ဗီရာကို ယှဉ်ပြီးထိုးနိုင်ဖို့ (၆)လလုံးတစ်ရက်မှ မနားခဲ့ဘဲ လေ့ကျင့်ခဲ့ရတာလို့ဆိုလာတဲ့ အောင်လအန်ဆန်

ဖိလစ်ပိုင်တိုင်ခိုက်ရေးသမား ဘရန်ဒန်ဗီရာနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမယ့် အောင်လအန်ဆန် က သူ့အနေနဲ့ ဒီပွဲအတွက် ပြီးခဲ့တဲ့ (၆)လလုံး နားရက်တစ်ရက်မှ မယူပဲ ကြိုးစားခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဂျပန်တိုက်ခိုက်ရေးသမား ဟာဆီဂါဝါ ကို အနိုင်ယူခဲ့တဲ့ ပွဲအပြီးကတည်းက ဗီရာနဲ့ပွဲအတွက် ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ အောင်လအန်ဆန် က ဂျပန်မှာပြုလုပ်ခဲ့တဲ့ ပွဲကြို အင်တာဗျူးအစီအစဉ်မှာ ပြောဆိုသွားခဲ့တာပါ။

လိုက်ဟဲဗီးဝိတ်ချန်ပီယံဆု ပိုင်ရှင် အောင်လအန်ဆန် ဟာ သူ့ထက် ဝိတ်တန်းမြင့်တဲ့ ဟဲဗီးဝိတ်ချန်ပီယံ ဗီရာ ကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး မြန်မာ့စပါးအုံးအတွက် လွယ်ကူတဲ့ ပွဲစဉ်တစ်ပွဲတော့ မဟုတ်ဘူးလို့ ပရိသတ်တွေက သုံးသပ်ခံခဲ့ရပါတယ်။

အောင်လအန်ဆန် က ပွဲကြိုအင်တာဗျူးမှာ “ဒီပွဲဖြစ်လာဖို့ စိန်ခေါ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ခင်ဗျားရဲ့ ပရိသတ်တစ်ယောက်ဖြစ်ခဲ့ပြီး အမေရိကန်မှာ တက္ကသိုလ်တက်နေချိန်ကတည်းက ခင်ဗျားရဲ့ပွဲတွေကို ကြည့်ရင်းအားပေးခဲ့တာပါ” လို့ ပြောဆိုလိုက်ပါတယ်။

အောင်လနဲ့ပွဲစဉ်အတွက် ဖိုက်တာကြီး The Rock ဆီကတောင် အကြံဉာဏ်ယူခဲ့တယ်ဆိုတဲ့ ဗီရာ ကတော့ သူ့အနေနဲ့ နှစ်ထပ်ကွမ်းချန်ပီယံဆု ဖြစ်ဖို့ အခွင့်အရေးကို လက်လွှတ်မှာမဟုတ်ကြောင်းနဲ့ သူ့ဘဝရဲ့အကြီးကျယ် အခမ်းနားဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာလိမ့်မယ် ဆိုတဲ့အကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ မြန်မာပြည်သူအားလုံးရဲ့ ဖိုက်တာ မြန်မာ စပါးအုံးကြီးကတော့ ဗီရာကို ပွဲချိန် ၂ ချီမပြည့်မှီမှာပါ အားလုံးသော မြန်မာ ပြည်သူ၊ ပြည်သားများရဲ့ စိတ်ဆန္ဒအတိုင်းပဲ အာရှမြေမှသည် ကမ္ဘာမြေသို့ တက်လှမ်းသွားနိုင်ခဲ့ပါပြီ။

မြန်မာဆိုတာ ကမ္ဘာမှာဟေ့လို့ ပြသနိုင်ခဲ့တဲ့ အောင်လအန်ဆန်ရဲ့ အောင်မြင်မှုကတော့ ရှုံးပွဲမရှိ (၇)ပွဲ ဆက်တိုက် အနိုင်ရခဲ့ခြင်းကတော့ MMA One Championship ရဲ့ နှစ် (၁၀၀)ပြည့် အခန်းအနားအထိမ်းအမှတ်ပြိုင်ပွဲမှာ မှတ်တိုင်ထူခဲ့ပါသည်။