ဇနီးျဖစ္သူနဲ႔ အဆက္အသြယ္မရပဲ ေပ်ာက္ဆံုးေနလို႔ ပူေဆြး၀မ္းနည္းေနခဲ့ရတဲ႔ ဦးေက်ာ္သူ

ဇနီးျဖစ္သူနဲ႔ အဆက္အသြယ္မရပဲ ေပ်ာက္ဆံုးေနလို႔ ပူေဆြး၀မ္းနည္းေနခဲ့ရတဲ႔ ဦးေက်ာ္သူ

ျမန္မာ့႐ုပ္႐ွင္ေလာကရဲ႕ ထိပ္တန္းမင္းသားတစ္ဦးျဖစ္သူ ေက်ာ္သူဟာ တစ္ခ်ိန္က ပ်ိဳတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္ တစ္ေယာက္ ျဖစ္ပါတယ္။ ေက်ာ္သူက အသက္အရြယ္တစ္ခု ရရိွလာၿပီးတဲ့ေနာက္ ဒါ႐ိုက္တာတစ္ေယာက္အျဖစ္ ႐ုပ္႐ွင္ဇာတ္လမ္းေတြကို ႐ိုက္ကူးေနတာ ျဖစ္ပါတယ္။

ေက်ာ္သူက သူ႔ရဲ႕ ဇနီး ေဒၚေရႊဇီးကြက္နဲ႔အတူတူ ပရဟိတလုပ္ငန္းေတြကိုလည္း လုပ္ကိုင္ရင္း ဘဝကို အက်ိဳးရိွရိွ ျဖတ္သန္းေနပါတယ္။ဒီေန႔မွာေတာ့ ေက်ာ္သူက သူ႔ရဲ႕ဇနီး ေဒၚေရႊဇီးကြက္နဲ႔ အဆက္အသြယ္ျပတ္ေတာက္သြားကာ လူေပ်ာက္တိုင္ရေတာ့မလားဆိုၿပီး အလြန္စိတ္ပူခဲ့ရတဲ့အေၾကာင္းကို အခုလိုပဲေျပာျပထားပါတယ္။

“၁၉-၁၁-၂၀၁၉ ရက္ေန့ မနက္(၅:၀၀)နာရီ ရန္ကုန္ေလဆိပ္ဆင္းၿပီး ၿမိတ္ၿမိဳ့သို့ သူငယ္ခ်င္းမ်ားနဲ့ အလည္အပါတ္သြားသည့္ ကြ်န္ေတာ့္ခ်စ္ဇနီး ေ႐ႊဇီးကြက္(ခ) ျမင့္ျမင့္ခင္ေဖ သည္ ထိုေန့မနက္(၉:၀၀)နာရီခန့္က ကြ်န္ေတာ့္ထံသို့ ၿမိတ္ၿမိဳ့သို့ေရာက္ၿပီျဖစ္ေၾကာင္း ဖုန္းဆက္ေျပာခဲ့ၿပီးသကာလ ေန့လည္ပိုင္းတြင္ ျမိတ္အနီးအနားပါတ္၀န္းက်င္ရိွငါးလုပ္ငန္းမ်ား।သစ္လုပ္ငန္းမ်ားအားသြားေရာက္ေလ့လာသည့္သတင္း।ဓါတ္ပုံပါ ပို့စ္အား သူမဧ။္ FB မွ သတင္းတင္ၿပီးသည့္အခ်ိန္မွစၿပီး ယခုအခ်ိန္အထိ FB နွင့္ဖုန္းမွအဆက္အသြယ္လုံး၀ မရေတာ့ပါေၾကာင္း”

“ေရျမင္ရင္မေနတတ္မထိုင္တတ္ ေရထဲဆင္းရမွေက်နပ္သည့္ ကြ်န္ေတာ့္မိန္းမကို ေတြ့ရိွပါက ကြ်န္ေတာ္အရမ္းစိတ္ပူေနေသာေၾကာင့္ အျမန္ဆက္သြယ္ရန္ေျပာေပးပါရန္ဟု သတင္းတင္ရန္အတြက္ျပင္ဆင္ၿပီးေနာက္ ယေန့ေန့လည္(၄:၀၀)နာရီအခ်ိန္ခန့္တြင္ သတင္းမတင္ခင္ေနာက္ဆုံးအႀကိမ္အျဖစ္ ဖုန္းဆက္ၾကည့္ရာ အင္တာနက္လိုင္းမရသည့္ၿမိတ္ကြ်န္းစုေပၚသို့ေရာက္ေနသျဖင့္တစ္ညနဲ့တစ္ေန့ေပ်ာက္သြားျခင္းျဖစ္ေၾကာင္း သူမဧ။္အသံကိုကြ်န္ေတာ္ၾကားလိုက္မွ ရင္ထဲက ဟင္းးးးး!!! ဟုသက္ျပင္းရွည္ႀကီး ခ်လိုက္မိပါေတာ့သည္။” ဆိုၿပီး သူ႔ရဲ႕အျဖစ္ကို ရင္ဖြင့္လာပါတယ္။

