ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားမှု လျော့နည်းအောင် အဲကွန်းများ ပိတ်ထားရန်နှင့် ပြတင်းပေါက်များဖွင့်ထားဖို့ စင်ကာပူတွင်ထုတ်ပြန် ….













မလေးရှားနိုင်ငံမှာရောဂါဖြစ်ပွားမှုနည်းသော်လည်းပဲ အေးတဲ့နိုင်ငံတွေထက်စာရင် ပူတဲ့နိုင်ငံတွေက ရောဂါပျံ့ပွားမှုနည်းသောကြောင့် စိုးရိမ်စရာအခြေအနေတွေမရှိနိုင်ဘူးလို့ ပဲ ဆိုရမှာပါ။



unicode version

လေအေးပေးစက်၊အဲကွန်းများကို ပိတ်ထားရန်နှင့် လေကောင်းလေသန့်ရရှိအောင် ပြတင်းပေါက်များကိုဖွင့်ထားပေးခြင်းက ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုလျော့နည်းစေနိုင်တယ်လို့ စင်ကာပူကျန်းမာရေးဌာနရဲ့ကျွမ်းကျင်သူများက ပြောကြားလိုက်ပါတယ်။

Straits Times ရဲ့အဆိုအရ ရာသီဥတုအေးပြီးခြောက်သွေ့သောနေရာတွေမှာဆိုရင် ဗိုင်းရပ်များရှင်သန်တယ်တယ်လို့ဆိုပါတယ်၊

ဥပမာအားဖြင့်ပြောရမည်ဆိုရင် အပူပိုင်းဒေသနိုင်ငံမျိုးဖြစ်သည့် မလေးရှားလိုနိုင်ငံမျိုးမှာ ဗိုင်းရပ်ပြန့်ပွားမှု လျော့နည်းနိုင်တဲ့ပတ်ဝန်းကျင်မျိုးရှိပါတယ်။

Singapore’s Ministry of Health’s (MOH) ရဲ့chief health scientist ဖြစ်တဲ့ Professor Tan Chorh Chuan က နေရောင်ခြည်ရရှိတဲ့ အိမ်အပြင်ဖက်ပတ်ဝန်းကျင်မှာ ရောဂါဖြစ်စေနိုင်တဲ့ဗိုင်ရပ်ပိုးရှိမှုနည်းသောကြောင့် စင်ကာပူနိုင်ငံအတွင်းမှာ အဲကွန်းအသုံးပြုမှုကို လျော့ချစေလိုကြောင်းပြောကြားခဲ့ပါတယ်။

ထိုရောဂါပိုးများသည် ပူပြင်းပြီးစိုထိုင်းတဲ့ နေရာမျိုးတွေမှာတည်ရှိနိုင်မှာ မဟုတ်ပါဘူး။

ပူပြင်းပြီးစိုထိုင်းသည့် ဒေသဆိုသည်မှာ ပတ်ဝန်းကျင်အပူချိန် ၃၀ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းဆ ၈၀ရာခိုင်နှုန်းရှိသည့် ရာသီဥတုမျိုးကိုဆိုလိုခြင်းပါ။

ဒါ့အပြင် National University of Singapore (NUS) မှာတာဝန်ထမ်းဆောင်နေသော ကူးစက်ရောဂါတိုက်ဖျက်ရေးခေါင်ဆောင်ဖြစ်တဲ့ ပရော်ဖက်ဆာ Hsu Li Yang က ပူပြင်းတဲ့လတွေမှာ စင်ကာပူနိုင်ငံအတွက် အဲကွန်းကအမှန်တကယ်အသုံးဝင်မှာမဟုတ်သလို အေးပြီးစိုထိုင်းဆနည်းတဲ့ အလုံပိတ်ထားသောအခန်းတွင်းမှာ ဆိုရင်တော့ အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေပျံ့နှံ့မှု ပိုဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး Duke-NUS Medical School မှ အရေးပေါ်ကူးစက်ရောဂါကာကွယ်ရေး အစီအစဉ်ရဲ့ဒါရိုက်တာတစ်ယောက်ဖြစ်သော ပရော်ဖက်ဆာ Wang Linfa သည်လည်းပဲ နေရောင်ခြည်မှလာသောအပူနဲ့ခရမ်းလွန်ရောင်ခြည်များဟာဆိုရင် ရောဂါပိုးမွှားများကိုသေစေနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် ပူပြင်းတဲ့နေရောင်ခြည်အောက်မှနေခြင်းဟာလည်း virus ပိုးတွေ ကူးစက်ရှင်သန်နိုင်ဖို့ကို အခွင့်အရေးပေးမှာ မဟုတ်ပါဘူး။အဘယ့်ကြောင့်ဆိုသော် လူ့ခန္ဓာကိုယ်မှာရှိတဲ့ immune system ခုအားစနစ် က ဗိုက်တာမင်ဒီ ထုတ်ပေးလို့ပါပဲ။

ပြီးတော့လဲ ပူပြင်းပြီး စိုထိုင်းဆများတဲ့နိုင်ငံမှာနေရတဲ့ ကျွန်ုပ်တို့အတွက်ကံကောင်းတယ်လို့ဆိုရမှာပါ ပူပြင်းတဲ့ ဒေသတွေမှာဆိုရင်တော့ ရောဂါကူးစက်ပြန့်ပွားစေဖို့ ရာခိုင်နှုန်းနည်းတယ်လို့ ဆိုရမှာပါ။

မလေးရှားနိုင်ငံမှာရောဂါဖြစ်ပွားမှုနည်းသော်လည်းပဲ အေးတဲ့နိုင်ငံတွေထက်စာရင် ပူတဲ့နိုင်ငံတွေက ရောဂါပျံ့ပွားမှုနည်းသောကြောင့် စိုးရိမ်စရာအခြေအနေတွေမရှိနိူင်ဘူးလို့ ပဲ ဆိုရမှာပါ။

ဒါကြောင့် နေ့စဉ်နဲ့အမျှ အဲကွန်းအခန်းထဲမှာ အချိန်ပြည့်မနေကြပဲအပြင်ထွက်ကာ လေကောင်းလေသန့် ရရှိရန်နဲ့ နေရောင်ခြည်ထိတွေ့မှု ခံယူကြစေဖို့ တိုက်တွန်းလိုက်ပါရစေ ……။

Writer – AZO ( The Lifestyle Myanmar )

Be the first to comment

Leave a Reply

Your email address will not be published.


*