ခံရၿပီဆိုရင္ အနည္းဆုံး (၂.၅)ေယာက္အထိ ကူးစက္နိုင္ေျခရွိတာေၾကာင့္၊ အခုဆိုရင္ တခ်ိဳ႕သတင္းေတြရ ကူးစက္ခံရသူမွာ သိန္းဂဏန္းေလာက္အထိ ရွိလာေနၿပီမို႔၊ ဒါဟာ ေပါ့ေသးေသး ကိစၥမဟုတ္ေတာ့ပါဘူးတဲ့။

ေဟာင္ေကာင္တကၠသိုလ္၊ အမ်ားျပည္သူက်န္းမာေရးေဆးဝါးဆိုင္ရာ အဖြဲ႕အစည္းမွ ပါေမာကၡ Gabriel Leung က တ႐ုတ္ကိုမသြားဘဲ ေရာဂါကူးစက္ခံရသူပမာဏဟာ နည္းပါးနိုင္ေသာ္လည္း၊ ေရာဂါကူးစက္ခံရတဲ့ဦးေရ ပိုမိုမ်ားျပားလာျခင္းက အလြန္စိုးရိမ္စရာ ေကာင္းေနၿပီလို႔ သတိေပးခဲ့တာပါ။

WHO ကလည္း ဝူဟန္ဗိုင္းရပ္စ္အေရးနဲ႔ပတ္သက္ၿပီး “သင္တို႔စိတ္ထဲမွာ ဘယ္လိုမွ ထင္မွတ္မထားတဲ့ အဆိုးဝါးဆုံးရန္သူ “လို႔ သမုတ္ခဲ့ပါတယ္။

ဘယ္ေလာက္အထိ ဆိုးသလဲဆိုရင္ အၾကမ္းဖက္သမားေတြထက္ေတာင္ ပိုေၾကာက္ဖို႔ ေကာင္းေနၿပီမို႔၊ “နံပတ္(၁)ရန္သူ “လို႔ ေခၚခဲ့ပါတယ္။WHO ေနာက္ဆုံးထုတ္ျပန္တဲ့စာရင္းမွာေတာ့ လူ (၄၄၆၀၀)အထိ ကူးစက္ခံထားရၿပီး၊ လူေပါင္း (၁၁၀၀)ဦးအထိ ေသဆုံးခဲ့ၿပီးၿပီလို႔ သိရပါတယ္။

တခ်ိဳ႕ကေတာ့ အပူခ်ိန္ျမင့္တဲ့ရာသီမွာ ဒီဗိုင္းရပ္စ္ ေပ်ာက္ကြယ္နိုင္ေၾကာင္း ေျပာခဲ့ေပမယ့္ ေဒါက္တာ Tedros Adhanom Ghebreyesus ကေတာ့-ဒီေရာဂါဟာ ထင္ထားတာထက္ ပိုၾကာနိုင္ၿပီး ကာကြယ္နိုင္မယ့္ေဆး မေပၚေသးမီ၊ ေနာက္ထပ္ (၁၈)လေလာက္အထိ ၾကာျမင့္နိုင္တယ္လို႔ ဆိုပါတယ္။

တကယ္လို႔ ကာကြယ္ေဆး၊ သို႔မဟုတ္ ထိေရာက္တဲ့ကုထုံး ကာလတိုအတြင္းမွာ ေအာင္ျမင္စြာ ေပၚလာခဲ့ရင္ေတာ့ အေသအေပ်ာက္ နည္းနိုင္ပါတယ္တဲ့။ ။

လင္းေဇာ္ကို (D Nae Khit)

Unicode

ကမ္ဘာ့လူဦးရေရဲ့(၆၀)%အထိ ဝူဟန်ဗိုင်းရပ်စ် ကူးစက်နိုင်ပြီး (၄၅)သန်းအထိ သေဆုံးနိုင်ဟုသိရ

ကမ္ဘာတစ်ဝှမ်းလုံးကို ခြောက်လှန့်နေတဲ့ ဝူဟန်ဗိုင်းရပ်စ်အရေး စိတ်မအေးရသေးခင်မှာ နိုက်ဂျီးရီးယားမှာ နောက်ထပ် ထူးဆန်းတဲ့ ပြင်းထန်အဖျားရောဂါတစ်မျိုး ပေါ်လာပြီမို့ အတော်လေး ရတက်မအေးဖွယ်ရာပါဘဲ။

