“တိုင်းပြည်​ရဲ့အနာဂတ်​ အတွက် မ​တွေးရဲစရာပါ”

တာဝန်သိတတ်ရင်စိတ်စေတနာကောင်းရှိရင်ဒါမျိုးကို ရှယ်ပေးရမှာပါဗျ။

“တိုင်းပြည်​ရဲ့အနာဂတ်​ မ​တွေးရဲစရာပါ”

wyကို လူငယ်တွေကကြယ်သီး လို့ လွယ်ခေါ် ကြပါတယ် ။

အရောင် အလိုက် ပုံစံအလိုက်အမျိုးအစား ခွဲ ကြတယ်WYစာတမ်းနေရာမှာTG တံဆိပ်R8881တံဆိပ် ဘာတံဆိပ်မှမပါပဲ အချိုင့်ပေါက်လေး ဒါကို ပဲစာလုံး လားအပူးလား အချိုင့် လား ခေါ်ကြတယ် ။

နောက် အရောင် အများ အားဖြင့် အရောင် ကပန်းဆီရောင် လိမ္မော်ရောင် ချောကလက်ရောင် ဒီလို ခွဲခြားသတ်မှတ် ကြတယ် ။

အစိမ်းရောင် နဲ့ ငွေမှင်ရောင် ပါ တဲ့အစက်အပြောက်ပါတဲ့ အခြားအရောင်တွေကို အထူးထုပ် ကာလာတွေကို တစ်ရာ နှစ်ရာ ယူမှ (ရာစီး)လက်ဆောင် ၂လုံးလောက်ပါတတ်တယ် ။

နောက် wyထက် အဆင်ြ့မင့် ထားတဲ့ICEက လည်း အဖြူ ရောင်ကျောက်ချဉ်ခဲ အကြေနဲ့တူပါတယ် ။

လူငယ်တွေဘာလို့ စွဲလည်း ဘာအရသာလည်းကလည်းစိတ်ပျော့သူဆို ဆွဲတယ်မျောဘို့ များပါတယ်

၃လုံး လောက် ရှူ ရှိုက်မိရင် ကချင် ခုန်ချင် လှချင်ပ ချင်သွားချင်လာချင်သုံးစွဲသူ သန္ဓေလိုက်ပြီးအမျိုးမျိုးဖြစ်ပေါ်လာတတ်ပါတယ်

၃လုံးလောက် ရှူမိသူဟာ ထမင်း ၂ရက်လောက်မဆာပါဘူး ။

၃ညလောက် မအိပ်ပဲ အိပ်ရေးဝလန်းဆန်းနေတယ် ။

လွန် သွားရင် အာရုံ သေ သွားပြီး တစ်ခု ခုထဲ မြုတ်သွား သလို ပေါ့ အလုပ်တစ်မျိုးမျိုး ဝါသနာပါရာgame လို မျိုးကို နစ် မအိပ်မနေ ဆော့နေတတ်တယ်ဆေး ကျချိန် ရဲ့ ဒဏ်ကို မခံနိုင်တဲ့လူ စွဲသွား တာပါပဲ ။

ဆေး ကျချိန်မှာဆေးအာနိသင်ပြယ်ချိန်ဟာချက်ခြင်းလူမမာ တစ်ယောက်လို ပျော့ခွေပြီး အဆစ်အမြစ်ကိုက်ခဲအရိုးထဲကိုက် တဲ့ ဝေဒနာအားအင်ကုန်ခမ်းနွမ်းနယ်နေ သူတစ်ယောက်လိုဒေါသ အလို လို ဖြစ်လာတာ

တကယ့် ကို လူမမာ လုံး လုံး ဖြစ်နေ ချိန် တစ်ချက် နှစ်ချက် တစ်လုံးရဲ့  ၅ပုံ ၁ ပုံ လောက်အနံ့ ရတာနဲ့ ငေါက်ခနဲ ထထိုင် ဇာတ်ကြိုးမနိုင်တဲ့ မြင်းလို ခုဏ မောပမ်း ကိုက်ခဲနေတာ ချက်ခြင်းပျောက် သွားတဲ့ သု ခ အဲဒီ သုခ ကို စွဲလမ်းသွား တာပါ ။