ေက်ာ္သူကေတာ့ ခရီးလြန္ၿပီး အဆက္အသြယ္ျပတ္ေတာက္သြားတဲ့ ဇနီးကို ေတာ္ေတာ္ေလး စိတ္ပူေနခဲ့တာ ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္႐ႈေပးတဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။

Source: AungParSay

Unicode

မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်သူ ကျော်သူဟာ တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် တစ်ယောက် ဖြစ်ပါတယ်။ ကျော်သူက အသက်အရွယ်တစ်ခု ရရှိလာပြီးတဲ့နောက် ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်လမ်းတွေကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။

ကျော်သူက သူ့ရဲ့ ဇနီး ဒေါ်ရွှေဇီးကွက်နဲ့အတူတူ ပရဟိတလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ရင်း ဘဝကို အကျိုးရှိရှိ ဖြတ်သန်းနေပါတယ်။ဒီနေ့မှာတော့ ကျော်သူက သူ့ရဲ့ဇနီး ဒေါ်ရွှေဇီးကွက်နဲ့ အဆက်အသွယ်ပြတ်တောက်သွားကာ လူပျောက်တိုင်ရတော့မလားဆိုပြီး အလွန်စိတ်ပူခဲ့ရတဲ့အကြောင်းကို အခုလိုပဲပြောပြထားပါတယ်။

“၁၉-၁၁-၂၀၁၉ ရက်နေ့ မနက်(၅:၀၀)နာရီ ရန်ကုန်လေဆိပ်ဆင်းပြီး မြိတ်မြို့သို့ သူငယ်ချင်းများနဲ့ အလည်အပါတ်သွားသည့် ကျွန်တော့်ချစ်ဇနီး ရွှေဇီးကွက်(ခ) မြင့်မြင့်ခင်ဖေ သည် ထိုနေ့မနက်(၉:၀၀)နာရီခန့်က ကျွန်တော့်ထံသို့ မြိတ်မြို့သို့ရောက်ပြီဖြစ်ကြောင်း ဖုန်းဆက်ပြောခဲ့ပြီးသကာလ နေ့လည်ပိုင်းတွင် မြိတ်အနီးအနားပါတ်ဝန်းကျင်ရှိငါးလုပ်ငန်းများ।သစ်လုပ်ငန်းများအားသွားရောက်လေ့လာသည့်သတင်း।ဓါတ်ပုံပါ ပို့စ်အား သူမဧ။် FB မှ သတင်းတင်ပြီးသည့်အချိန်မှစပြီး ယခုအချိန်အထိ FB နှင့်ဖုန်းမှအဆက်အသွယ်လုံး၀ မရတော့ပါကြောင်း”

“ရေမြင်ရင်မနေတတ်မထိုင်တတ် ရေထဲဆင်းရမှကျေနပ်သည့် ကျွန်တော့်မိန်းမကို တွေ့ရှိပါက ကျွန်တော်အရမ်းစိတ်ပူနေသောကြောင့် အမြန်ဆက်သွယ်ရန်ပြောပေးပါရန်ဟု သတင်းတင်ရန်အတွက်ပြင်ဆင်ပြီးနောက် ယနေ့နေ့လည်(၄:၀၀)နာရီအချိန်ခန့်တွင် သတင်းမတင်ခင်နောက်ဆုံးအကြိမ်အဖြစ် ဖုန်းဆက်ကြည့်ရာ အင်တာနက်လိုင်းမရသည့်မြိတ်ကျွန်းစုပေါ်သို့ရောက်နေသဖြင့်တစ်ညနဲ့တစ်နေ့ပျောက်သွားခြင်းဖြစ်ကြောင်း သူမဧ။်အသံကိုကျွန်တော်ကြားလိုက်မှ ရင်ထဲက ဟင်းးးးး!!! ဟုသက်ပြင်းရှည်ကြီး ချလိုက်မိပါတော့သည်။” ဆိုပြီး သူ့ရဲ့အဖြစ်ကို ရင်ဖွင့်လာပါတယ်။

ကျော်သူကတော့ ခရီးလွန်ပြီး အဆက်အသွယ်ပြတ်တောက်သွားတဲ့ ဇနီးကို တော်တော်လေး စိတ်ပူနေခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: AungParSay

Be the first to comment

Leave a Reply

Your email address will not be published.


*