” တစ္ နိုင္ ငံ လုံး ရွိ ဆရာ,ဆရာမ မ်ား ဆႏ ၵျပၾက မည္ “

စာ သင္ကာလ တိုးျမႇင့္တာကို ကန႔္ကြက္တဲ့ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ စတင္

အေျခခံပညာစာသင္ကာလကို မတ္လကုန္အထိ တိုးျမႇင့္လိုက္တဲ့အေပၚ ကန႔္ကြက္တဲ့ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈကို ရန္ကုန္ပညာေရးတကၠသိုလ္မွာ ဒီေန႔စတင္လိုက္ပါ တယ္။

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ေအာက္ေျခက အသံ၊ သေဘာထားေတြကို ရယူျခင္းမရွိဘဲ ဆုံးျဖတ္လိုက္တဲ့အေပၚ မေက်နပ္တဲ့အတြက္ ကန႔္ကြက္တာျဖစ္တယ္လို႔ ဖဲႀကိဳးစိမ္းဦးေဆာင္လႈပ္ရွားမႈေကာ္မတီ၊ ရန္ကုန္ပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢအဖြဲ႕ အတြင္းေရးမႉး ကိုေအာင္ျပည့္စုံက ေျပာပါတယ္။

ဖဲႀကိဳးစိမ္းလႈပ္ရွားမႈအေနနဲ႔ အစိမ္းေရာင္ဖဲႀကိဳးေတြကို ရင္မွာထိုးၿပီး စာသင္ခန္းဝင္ေရာက္ၾကမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ ကို သေဘာထားတူညီတဲ့ ဘယ္အဖြဲ႕အစည္းမဆို ပူးေပါင္းနိုင္ေၾကာင္း ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ ဦးေဆာင္ေကာ္မတီက မေန႔က သေဘာထားေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ပညာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြအေနနဲ႔ အေျခခံပညာေရးလုပ္ငန္းခြင္ ဆရာ၊ ဆရာမေတြ၊ ဝန္ထမ္းေတြနဲ႔ ေက်ာင္းသားသမဂၢေတြရဲ့ ေဝဖန္မႈနဲ႔ သေဘာထားေတြကို လ်စ္လ်ဴရႈတာ၊ သင္ရိုးသစ္၊ သင္ရိုးေဟာင္း စာသင္ကာလေတြကို စနစ္တက် ခြဲေဝမႈမရွိတာ၊ ေက်ာင္းဖြင့္ရက္ ေက်ာင္းပိတ္ရက္ေတြကို စီမံခန႔္ခြဲနိုင္မႈ အားနည္းတာ၊ စတဲ့ ကန႔္ကြက္ခ်က္ေတြနဲ႔ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈကို စတင္လိုက္တာျဖစ္ပါ တယ္။

စာသင္ကာလကို မတ္လအထိ သတ္မွတ္တဲ့အစား အေျခခံပညာေရးက ဝန္ထမ္းအဖြဲ႕အစည္း သမဂၢေတြနဲ႔ ေက်ာင္းသားသမဂၢတို႔နဲ႔ ညႇိႏွိုင္းၿပီး ျပန္လည္သတ္မွတ္ၿပီးမွသာ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈကို ရပ္တန႔္သြားမယ္လို႔ ထုတ္ျပန္ခ်က္မွာပါရွိပါ တယ္။

အေျခခံႏွင့္ အဆင့္ျမင့္ပညာေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈေကာ္မတီ ကလည္း စာသင္ကာလ တိုးျမႇင့္လိုက္တဲ့အေပၚ မေန႔က ေၾကညာခ်က္ထုတ္ျပန္ ကန႔္ကြက္ထားပါတ ယ္။

ရန္ကုန္ပညာေရးတကၠသိုလ္ ( 7/1/2020 )

Photo: Representative Committe Of ECSUs

unicode version

စာ သင်ကာလ တိုးမြှင့်တာကို ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှု စတင်

အခြေခံပညာစာသင်ကာလကို မတ်လကုန်အထိ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ဒီနေ့စတင်လိုက်ပါ တယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ အောက်ခြေက အသံ၊ သဘောထားတွေကို ရယူခြင်းမရှိဘဲ ဆုံးဖြတ်လိုက်တဲ့အပေါ် မကျေနပ်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ဖဲကြိုးစိမ်းဦးဆောင်လှုပ်ရှားမှုကော်မတီ၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ အတွင်းရေးမှူး ကိုအောင်ပြည့်စုံက ပြောပါတယ်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုအနေနဲ့ အစိမ်းရောင်ဖဲကြိုးတွေကို ရင်မှာထိုးပြီး စာသင်ခန်းဝင်ရောက်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဖဲကြိုးစိမ်းလှုပ်ရှားမှု ကို သဘောထားတူညီတဲ့ ဘယ်အဖွဲ့အစည်းမဆို ပူးပေါင်းနိုင်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီက မနေ့က သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ အခြေခံပညာရေးလုပ်ငန်းခွင် ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ ဝေဖန်မှုနဲ့ သဘောထားတွေကို လျစ်လျူရှုတာ၊ သင်ရိုးသစ်၊ သင်ရိုးဟောင်း စာသင်ကာလတွေကို စနစ်တကျ ခွဲဝေမှုမရှိတာ၊ ကျောင်းဖွင့်ရက် ကျောင်းပိတ်ရက်တွေကို စီမံခန့်ခွဲနိုင်မှု အားနည်းတာ၊ စတဲ့ ကန့်ကွက်ချက်တွေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို စတင်လိုက်တာဖြစ်ပါ တယ်။

စာသင်ကာလကို မတ်လအထိ သတ်မှတ်တဲ့အစား အခြေခံပညာရေးက ဝန်ထမ်းအဖွဲ့အစည်း သမဂ္ဂတွေနဲ့ ကျောင်းသားသမဂ္ဂတို့နဲ့ ညှိနှိုင်းပြီး ပြန်လည်သတ်မှတ်ပြီးမှသာ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရပ်တန့်သွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါ တယ်။

အခြေခံနှင့် အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ ကလည်း စာသင်ကာလ တိုးမြှင့်လိုက်တဲ့အပေါ် မနေ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ထားပါတ ယ်။

ရန်ကုန်ပညာရေးတက္ကသိုလ် ( 7/1/2020 )

Photo: Representative Committe Of ECSUs

unicode version