အောင်ကြီးရှေ့နေက ဒေါ်ဥမ္မာလှိုင်ကို နိုင်လွတ်လုံဥပဒေဖြင့် ပြန်လည်တရားစွဲမည်

အောင်ကြီးရှေ့နေက ဒေါ်ဥမ္မာလှိုင်ကို နိုင်လွတ်လုံဥပဒေဖြင့် ပြန်လည်တရားစွဲမည်

Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို အကာ အကွယ်ပေးရေးဥပဒေဖြင့် အောင်ကြီး၏ရှေ့နေများအနက် တစ်ဦးဖြစ်သော ဒေါ်စုဒါလီအောင်က ပြန်လည်တရားစွဲမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့ နေဦးသိန်းသန်းဦးက ပြောသည်။

ဗစ်တိုးရီးယားအမှုတွင် တရားခွင်ထွက်ဆိုချက်များအပေါ် ဒေါ်စုဒါလီ အောင်အနေဖြင့် မီဒီယာများအားဖြေကြားရာ၌ ၎င်း၏သားနှစ်ဦး ဂုဏ်သိက္ခာ ထိ ခိုက်စေသည်ဆိုကာ နိုင်ငံသား များ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ် မှုနှင့် လုံခြုံမှုကို အကာအကွယ် ပေးရေးဥပဒေနှင့် ကလေးသူ ငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ တို့ဖြင့် ဒေါ်ဥမ္မာလှိုင်က ပတ္တာ ရဲစခန်း၌ ဩဂုတ် ၃၁ ရက်တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

သို့သော် ရဲတပ်ဖွဲ့အနေဖြင့် ဥပဒေအကြံပြုချက်တောင်းခံရာ တွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင် ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အ ကာအကွယ်ပေးရေး ဥပဒေနှင့် ငြိ စွန်းမှုမရှိ၍ ကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေဖြင့် ပုဗ္ပသီရိ မြို့နယ်တရားရုံး၌ တရားစွဲတင် ခြင်းဖြစ်သည်။

‘‘အမှုဖွင့်တဲ့တရားလိုက ဒေါ်စုဒါလီအောင်ကို နိုင်လွတ်လုံ နဲ့ ဖွင့်ခဲ့တဲ့အတွက် သူ့ကို နိုင် လွတ်လုံနဲ့ ပြန်ဖွင့်ဖို့ပြင်ပါမယ်’’ ဟု ဒေါ်စုဒါလီအောင်အမှု ဆောင်ရွက်ပေးသူ တရားလွှတ် တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို နိုင်လွတ်လုံ ဖြင့် ကနဦးအမှုဖွင့်သော်လည်း မငြိစွန်းခြင်းကြောင့် လူတစ်ဦး တစ်ယောက်၏ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နှောင့်ယှက်ခြင်းဖြစ် သဖြင့် ဒေါ်စုဒါလီအောင်က ပြန် လည်တရားစွဲရန် စီစဉ်ခြင်းဖြစ် ကြောင်း ဦးသိန်းသန်းဦးက ရှင်း ပြသည်။

‘‘ဒီလုပ်ရပ်ဟာဖြောင့်မှန်စွာ တရားစီရင်ရေးကို ခြိမ်းခြောက် တဲ့ လုပ်ရပ်တစ်ခုဖြစ်နေတဲ့အ တွက် ဒါကိုအရေးယူဆောင်ရွက် ဖို့တာဝန်ရှိတယ်။ ရှေ့နေတွေအ နေနဲ့’’ ဟု ၎င်းကဆိုသည်။လက်ရှိတွင် ဒေါ်ဥမ္မာလှိုင် တိုင်ကြားချက်နှင့် ဥပဒေရုံးကပြန် ကြားချက်များကို မိတ္တူဆွဲတောင်း ခံပြီး ပတ္တာရဲစခန်း၌ တရားလို (ဒေါ်ဥမ္မာလှိုင်)ကို ပြန်လည်အမှု ဖွင့်ရန် ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးသိန်းသန်းဦးက ပြော သည်။

‘‘ပထမဦးဆုံး နိုင်လွတ်လုံနဲ့ ဦးဆုံးလာမယ်။ ကျန်တာနောက် ဆက်တွဲ တရားမကြောင်းတွေ၊ ဘာတွေ သီးခြားလာပါမယ်။ နိုင် လွတ်လုံက အခုပေါ်ပေါက်တဲ့အ ခြေအနေအရ ပြောတာပါ’’ ဟု ၎င်းကဆိုသည်။ဗစ်တိုးရီးယားအမှုတွင် ရှေ့ နေများအမှုဖွင့်ခံရခြင်းအပေါ် အောင်ကြီးဘက်မှ တရားလွှတ် တော်ရှေ့နေဦးခင်မောင်ဇော်က ‘‘ဗစ်တိုးရီးယားလေးရဲ့ အခွင့်အ ရေးထိခိုက်အောင် သူတို့အခွင့် အရေးဆိုတာကို အကြောင်းပြပြီး လုပ်တာဟာ ဒါဥပဒေအရ၊ တရားမျှတမှုအရ တရားမဝင် ဘူး။

ဒေါ်စုဒါလီအောင်လည်း ရှေ့နေအလုပ် ရှေ့နေလုပ်တယ်။ သူ့ရဲ့သံသယတရားခံအောင် ကြီးအတွက် ကာကွယ်တယ်။ အ မှန်တရားကို ဖော်ထုတ်ဖို့ကြိုးစား တယ်။

အမှန်တရားကို ဖော်ထုတ် ဖို့ကြိုးစားရင်း ပြဿနာတက် တယ်လို့ ကျွန်တော်ယူဆတယ်’’ ဟု ၎င်းကပြောသည်။ဗစ်တိုးရီးယားအမှုသည် ပုံ မှန်အမှုမဟုတ်ကြောင်းနှင့် Wisdom Hill ကိုယ်ပိုင်ကျောင်း၏ ကိစ္စတစ်ခုတည်းမဟုတ်ဘဲ မြန် မာနိုင်ငံတရားစီရင်ရေးစနစ်တစ် ခုလုံးအပေါ် သက်ရောက်နိုင် သည့်အမှုဖြစ်၍ လေးလေးနက် နက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးသိန်းသန်းဦးက ပြောသည်။

Credit :မိုမိုလေး မှ ကူးယူဖော်ပြသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*