”အီရန်နဲ့ စစ်ပွဲဖြစ်ရင် အမေရိကန်တို့ အသုံးပြုံလာနိင်တဲ့ လေယာဉ်များ”…

ဒီကနေ့ မနက်အစောပိုင်းမှာ အီရတ်မှာ စခန်းချထားတဲ့ အမေရိကန်လေတပ်စခန်းကို ဖျက်အားပြင်း ပဲ့ထိန်း ဒုံးကျည် ဒါဇင်လိုက်နဲ့ အီရန်ကနေ ပစ်ခတ်ခဲ့ပါတယ်။

ဒါက အီရန်နိုင်ငံရဲ့ စစ်တပ်အကြီးအကဲ ကာဆမ်ဆူလေမာနီကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ပေးသတ်ဖြတ်မှုအပြီး အီရန်က တုန့်ပြန်ခဲ့တာဖြစ်တယ်လို့တိုက်ခိုက်မှုအပြီးမှာ အီရန်ရဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ပါတယ်။

ဒီလိုတိုက်ခိုက်မူ့ကြောင့် နှစ်ဖတ်တင်းမာမူု့မြင့်တက်နေပြီ အမေရိကန်ဘက်က အီရန်ကိုစစ်ရေးအရ အရေးယူဖို့ သမ္မတထရွန့်ရဲ့ အမိန့်ကိုစောင့်ဆိုင်းနေကြပါတယ်။ တကယ်လို့ ဒီစစ်ပွဲတာ ဖြစ်လာခဲ့ရင် အမေရိကန်တို့ အသုံးပြုနိုင်တဲ့ လေယာဉ် ၃စီးကိုဖေါ်ပြပေးလိုက်ပါတယ်။

F-35 ကိုယ်ပျောက်တိုက်လေယာဥင်္

လော့ဟိမာတင် ရဲ့ ငါးဆက်မြောက် တိုက်လေယာဉ်ဖြစ်သည့် F-35 များသည် မြေပြင် တိုက်ခိုက်ရေးနှင့်​ ​လေကြောင်းသာလွန် တိုက်ခိုက်မှု မစ်ရှင်များအတွက် ပုံစံရေးဆွဲထားတာဖြစ်ပါတယ်။

F-35 သည် ဝေဟင်စီးချင်းထိုးခြင်း, ဝေဟင်မှမြေပြင်သို့တိုက်ခိုက်ခြင်း, အီလက်ထရောနစ် တန်ပြန်တိုက်ခိုက်မှု နှင့် ရန်သူ့ဘက်သို့ ကင်းထောက်ခြင်းတို့အပြင် အသာလွန်ဆုံးတိုက်ခိုက်နိုင်တဲ့ လေယာဉ်အဖြစ် တည်ရှိနေတဲ့အတွက်ကြောင့် အနာဂါတ်စစ်မြေပြင် စိန်ခေါ်မှုများအတွက် ဆက်လက် တည်ဆောက်လျှက် ရှိပါတယ်။

F-35သည် အတွင်းပိုင်းလက်နက် 5700 ပေါင်ကို သယ်ဆောင်ကာ အခြားကိုယ်ပျောက်လေယာဉ်တွေ မစွမ်းဆောင်နိုင်တဲ့ ရန်သူ့နယ်မြေထဲကို နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက် နိုင်ပါတယ်။ လေကြောင်းလွှမ်းမိုးမှုကိုလဲ တကြိမ်ထဲနှင့် တည်ဆောက်နိုင်ပြီး တဆက်တည်းမှာပင် ကြမ်းကြုတ်တဲ့ နည်းလမ်းကိုပြောင်းလဲကာ စစ်မြေပြင်ကို အဆုံးသတ်ဖို့အတွက် အတွင်း/အပြင် လက်နက်ပေါင်း 22,000ပေါင် ကိုသယ်ဆောင်ပြီး စစ်ပွဲကိုပြန်လည်တိုက်ခိုက်မှ

B-2 နျူးကလီးယား ဗုံးကြဲလေယာဉ်

B-2 ကမ္ဘာပေါ်ရှိမဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များတွင် တန်းကြေးအမြင့်ဆုံး ဒီဇိုင်းလက်ရာအကောင်းမွန်ဆုံးကိုပြပါဆိုလျှင်USရဲ့B-2ကိုပြရမှာဖြစ်ပါတယ်။ အဆိုပါB-2ကို USရဲ့နာမည်ကျော်လေယာဉ်ဒီဇိုင်းပညာရှင် ဂျက်နိထရော့ပ်က ရေးဆွဲပေးခဲ့ပြီ Northrop Grummanကုမ္မဏီမှ 1989ခုနှစ်ထုတ်လုပ်ပေးခဲ့ပါတယ်။

B-2ရဲ့ကိုယ်ထည်ကို တိုက်တေနီယံသတ္တုများဖြင့်တည်ဆောက်ထားကာ ရန်သူ့ရေဒါဖမ်းယူမှုမှကင်းဝေးစေရန် Ferrite Baseသတ္တုများဖြင့်ဖုံးအုပ်ထားပြီ ကမ္ဘာပေါ်ရှိမည်သည့်လေကြောင်းရန်ကာကွယ်ရေးစနစ်မဆိုကျော်လွားနိင်ပါတယ်။

