အင်တာနက်ပေါ်မှာ အရမ်းကို လူကြိုက်များနေတဲ့ မြန်မာနိုင်ငံက ကျောင်းဆရာမလေးရဲ့ စိတ်ကူး ….

အင်တာနက်ပေါ်မှာ အရမ်းကို လူကြိုက်များနေတဲ့ မြန်မာနိုင်ငံက ကျောင်းဆရာမလေးရဲ့ စိတ်ကူး တကယ့်ကိုတန်ဖိုးရှိပြီး ချီးကျူးလေးစားဖွယ်လုပ်ရပ်လေ:

ဆရာ/ဆရာမတွေဆိုတာ ကလေးတွေကို နာ ၃ နာနဲ့ စာသင်ကြားပေးနေသူတွေပါ…

မိမိတို့အကျိုးအတွက်မဟုတ်ဘဲ အနာဂတ်မှာ အားကိုးရတဲ့ ခေါင်းဆောင်ငယ်လေးတွေဖြစ်လာနိုင်တဲ့ ကလေးတွေကို နိုင်ငံ့အကျိုးအတွက်ပါ ရည်ရွယ်ပြီး ပြုစုပျိုးထောင်ပေးနေကြသူတွေပဲ ဖြစ်ပါတယ်….

ဒါ့အပြင် မိဘတွေကိုယ်စား ပြုစုစောင့်ရှောက်ပေးကြသူတွေဆိုလည်း မမှားပါဘူး…

ဒီလို ကျေးဇူးတွေရှိတဲ့ ဆရာ/ဆရာမတွေထဲက ဆရာမလေးတစ်ဦးရဲ့ ကလေးတွေအပေါ် ပြုလုပ်ပေးခဲ့တဲ့ စိတ်ကူးလေးက လူမှုကွန်ရက်မှာ ရေပန်းစားနေတာပါ….

လက်ရေးအလှဆုံးဆု၊ သင်္ချာအတော်ဆုံးဆု၊ အတိုးတက်ဆုံးဆု၊ အလှဆုံးအပြုံးဆု၊ တာဝန်ကျေပွန်ဆု၊ အကြိုးစားဆုံးဆု၊ တာဝန်ကျေပွန်ဆု စသဖြင့် ကလေးတစ်ယောက်ချင်းစီရဲ့ ထူးချွန်ရာကို ဆုတွေချီးမြှင့်ပေးခဲ့တာပါ….

ဆုက တန်ဖိုးမကြီးတဲ့ ခဲတံလေးသာဖြစ်ပေမယ့် ဆရာမ ပေးလိုက်တဲ့ စိတ်ဓာတ်ခွန်အားဟာ ကလေးတွေအတွက် တန်ဖိုးဖြတ်လို့မရပါဘူး…

ဒီလိုလုပ်ပေးခြင်းအားဖြင့် ငါ့မှာ ထူးချွန်တာတစ်ခုခုရှိသေးပါလားဆိုပြီး မိမိကိုယ်ကို ယုံကြည်စိတ်ဖြစ်ပေါ်ခဲ့စေတာပါ…

ဒါကြောင့် ဆရာမလေးလုပ်ပေးခဲ့တဲ့ စိတ်ကူးလေးက တကယ့်ကိုတန်ဖိုးရှိပြီး ချီးကျူးလေးစားဖွယ်လုပ်ရပ်လေးပဲဖြစ်ပါတယ်….

ကျောင်းသားလေးတွေရဲ့ ပုံကိုလည်း ပရိသတ်ကြီးတို့ ကြည့်နိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်နော်…

ဆရာမလေးကိုလည်း ချီးကျူးစကားလေးဆိုခဲ့ပါအုံးနော်..

Credit & Thanks

Writer – HW (Shwe Yaung Lan)

Source : Wit Yi Mon Mon