ဘာသာစကား ၁၅ မ်ိဳး ေျပာႏိုင္လို႔ လူမႈကြန္ရက္မွာ နာမည္ႀကီးခဲ့တဲ့ ေဈးသည္ေလး ပညာသင္ခြင့္ရ

က ေမာၻ ဒီး ယား စီး ပြား ေရး လုပ္ ငန္း ရွင္ တ ဦး က အဲ ဒီ ေဈး သည္ ေလး ကို တ ႐ုတ္ ႏိုင္ ငံ မွာ ေက်ာင္း ထားေပး တာ ျဖစ္ ပါ တယ္…..

မေလးရွားႏိုင္ငံက Travel Blogger ျဖစ္တဲ့ Venus Gwc က ကေမာၻဒီးယားႏိုင္ငံကို လည္ပတ္ရင္းနဲ႔ ႐ိုက္ကူးလာခဲ့တဲ့ ဗီဒီယိုတခုကို အင္တာနက္ အသုံးျပဳသူတိုင္း ႀကိဳက္ႏွစ္သက္ခဲ့ပါတယ္…..

အဲ ဒီ ဗီ ဒီ ယို မွာ က ေမာၻ ဒီး ယား ႏိုင္ ငံ က ဘာ သာ စ ကား ၁၅ မ်ိဳး နဲ႔ ေဈး ေရာင္း ႏိုင္ တဲ့ ေဈး သည္ ေလး ကို အား လုံး မွတ္ မိ ဦး မယ္ ထင္ ပါ တယ္…..

ဒီဗီဒီယိုဟာ Facebook မွာ မွ်ေဝသူ ၃ ေသာင္းေက်ာ္ ရွိခဲ့တယ္လို႔ သိရပါတယ္။ လူမႈကြန္ရက္ရဲ႕ ေကာင္းက်ိဳးေၾကာင့္ပဲ အဲဒီေဈးသည္ေလးဟာ အခုဆိုရင္ ေက်ာင္းတက္ရေတာ့မွာ ျဖစ္ပါတယ္……

ေမလ ၁၂ရက္ေန႔မွာ ကေမာၻဒီးယားစီးပြားေရး လုပ္ငန္းရွင္တဦးက အဲဒီေဈးသည္ေလးကို တ႐ုတ္ႏိုင္ငံမွာ ေက်ာင္းထားေပးမွာ ျဖစ္တယ္လို႔ လူသိရွင္ၾကား ေျပာဆိုခဲ့ပါတယ္…..

အဲဒီ စီးပြားေရးလုပ္ငန္းရွင္က ေဈးသည္ေလးအေပၚမွာ ေမွ်ာ္လင့္ခ်က္ရွိၿပီး ေတာက္ပတဲ့ အနာဂတ္ကို ပုံေဖာ္ႏိုင္မယ္လို႔ ယုံၾကည္တယ္လို႔ ဆိုပါတယ္……

အသက္ ၁၄ ႏွစ္အ႐ြယ္၊ Thuch Salik လို႔ အမည္ရတဲ့ အဲဒီေဈးသည္ေလးဟာ ကေမာၻဒီးယားႏိုင္ငံ အန္ေကာဝတ္ ဘုရားေက်ာင္းမွာ ေဈးေရာင္းေနသူျဖစ္ၿပီး တ႐ုတ္စကားေျပာရတာကို အႏွစ္သက္ဆုံးျဖစ္တယ္လို႔ ဆိုပါတယ္…..

ေမလ ၁၃ ရက္ေန႔မွာ တ႐ုတ္ျပည္ကို စာသင္ဖို႔ စတင္သြားေရာက္ခဲ့ၿပီး ေက်ာင္းအသစ္က ဆရာေတြနဲ႔ ေက်ာင္းသူေက်ာင္းသားေတြက ေႏြးေထြးစြာ ႀကိဳဆိုခဲ့ၾကပါတယ္…..

