ဗီရာကို အလဲထိုးၿပီးေနာက္ UFC ၿပိဳင္ပြဲရဲ႕ အၾကမ္းဆုံး

ေအာင္လ Vs ခါဘစ္ ပြဲ တကယ္ ျဖစ္လာ ႏိုင္လား ?

မေန႔ညက One Championship ၿပိဳင္ပြဲမွာ ေအာင္လကေတာ့ စိန္ေခၚသူ လည္းျဖစ္၊ သူ႔ထက္ ဝိတ္တန္း ႏွစ္ခုလည္း ျမင့္တဲ့ ဗီရာကို ဒိုင္ပြဲရပ္နဲ႔ ျပတ္ျပတ္သားသား အႏိုင္ထိုးသတ္ ခဲ့ပါတယ္။ဒီပြဲၿပီးေနာက္ ေအာင္လ လည္း ONE မွာ အျမင့္ဆုံးနဲ႔ အေအာင္ျမင္ဆုံး ဖိုက္တာ တစ္ယာက္ ျဖစ္လာၿပီး ONE မွာေတာ့ ၿပိဳင္ဘက္ ကင္းသြားၿပီလို႔ ဆိုႏိုင္တယ္။

ONE Championship ၿပိဳင္ပြဲဟာ စတင္ က်င္းပခဲ့တာ မၾကာေသး တဲ့အျပင္ အာရွဘက္မွာပဲ လူႀကိဳက္မ်ားၿပီး အေနာက္တိုင္း နာမည္ႀကီး MMA ၿပိဳင္ပြဲျဖစ္တဲ့ UFC ၿပိဳင္ပြဲနဲ႔ေတာ့ အဆင့္အတန္းခ်င္း ကြာေနပါေသးတယ္။

ဘယ္လိုပဲ ျဖစ္ျဖစ္ ONE ဟာ အခ်ိန္တိုအတြင္း အာရွကို လႊမ္းမိုးလာတဲ့ေနာက္ UFC ကို ပခုံးခ်င္း ယွဥ္ႏိုင္ဖို႔ ေျခလွမ္းေတြ ခပ္သြက္သြက္ လွမ္းလာခဲ့ပါတယ္။ဒီေျခလွမ္းေတြမွာ အေရးပါ တာကေတာ့ အာရွ ပရိတ္သတ္ အမ်ားစုကို ပိုင္ဆိုင္ထားတဲ့ေအာင္လပါ။

ခုခ်ိန္မွာ ဆိုရင္ ONE မွာ အေက်ာ္ၾကားဆုံးနဲ႔ ၿပိဳင္ဘက္ကင္း ေအာင္လ ကို အေျချပဳၿပီး ONE တာဝန္ ရွိသူေတြအေနနဲ႔ UFC နဲ႔ နီးကပ္ေအာင္ လုပ္လို႔ ရတဲ့ အခြင့္အေရး တစ္ရပ္ ရွိလာပါတယ္။ ဒါကေတာ့ ေအာင္လလိုပဲ UFC မွာ ပြဲအဆူဆုံး နာမည္ႀကီး ဖိုက္တာ ခါဘစ္နဲ႔ ေအာင္လတို႔ကို သံဆန္ခါ ကြင္းထဲမွာ မ်က္ႏွာခ်င္း ဆိုင္ေပးတာ မ်ိဳးပါ။

ဒီပြဲ ျဖစ္ဖို႔ အတြက္ တစ္ခုထဲေသာ အခက္အခဲကေတာ့ ဖိုက္တာ ႏွစ္ေယာက္ရဲ႕ ဝိတ္တန္းပါပဲ။

အအာင္လက Middleweight ျဖစ္ျ့ပီး ခါဘစ္က Lightweight ျဖစ္ေနလို႔ပါ။ အရပ္ကလည္း ေအာင္လ (၃)လက္မ ျမင့္ပါတယ္။ ONE နဲ႔ UFC ဘက္က ဝိတ္တူတဲ့ ဖိုက္တာ ႏွစ္ေယာက္ကို ပြဲတည္လို႔ ရေပမယ့္ ေက်ာ္ၾကားမႈ အပိုင္းမွာ ေအာင္လနဲ႔ ခါဘစ္ ပြဲကို မွီမွာ မဟုတ္သလို ေငြေၾကးအျမတ္အစြန္းပိုင္းပါ ကြာသြားပါမယ္။