အလိုအလျောက်ထိန်းချုပ်မောင်းနှစ်မှုစနစ် ပစ်မှတ်ရှာဖွေရာမှာလဲComputerစနစ်ဖြင့်ရှာဖွေပေးသောစနစ်စတဲ့Softwareပိုင်းဆိုင်ရာဖြင့်သာလုပ်ဆောင်ရသောကြောင့် လေယာဉ်မှူးနှစ်ဦးသာလိုအပ်ပြီ ကမ္ဘာပေါ်ရှိမည်သည့်ဒေသမဆိုသွားရောက်တိုက်ခိုက်နိင်ကာ လေကြောင်းရန်ရေဒါစနစ်များမထောက်လှမ်းနိင်ဘဲ ဟုပင်တင်စားထားကြပါတယ်။

ဒါပေမဲ့ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်များရဲ့ အန္တရာယ်ကိုတော့ သတိထားရပြီ B-2တစ်စီးလျှင် လက်ရှိဈေးနူန်းအရ(၂.၁)ဘီလျံထိတန်းကြေးမြင့်မားလွန်းကာ အနီးကပ်ဆုံးမိတ်ဆွေနိင်ငံဖြစ်သောဗြိတိန်နိင်ငံကိုတောင်ရောင်းချခြင်းမပြုသောအမျိုးအစားဖြစ်ပါတယ်။

General Electronic F-118အမျိုးအစားအင်ဂျင်လေးလုံးတပ်ဆင်ထားပြီ ၆၉၀၀မိုင်ထိစစ်ဆင်နိင်ကာ အရံဆီတိုင်ကီပါဝင်ပါကမိုင်၁၂၀၀၀ထိစစ်ဆင်နိင်ပါတယ်။

အမြင့်ပေ၅၀၀၀၀ အထိပျံသန်းနိုင်ကာ 230kgရှိပြီအဖျက်စွမ်းအားကြီးမားသောMk-82 GPSလမ်းညွှန်ဗုံး အလုံး ၈၀ ၊ 1100kgရှိသောB-83 Nuclearဗုံး ၁၆ လုံး၊ မြေပြင်မြေအောက်ပစ်မှတ်များပါဖျက်စီးနိင်သောGPSလမ်းညွှန်GBU-57A/Bဗုံးအမျိုးအစား ၂ လုံး ၊ အဆင့်မြင့်Cruise Missileဖြစ်သောATGM-129(၁၆)စင်း ၊ စတဲ့အဖျက်စွမ်းအားကြီးမားသောလက်နက်စနစ်များတပ်ဆင်ထားပါတယ် ။

B-52H ဗုံးကြဲလေယာဉ်

B-52H များသည် 1950 ခုနှစ်များတွင်စတင်အသုံးပြုခဲ့ပြီး 64 နှစ်ကျော် ဗီယက်နမ်စစ်ပွဲ၊ ကန္တာရမုန်တိုင်းစစ်ဆင်ရေး၊ အာဖဂန်၊ အီရတ်၊ ဆီးရီးယားစစ်ပွဲ၊ စစ်အေးကာလတွင် လည်းကောင်း အသုံးတော် ခံခဲ့ပြီးသော်လည်း ယခုအထိအဓိက အားထားရသော ဗုံးကြဲလေယာဉ်ကြီးများဖြစ်နေသေးသည်။

အမေရိကန် လက်နက်တိုက်ရှိ တာဝေးပစ် လက်နက်များအားလုံးနီးပါး (မြေဆွဲအားသုံး ဗုံးများ၊ တိကျစွာပစ်ခတ်နိုင်သော ဒုံးကျည်များ၊ ပူးတွဲတိုက်ရိုက်တိုက်ခိုက်နိုင်သော လက်နက်ခဲယမ်းများ Joint Direct Attack Munitions) ကို သယ်ဆောင်ပစ်ခတ်နိုင်စွမ်းရှိပြီး အမြင့်ပေ ၃သောင်းမှ ဗုံးများကိုကြဲချနိုင်စွမ်း နှင့် တာဝေး cruise missiles များကို ပစ်လွှတ်နိုင်စွမ်းလည်းရှိပါတယ်။

ဥပမာအနေဖြင့် နော်ဝေဖိုက်တာများနှင့် B-52H များပူးပေါင်းပြီး နော်ဝေပင်လယ်မှ ပစ်ခတ်လျှင် ရရှားလေကာစနစ်များနှင့် Mig-31 supersonic တိုက်လေယာဉ်များ၏ လက်လှမ်းမှီသော အကွာအဝေးမှ ကင်းလွတ်နေမည်ဖြစ်သည် ၀င်ရောက်လာသော မစ်ဇိုင်းများကိုသာ ပစ်ချရန်ကြိုးစားရမည်ဖြစ်ကြောင်း တွေ့နိုင်သည်။

အဓိကအားဖြင့် B-52H မှ AGM-86A cruise မစ်ဇိုင်းသည် မိုင်(1500) အကွာအဝေး ကီလိုမီတာအားဖြင့် (2414) အကွာမှပစ်ခတ်နိုင်သည်။