”ဗိုလ္ခ်ဳပ္ပုံပါ တေထာင္က်ပ္တန္ ေငြစကၠဴ ”လြတ္လပ္ေရးေန႔တြင္” စတင္အသုံးျပဳနိုင္မည္”…..

လြတ္လပ္ေရးဗိသုကာႏွင့္ အမ်ဳိးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ပံုပါတေထာင္က်ပ္တန္ေငြစကၠဴမ်ားကို လာမည့္၂၀၂၀ခုႏွစ္ ဇန္နဝါရီ ၄ရက္ေန႔ လြတ္လပ္ေရးေန႔မွစတင္ကာ အသုံးျပဳနိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္သည္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံျဖင့္ ေငြစကၠဴအမ်ိဳးမ်ိဳးကို ထုတ္ေဝရန္ေဆာင္ရြက္လ်က္ရွိရာ ဗိုလ္ခ်ဳပ္ပုံပါ တေထာင္က်ပ္တန္ ေငြစကၠဴ ကို၂၀၂၀ျပည့္ႏွစ္ ဇန္နဝါရီ ၄ရက္တြင္ စတင္ထုတ္ေဝမည္ျဖစ္ေၾကာင္း အစိုးရပိုင္သတင္းဌာနျဖစ္သည့္ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား MRTV က ယေန႔ (ဒီဇင္ဘာ၂၀) ည ၈ နာရီသတင္းတြင္ ထည့္သြင္းေၾကညာခဲ့သည္။

အသစ္ထုတ္ေဝမည့္ ဗိုလ္ခ်ဳပ္ပုံ ရိုက္ႏွိပ္ထားသည့္ တေထာင္က်ပ္တန္ ေငြစကၠဴ သည္ အလ်ာ၁၅၀မီလီမီတာ၊ အနံ၇၀မီလီမီတာရွိကာ အျပာေရာင္ ေပၚလြင့္စြာရွိေၾကာင္း၊ ေငြစကၠဴအေပၚဘက္မ်က္ႏွာစာတြင္ ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္စာသားပါရွိကာ ဗိုလ္ခ်ဳပ္ပုံရိုက္ႏွိပ္ထားေၾကာင္း ယင္းအျပင္ ေငြစကၠဴ တန္ဖိုးမ်ားကို ဂဏန္းျဖင့္လည္းေကာင္း စာသာျဖင့္လည္းေကာင္း ေဖာ္ျပထားကာ ဗိုလ္ခ်ဳပ္ပုံ ေရစာပါရွိမည္ျဖစ္ေၾကာင္း၊ ေနာက္ေၾကာဘက္တြင္ လႊတ္ေတာ္အေဆာက္အဦးပုံ ပါရွိမည္ျဖစ္ေၾကာင္းသိရသည္။

TCM

unicode version

လွတ်လပ်ရေးဗိသုကာနှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံပါတထောင်ကျပ်တန်ငွေစက္ကူများကို လာမည့်၂၀၂ဝခုနှစ် ဇန်နဝါရီ ၄ရက်နေ့ လွတ်လပ်ရေးနေ့မှစတင်ကာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ငွေစက္ကူအမျိုးမျိုးကို ထုတ်ဝေရန်ဆောင်ရွက်လျက်ရှိရာ ဗိုလ်ချုပ်ပုံပါ တထောင်ကျပ်တန် ငွေစက္ကူ ကို၂၀၂ဝပြည့်နှစ် ဇန်နဝါရီ ၄ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း အစိုးရပိုင်သတင်းဌာနဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV က ယနေ့ (ဒီဇင်ဘာ၂၀) ည ၈ နာရီသတင်းတွင် ထည့်သွင်းကြေညာခဲ့သည်။

အသစ်ထုတ်ဝေမည့် ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ထားသည့် တထောင်ကျပ်တန် ငွေစက္ကူ သည် အလျာ၁၅ဝမီလီမီတာ၊ အနံရဝမီလီမီတာရှိကာ အပြာရောင် ပေါ်လွင့်စွာရှိကြောင်း၊ ငွေစက္ကူအပေါ်ဘက်မျက်နှာစာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာသားပါရှိကာ ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားကြောင်း ယင်းအပြင် ငွေစက္ကူ တန်ဖိုးများကို ဂဏန်းဖြင့်လည်းကောင်း စာသာဖြင့်လည်းကောင်း ဖော်ပြထားကာ ဗိုလ်ချုပ်ပုံ ရေစာပါရှိမည်ဖြစ်ကြောင်း၊ နောက်ကြောဘက်တွင် လွှတ်တော်အဆောက်အဦးပုံ ပါရှိမည်ဖြစ်ကြောင်းသိရသည်။

TCM

unicode version