ါေၾကာင့္ ဝိတ္တန္း ကြာေပမယ့္ ေအာင္လနဲ႔ ဗီရာ ပြဲလို ဝိတ္တန္း ညႇိထိုးရင္ေတာ့ ရႏိုင္ေခ် ရွိပါတယ္။ ေအာင္လက (၈၃) ကီလို ျဖစ္ၿပီး ခါဘစ္က (၇၀) ကီလို ျဖစ္တာေၾကာင့္ ႏွစ္ေယာက္လုံး (၇၆) ကီလို ကီလိုေလာက္ ညႇိထိုးလို႔ မရစရာ မရွိပါဘူး။ ဒီကီလိုတန္းမ်ိဳးကို ခါဘစ္ ထိုးခဲ့ဘူးပါတယ္။

ဒါ့အျပင္ ဒီပြဲက MMA ဖိုက္တာ အခ်င္းခ်င္း ထိုးမယ့္ ပြဲပါ။ အရင္က ေဘာက္ဆင္သမား ေမဝဲသာနဲ႔ MMA သမား မက္ဂရီေပၚလို မတူညီတဲ့ နယ္ပယ္က ဖိုက္တာႏွစ္ေယာက္ေတာင္ ပြဲျဖစ္ခဲ့ေသးပဲ။ဒါ့အျပင္ ေမဝဲသာနဲ႔ ဂ်ပန္က ေဘာက္ဆင္ သမားလည္း ႀကိဳးဝိုင္းထဲမွာ ရင္ဆိုင္ခဲ့ဘူးတယ္။အဓိကက စပြန္ဆာနဲ႔ ေငြပါပဲ။ဒီႏွစ္ခုလုံးက ONE ေရာ UFC မွာပါ အလွ်ံအပယ္ ရွိေနပါတယ္။ ဒါေၾကာင့္ ေအာင္လနဲ႔ခါဘစ္ပြဲ ျဖစ္လာ ႏိုင္ေျခ အမ်ားႀကီး ရွိေနပါတယ္။

တကယ္လို႔ ဒီပြဲ ျဖစ္လာ ခဲ့ရင္ေတာ့ ONE ရဲ႕ ဂုဏ္သိကၡာကို UFC နဲ႔ ရင္ေပါင္တန္းမယ့္ အေကာင္းဆုံးပြဲ ျဖစ္လာ ႏိုင္သလို အေရွ႕တိုင္းနဲ႔ အေနာက္တိုင္းက ဖန္ေတြ သန္းခ်ီး ပိုင္ဆိုင္ထားတဲ့ ဖိုက္တာ ႏွစ္ေယာက္ပြဲ ျဖစ္လို႔ ေငြေၾကးအရပါ အႀကီးအက်ယ္ ေအာင္ျမင္မယ့္ ပြဲ ျဖစ္လာမွာ ဆိုေတာ့ ONE ေရာ UFC ေရာ ဒီလို အခြင့္အေရးကို လိုခ်င္ၾကမွာပါ။Top One Sportswear

Unicode ျဖင့္ဖတ္ရန္

အောင်လ Vs ခါဘစ် ပွဲ တကယ် ဖြစ်လာ နိုင်လား ?

မနေ့ညက One Championship ပြိုင်ပွဲမှာ အောင်လကတော့ စိန်ခေါ်သူ လည်းဖြစ်၊ သူ့ထက် ဝိတ်တန်း နှစ်ခုလည်း မြင့်တဲ့ ဗီရာကို ဒိုင်ပွဲရပ်နဲ့ ပြတ်ပြတ်သားသား အနိုင်ထိုးသတ် ခဲ့ပါတယ်။ဒီပွဲပြီးနောက် အောင်လ လည်း ONE မှာ အမြင့်ဆုံးနဲ့ အအောင်မြင်ဆုံး ဖိုက်တာ တစ်ယာက် ဖြစ်လာပြီး ONE မှာတော့ ပြိုင်ဘက် ကင်းသွားပြီလို့ ဆိုနိုင်တယ်။

ONE Championship ပြိုင်ပွဲဟာ စတင် ကျင်းပခဲ့တာ မကြာသေး တဲ့အပြင် အာရှဘက်မှာပဲ လူကြိုက်များပြီး အနောက်တိုင်း နာမည်ကြီး MMA ပြိုင်ပွဲဖြစ်တဲ့ UFC ပြိုင်ပွဲနဲ့တော့ အဆင့်အတန်းချင်း ကွာနေပါသေးတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ONE ဟာ အချိန်တိုအတွင်း အာရှကို လွှမ်းမိုးလာတဲ့နောက် UFC ကို ပခုံးချင်း ယှဉ်နိုင်ဖို့ ခြေလှမ်းတွေ ခပ်သွက်သွက် လှမ်းလာခဲ့ပါတယ်။ဒီခြေလှမ်းတွေမှာ အရေးပါ တာကတော့ အာရှ ပရိတ်သတ် အများစုကို ပိုင်ဆိုင်ထားတဲ့အောင်လပါ။