စွဲသွားသူတစ်ယောက် ဆေးကျချိန် မှာ

ဆေးသာရမယ်ဆို ဒုစရိုက် လုပ်ဘို့  ၇၀ရာနူန်းတွန်းအားပေးပါတယ် ။

ဈေးကွက် ပေါက်ဈေးအရ တစ်လုံး ၃ထောင် ကို စွဲလန်း သုံးစွဲသူ လူငယ်တစ်ယောက်အနေ နဲ့ ၃လုံး လောက် သုံးစွဲဘို့ တစ်နေ့  တစ်သောင်း လို အပ်ပါတယ် ။

ဒါဟာကျောင်သား လူငယ်တစ်ယောက်အနေ နဲ့ ရေရှည်မဖြစ်နိုင်ပါဘူး ။

ထို အချိန်မှာ မူးယစ်သားကောင် လူငယ်ဟာ ဆေး ရဘို့  မိမိကဲ့ သို စမ်းသပ်မယ့် သားကောင် အသစ် ရှာ ရပါတယ် ။

သားကောင်အသစ် ရရင် ရောင်းဝယ်သူ ပေးတဲ့ ကော်မရှင် နဲ့ ဈေး နူန်း ကွာတဲ့ ၅၀၀ လောက်ရဘို့ အပို အဆစ် ဆယ် လုံး မှ တစ်လုံး အပို လေး ကို မျှော် လင့်ပြီး အလို လို ရောင်း ဝယ်သူ ဆေး ကယ်ရီ သမားဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ် ။

နီးစပ်ရာ မိန်း ကလေး ယောကျာင်္း လေး သူငယ်ချင်း များ ကို ဆွယ်ရပါတော့တယ် ။

နောက်ဆုံး မိမိ ပတ်ဝန်းကျင် လူစု မိပြီး အားလုံး သားကောင်ဖြစ်သွားကြပြီး သားကောင်အသစ် ထပ်မံမရတော့  တဲ့အချိန်မသုံးစွဲရမနေနိုင်အခြေအနေ မှာ ဒုစရိုက်လုပ်ဘို့  ကြံစည်ပါတော့တယ် ။

ယခု တစ်လော လူငယ်တွေ အစု လိုက်အဖွဲ့ လိုက် လုယက်မှုကြူး လွန်နေတာ ဟာမူးယစ် သားကောင်တွေ ပါ ။

ဒါကြောင့်  လူငယ်များ မစမ်းသပ် သင့်ပါဘူး

မိမိသုံးစွဲတာ တာ ဝန်ရှိသူတွေမသိဘူး မထင်ပါနဲ့၂၄နာရီအတွင်း ဆီးစစ်ရင် ပေါ်ပါတယ် ။

၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။

၂နှစ်အတွင်း ဆံပင်ကို CIDအမျိုးသား ဓါတ်ခွဲ ဌာနပို့ စစ်ရင် ပေါ်ပါတယ်

မိဘများကလည်း ကိုယ့်သားသမီး ရဲ့အမူ အကျင့် တွေ ပြောင်းလဲလာရင် လစ်လျှူ မရှူသင့်ပါဘူး ။

သုံးစွဲသူ တွေ က သိသာထင်ရှာပါတယ် ။

သိသိသာသာကိုယ်အလေးချိန် လျှော့လာမယ်မလိုအပ်ပဲစကားများလာမယ်မျက်ကွင်းညိုလာမယ်အစား အသောက်ပျက်လာမယ်အထူးခြားဆုံး က ချွေး နံ့ !

ကိုယ် နံ့ ဟာ လိမ်ညာမရအောင်ချော ကလက် အနံ့ အမြဲမွှေးနေပါတယ် ဆပ်ပြာနဲ့ ဆေးလို့ မပျောက်ပါဘူး ဒါ ထူးခြားပါတယ် ။

သွားများ ကျိုးပဲကုန်ပါတယ် ။ဒါနောက်ဆုံးအဆင့်ပါ !

လူငယ် အညွန့် အဖူးများအနာဂတ် လမ်းမမှားစေဘို့ တိုင်းပြည် သာယာ အေးချမ်းစေဘို့  အားလုံး ပူးပေါင်းပါဝင်စေလိုပါတယ်

တကယ့် ဖြန့် ဖြူး ရောင်းချ တဲ့ကုန်သည်ကြီးတွေ ကို သာ ဖမ်းဆီး စေလို ပါတယ်တာဝန်သိ သတင်းပေးစေလိုသလိုတကယ့်ကိုပဲ ထိထိရောက်ရောက် အရေးယူစေလိုပါတယ်။

မေတ္တာဖြင့်Vန်းတော်ဆက်

From Jasmine IR

Credit – Nang Htwe Khin & Ng Wo Kham