နိုက်ဂျီးရီးယားမှာတော့ ပြင်းထန်အဖျားက လူ(၁၀၀)ကျော် ကူးစက်ခံထားရပြီး၊ (၁၅)ဦး သေဆုံးခဲ့ပါပြီ။

အခုလည်း ကျွမ်းကျင်ပညာရှင်တွေရဲ့ ခန့်မှန်းတွက်ချက်မှုအရ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို လူဦးရေ(၆၀)%အထိ ကူးစက်ခံရနိုင်ချေရှိကြောင်း၊ ဒီရောဂါဆိုးကြောင့် သေဆုံးသူမှာ (၄၅)သန်းအထိ ရှိနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

သူတို့ရဲ့တွက်ချက်မှုအရ လူတစ်ယောက် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အနည်းဆုံး (၂.၅)ယောက်အထိ ကူးစက်နိုင်ခြေရှိတာကြောင့်၊ အခုဆိုရင် တချို့သတင်းတွေရ ကူးစက်ခံရသူမှာ သိန်းဂဏန်းလောက်အထိ ရှိလာနေပြီမို့၊ ဒါဟာ ပေါ့သေးသေး ကိစ္စမဟုတ်တော့ပါဘူးတဲ့။

ဟောင်ကောင်တက္ကသိုလ်၊ အများပြည်သူကျန်းမာရေးဆေးဝါးဆိုင်ရာ အဖွဲ့အစည်းမှ ပါမောက္ခ Gabriel Leung က တရုတ်ကိုမသွားဘဲ ရောဂါကူးစက်ခံရသူပမာဏဟာ နည်းပါးနိုင်သော်လည်း၊ ရောဂါကူးစက်ခံရတဲ့ဦးရေ ပိုမိုများပြားလာခြင်းက အလွန်စိုးရိမ်စရာ ကောင်းနေပြီလို့ သတိပေးခဲ့တာပါ။

WHO ကလည်း ဝူဟန်ဗိုင်းရပ်စ်အရေးနဲ့ပတ်သက်ပြီး “သင်တို့စိတ်ထဲမှာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အဆိုးဝါးဆုံးရန်သူ “လို့ သမုတ်ခဲ့ပါတယ်။

ဘယ်လောက်အထိ ဆိုးသလဲဆိုရင် အကြမ်းဖက်သမားတွေထက်တောင် ပိုကြောက်ဖို့ ကောင်းနေပြီမို့၊ “နံပတ်(၁)ရန်သူ “လို့ ခေါ်ခဲ့ပါတယ်။WHO နောက်ဆုံးထုတ်ပြန်တဲ့စာရင်းမှာတော့ လူ (၄၄၆၀၀)အထိ ကူးစက်ခံထားရပြီး၊ လူပေါင်း (၁၁၀၀)ဦးအထိ သေဆုံးခဲ့ပြီးပြီလို့ သိရပါတယ်။

တချို့ကတော့ အပူချိန်မြင့်တဲ့ရာသီမှာ ဒီဗိုင်းရပ်စ် ပျောက်ကွယ်နိုင်ကြောင်း ပြောခဲ့ပေမယ့် ဒေါက်တာ Tedros Adhanom Ghebreyesus ကတော့-ဒီရောဂါဟာ ထင်ထားတာထက် ပိုကြာနိုင်ပြီး ကာကွယ်နိုင်မယ့်ဆေး မပေါ်သေးမီ၊ နောက်ထပ် (၁၈)လလောက်အထိ ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။

တကယ်လို့ ကာကွယ်ဆေး၊ သို့မဟုတ် ထိရောက်တဲ့ကုထုံး ကာလတိုအတွင်းမှာ အောင်မြင်စွာ ပေါ်လာခဲ့ရင်တော့ အသေအပျောက် နည်းနိုင်ပါတယ်တဲ့။ ။

လင်းဇော်ကို (D Nae Khit)

Be the first to comment

Leave a Reply

Your email address will not be published.


*