
သီတင်းကျွတ်မုန့်ဖိုးဝေနေတဲ့ မင်းသားဖိုးချစ်

ဇာတ်သဘင် အဖွဲ့သားတွေကို သီတင်းကျွတ်မုန့်ဖိုးဝေနေတဲ့ စေတနာကောင်းတဲ့ မင်းသားဖိုးချစ် (ရုပ်သံ)

ပြည်သူအချစ်တော် ဇာတ်မင်းသားချော ဖိုးချစ်ရဲ့ လေးစားဖွယ်ကောင်းတဲ့ အဓိကအချက်ကတော့ အလှူအတန်း လက်မနှေးဘဲ အတူတူတွဲလုပ်နေတဲ့ ဇာတ်အဖွဲ့သားတွေကို အမြဲကြည့်ရှုစောင့်ရှောက်တတ်တဲ့ စိတ်ထားလေးပါ ။

သဘင်အစည်းအရုံး ဥက္ကဋ္ဌဖြစ်တဲ့ မင်းသားဖိုးချစ်ကတော့ အခက်ခဲများစွာရှိနေတဲ့ သဘင်လောကသားတွေ ကိုငွေထုတ်ချေးပေးခဲ့တဲ့ သတင်းဟာလည်း (၂၀၁၈) ခုနှစ်မှာ လူပြောအများဆုံး သတင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါသေးတယ် ။

အဲဒီအချိန်တုန်းက ငွေထုတ်ချေးရာမှာလည်း သူလက်ရှိနေထိုင်နေတဲ့ အိမ်နဲ့ခြံကိုပင် ဘဏ်မှာအပေါင်ထားပြီး ငွေထုတ် ချေးပေးခဲ့တာပါ ။

သဘင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ တစ်လျောက်လုံးလည်း သဘင်သမားတွေအားလုံးရဲ့ လိုအပ်ချက်တွေကို တက်နိုင်သလောက် ကူညီဖြေရှင်းပေးနေတာပဲဖြစ်ပါတယ်။တော်တော်လေးလည်း သည်းခံနိုင်ပြီး ပျော့ပျော့လေးနဲ့တအားဇွဲကောင်းတဲ့ သူတစ်ဦးပါလို့ သဘင်အစည်းအရုံး ပြန်ကြားရေးတာဝန်ခံ ဒေါ် ပတ္တမြားကေခိုင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါသေးတယ် ။

ဘယ်လိုအခက်ခဲတွေရှိနေနေ သဘင် သမားတွေ အတွက်ဆိုရက် ပေးဆပ်ဖို့ဝန်မလေးတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပါလို့ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဖိုးချစ်တစ်ယောက် ဇာတ်သဘင် အဖွဲ့သားတွေအတွက် သီတင်းကျွတ်မုန့်ဖိုး ပေးနေတဲ့ ဗီဒီယိုလေးဟာ လူမှုကွန်ရက်မှာ အရမ်းကို လူပြောများနေတဲ့ ဗီဒီယိုလေးဖြစ်နေပါတယ် ။

ဇာတ်သဘင်အဖွဲ့သားတွေ အားလုံးကို ပျော်ပျော် ရွှင်ရွှင်နဲ့ မုန့်ဖိုးတွေ ဝေငှနေတဲ့ ဖိုးချစ်တို့ ဗီဒီယိုလေးကို ကြည့်ရင်း ပရိသတ်တွေလည်း အပျော်တွေ ကူးစက်လာလိမ့်မယ် လို့ယုံကြည်ပါတယ် ။

စိတ်ထားကောင်းပြီး ကိုယ့်ရဲ့သဘင်အဖွဲ့အသားတွေကို အမြဲ ပေးကမ်းထောက်ပံ့တတ်တဲ့ လေးစားဖွယ်ကောင်းတဲ့စိတ်ထားပိုင်ရှင် ဖိုးချစ်ကို ပရိသတ်ကြီးကလည်း ချစ်ခင်ကြမယ်ထင်ပါတယ်နော် ။

#Myanmar_Online_News #Phoe_Chit


Tuesday,October 8 ,2019

<<zawgyi>>


Tuesday,October 8 ,2019