ေဈးသည္ေလး ျဖစ္ခဲ့တဲ့ Thuch Salik ကေတာ့ ဧည့္လမ္းၫႊန္တေယာက္ျဖစ္ဖို႔ စိတ္အားထက္သန္ေနၿပီး ကေမာၻဒီးယားႏိုင္ငံရဲ႕ ႐ိုးရာကို ကမာၻက သိေအာင္ ႀကိဳးစားသြားမယ္လို႔ ဆိုပါတယ္TheIrrawaddyBurmese

Unicode

ဘာသာစကား ၁၅ မျိုး ပြောနိုင်လို့ လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့တဲ့ ဈေးသည်လေး ပညာသင်ခွင့်ရ
က မ္ဘော ဒီး ယား စီး ပွား ရေး လုပ် ငန်း ရှင် တ ဦး က အဲ ဒီ ဈေး သည် လေး ကို တ ရုတ် နိုင် ငံ မှာ ကျောင်း ထားပေး တာ ဖြစ် ပါ တယ်…..

မလေးရှားနိုင်ငံက Travel Blogger ဖြစ်တဲ့ Venus Gwc က ကမ္ဘောဒီးယားနိုင်ငံကို လည်ပတ်ရင်းနဲ့ ရိုက်ကူးလာခဲ့တဲ့ ဗီဒီယိုတခုကို အင်တာနက် အသုံးပြုသူတိုင်း ကြိုက်နှစ်သက်ခဲ့ပါတယ်…..

အဲ ဒီ ဗီ ဒီ ယို မှာ က မ္ဘော ဒီး ယား နိုင် ငံ က ဘာ သာ စ ကား ၁၅ မျိုး နဲ့ ဈေး ရောင်း နိုင် တဲ့ ဈေး သည် လေး ကို အား လုံး မှတ် မိ ဦး မယ် ထင် ပါ တယ်…..

ဒီဗီဒီယိုဟာ Facebook မှာ မျှဝေသူ ၃ သောင်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ လူမှုကွန်ရက်ရဲ့ ကောင်းကျိုးကြောင့်ပဲ အဲဒီဈေးသည်လေးဟာ အခုဆိုရင် ကျောင်းတက်ရတော့မှာ ဖြစ်ပါတယ်……

မေလ ၁၂ရက်နေ့မှာ ကမ္ဘောဒီးယားစီးပွားရေး လုပ်ငန်းရှင်တဦးက အဲဒီဈေးသည်လေးကို တရုတ်နိုင်ငံမှာ ကျောင်းထားပေးမှာ ဖြစ်တယ်လို့ လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်…..

အဲဒီ စီးပွားရေးလုပ်ငန်းရှင်က ဈေးသည်လေးအပေါ်မှာ မျှော်လင့်ချက်ရှိပြီး တောက်ပတဲ့ အနာဂတ်ကို ပုံဖော်နိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်……

အသက် ၁၄ နှစ်အရွယ်၊ Thuch Salik လို့ အမည်ရတဲ့ အဲဒီဈေးသည်လေးဟာ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝတ် ဘုရားကျောင်းမှာ ဈေးရောင်းနေသူဖြစ်ပြီး တရုတ်စကားပြောရတာကို အနှစ်သက်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်…..

မေလ ၁၃ ရက်နေ့မှာ တရုတ်ပြည်ကို စာသင်ဖို့ စတင်သွားရောက်ခဲ့ပြီး ကျောင်းအသစ်က ဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေက နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်…..

ဈေးသည်လေး ဖြစ်ခဲ့တဲ့ Thuch Salik ကတော့ ဧည့်လမ်းညွှန်တယောက်ဖြစ်ဖို့ စိတ်အားထက်သန်နေပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ ရိုးရာကို ကမ္ဘာက သိအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။TheIrrawaddyBurmese(ေလးစားစြာျဖင့္ခရက္ဒစ္ေပးပါသည္)

Be the first to comment

Leave a Reply

Your email address will not be published.


*