ခုချိန်မှာ ဆိုရင် ONE မှာ အကျော်ကြားဆုံးနဲ့ ပြိုင်ဘက်ကင်း အောင်လ ကို အခြေပြုပြီး ONE တာဝန် ရှိသူတွေအနေနဲ့ UFC နဲ့ နီးကပ်အောင် လုပ်လို့ ရတဲ့ အခွင့်အရေး တစ်ရပ် ရှိလာပါတယ်။ ဒါကတော့ အောင်လလိုပဲ UFC မှာ ပွဲအဆူဆုံး နာမည်ကြီး ဖိုက်တာ ခါဘစ်နဲ့ အောင်လတို့ကို သံဆန်ခါ ကွင်းထဲမှာ မျက်နှာချင်း ဆိုင်ပေးတာ မျိုးပါ။

ဒီပွဲ ဖြစ်ဖို့ အတွက် တစ်ခုထဲသော အခက်အခဲကတော့ ဖိုက်တာ နှစ်ယောက်ရဲ့ ဝိတ်တန်းပါပဲ။

အအာင်လက Middleweight ဖြစ်ြ့ပီး ခါဘစ်က Lightweight ဖြစ်နေလို့ပါ။ အရပ်ကလည်း အောင်လ (၃)လက်မ မြင့်ပါတယ်။ ONE နဲ့ UFC ဘက်က ဝိတ်တူတဲ့ ဖိုက်တာ နှစ်ယောက်ကို ပွဲတည်လို့ ရပေမယ့် ကျော်ကြားမှု အပိုင်းမှာ အောင်လနဲ့ ခါဘစ် ပွဲကို မှီမှာ မဟုတ်သလို ငွေကြေးအမြတ်အစွန်းပိုင်းပါ ကွာသွားပါမယ်။

ါကြောင့် ဝိတ်တန်း ကွာပေမယ့် အောင်လနဲ့ ဗီရာ ပွဲလို ဝိတ်တန်း ညှိထိုးရင်တော့ ရနိုင်ချေ ရှိပါတယ်။ အောင်လက (၈၃) ကီလို ဖြစ်ပြီး ခါဘစ်က (၇၀) ကီလို ဖြစ်တာကြောင့် နှစ်ယောက်လုံး (၇၆) ကီလို ကီလိုလောက် ညှိထိုးလို့ မရစရာ မရှိပါဘူး။ ဒီကီလိုတန်းမျိုးကို ခါဘစ် ထိုးခဲ့ဘူးပါတယ်။

ဒါ့အပြင် ဒီပွဲက MMA ဖိုက်တာ အချင်းချင်း ထိုးမယ့် ပွဲပါ။ အရင်က ဘောက်ဆင်သမား မေဝဲသာနဲ့ MMA သမား မက်ဂရီပေါ်လို မတူညီတဲ့ နယ်ပယ်က ဖိုက်တာနှစ်ယောက်တောင် ပွဲဖြစ်ခဲ့သေးပဲ။ဒါ့အပြင် မေဝဲသာနဲ့ ဂျပန်က ဘောက်ဆင် သမားလည်း ကြိုးဝိုင်းထဲမှာ ရင်ဆိုင်ခဲ့ဘူးတယ်။အဓိကက စပွန်ဆာနဲ့ ငွေပါပဲ။ဒီနှစ်ခုလုံးက ONE ရော UFC မှာပါ အလျှံအပယ် ရှိနေပါတယ်။ ဒါကြောင့် အောင်လနဲ့ခါဘစ်ပွဲ ဖြစ်လာ နိုင်ခြေ အများကြီး ရှိနေပါတယ်။

တကယ်လို့ ဒီပွဲ ဖြစ်လာ ခဲ့ရင်တော့ ONE ရဲ့ ဂုဏ်သိက္ခာကို UFC နဲ့ ရင်ပေါင်တန်းမယ့် အကောင်းဆုံးပွဲ ဖြစ်လာ နိုင်သလို အရှေ့တိုင်းနဲ့ အနောက်တိုင်းက ဖန်တွေ သန်းချီး ပိုင်ဆိုင်ထားတဲ့ ဖိုက်တာ နှစ်ယောက်ပွဲ ဖြစ်လို့ ငွေကြေးအရပါ အကြီးအကျယ် အောင်မြင်မယ့် ပွဲ ဖြစ်လာမှာ ဆိုတော့ ONE ရော UFC ရော ဒီလို အခွင့်အရေးကို လိုချင်ကြမှာပါ။Top One Sportswear