ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် မိုးကြိုးပစ်လို့ ကစားသမားတစ်ဦး သေဆုံး….

ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် မိုးကြိုးပစ်လို့ ကစားသမားတစ်ဦး သေဆုံး RIP ပါ





Unicode

ရာဇဂြိုလ်မြို့ ၊ အောက်တိုဘာ . ၈ ရာဇဂြိုလ် ကျေးရွာဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် အုပ်စုပွဲစဉ် (၃) အဖြစ်ယမန်နေ့ ညနေ (၃:၃၀) နာရီအချိန်တွင် ရာဇဂြိုလ်ဘောလုံးကွင်း၌ မြစိမ်းအသင်း (Singgial) နှင့် စော်ဘွားရေရှင် (ခ) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ မြစိမ်းအသင်းသားများ သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ် မိုကြိုးပစ်၍ ကစားသမား ၁၃ ဦး ချက်ချင်းလဲကာ ၎င်းကစားသမားများမှ ထန်လမ့်ပြောင် (အသက် ၂၅) သည် ရာဇဂြိုလ် တိုက်နယ်ဆေးရုံသို့ချက်ခင်းပို့ခဲ့ရသည်။

ထိုနေရာမှ ဆေးရုံသို့ပို့နိုင်သော်လည်း နောက်မိနစ်အနည်းငယ်တွင် ကစားသမား ထန်လမ့်ပြောင်သည် အသက်ဆုံးရှုံးသွားသည်။ ဤအဖြစ်အပျက်များကြောင့်ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ခြင်းမရှိတော့ပဲ ပွဲရပ်နားထားသည်ဟု သတင်းရရှိပါသည်။အခုလိုဝမ်းနည်းဖွယ်ရာသတင်းကြောင့် ကျန်ရစ်သူမိသားစုများ၊ အသင်းဖော်များနှင့်အတူ ကျနော်တို့ group members များ ထပ်တူဝမ်းနည်းမိပါသည်။

ယနေ့ (၈.၁၀.၂၀၁၉) တွင် ယှဉ်ပြိုင်မည့် ကလေး – ကဘော် ဘောလုံးပြိုင်ပွဲတိုင်းပြိုင်ပွဲမစမီ ကွယ်လွန်သူ ကစားသမား ထန်လမ့်‌ပြောင် အတွက် ၁မိနစ်အသံတိတ် ပေးကြပါရန် ကော်မတီများ တောင်းဆိုအပ်ပါသည်။

Source – Thang Suan Kam # ZOMI UNITED FOOTBALL NEWS

Be the first to comment

Leave a Reply

Your email address will not be published.


*