ျမန္မာႏုိင္ငံကဒုတိယအိမ္ျဖစ္ေနၿပီမုိ႔ အတတ္ႏုိင္ဆုံးျမန္မာႏုိင္ငံအေၾကာင္းျမႇင့္တင္သြားမယ္ဆုိတဲ့ ဖိလစ္ပုိင္ဆယ္လီ Sinon Loresca

( Video ဖိုင္ကို ေအာက္ဆံုးမွာတြဲျပီး တင္ေပးထားပါတယ္ )

ဖိလစ္ပိုင္ က ေမာ္ဒယ္ Sinon Loresca ဟာဆိုရင္ ျမန္မာနုိင္ငံသားေတြကို ခ်စ္လြန္းလို႔ ဒုတိယ အၾကိမ္ေျမာက္ ျမန္မာနုိင္ငံကို လာေရာက္လည္ပတ္ေနတာ ျဖစ္ပါတယ္။ သူဟာဆိုရင္ ရန္ကုန္ ၊ မႏၱေလး ျမိဳ႕ၾကီးေတြကို သြားေရာက္လည္ပတ္ခဲ့ျပီးေတာ့ အခုအခ်ိန္အခါမွာေတာ့ ပုဂံကို သြားေရာက္လည္ပတ္ခဲ့ျပီးေတာ့ ရန္ကုန္ေလဆိပ္ကို ျပန္လည္ေရာက္ရွိလာျပီ ျဖစ္ပါတယ္။

သူဟာဆိုရင္ ပုဂံမွာ အရမ္းကို ေပ်ာ္ခဲ့သလို ၊ အရမ္းလည္း ေက်နပ္မႈရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဒါအျပင္ ပုဂံကို ေရာက္သြားတာ ဟာ ကမၻာအျပင္ကို ထြက္လိုက္ရသလိုပဲ စိတ္မြန္းၾကပ္မႈေတြကို ေျပေလ်ာ့ေစျပီးေတာ့ အျခား ခရီးသြားေတြကိုလည္း ပုဂံကိုလာခဲ့ဖို႔ ၊ ေနာင္တ မရဘူးဆိုတာ အာမခံတယ္လို႔ Sinon Loresca က ေျပာဆိုပါတယ္။

သူဟာ ျမန္မာနုိ္င္ငံနဲ႔ နိုင္ငံသားေတြကို ခ်စ္ျမတ္နိုးတာေၾကာင့္ ျမန္မာနိုင္ငံကို ခနခန လာမွာ ျဖစ္ျပီးေတာ့ ျမန္မာဟာသူ႕ရဲ႕ ဒုတိယအိမ္ျဖစ္ေနပါျပီလို႔ ဖြင့္ဟေျပာဆိုလာပါတယ္။ သူဟာ လာမည့္ အသက္ ၃၁ နွစ္ျပည့္ေမြးေန႔မွာ ကို ျမန္မာနုိင္ငံရဲ႕ သူ႕ရဲ႕ Fans ေတြနဲ႔အတူ ထူးထူးျခားျခားလုပ္သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါကိုေတာ့ အံ့ၾသစရာ ျဖစ္ေအာင္လို႔အခုမေပာေသးပါဘူးတဲ့။ ဒါေၾကာင့္ သူဘယ္လို အံ့ၾသစရာေတြလုပ္မလဲဆိုတာ သူ႕ရဲ႕အားေပးေထာက္ခံသူေတြကေတာ့ စိတ္ဝင္စားလွ်က္ရွိၾကပါတယ္။

ရုပ္သံဖိုင္အားၾကည့္ရန္ နွိပ္ပါ

Writer- SMT(Shwe Yaung Lan)

source-Eleven Hall of Fame

Unicode Version

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

ဖိလစ်ပိုင် က မော်ဒယ် Sinon Loresca ဟာဆိုရင် မြန်မာနိုင်ငံသားတွေကို ချစ်လွန်းလို့ ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်နေတာ ဖြစ်ပါတယ်။ သူဟာဆိုရင် ရန်ကုန် ၊ မန္တလေး မြို့ကြီးတွေကို သွားရောက်လည်ပတ်ခဲ့ပြီးတော့ အခုအချိန်အခါမှာတော့ ပုဂံကို သွားရောက်လည်ပတ်ခဲ့ပြီးတော့ ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

သူဟာဆိုရင် ပုဂံမှာ အရမ်းကို ပျော်ခဲ့သလို ၊ အရမ်းလည်း ကျေနပ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် ပုဂံကို ရောက်သွားတာ ဟာ ကမ္ဘာအပြင်ကို ထွက်လိုက်ရသလိုပဲ စိတ်မွန်းကြပ်မှုတွေကို ပြေလျော့စေပြီးတော့ အခြား ခရီးသွားတွေကိုလည်း ပုဂံကိုလာခဲ့ဖို့ ၊ နောင်တ မရဘူးဆိုတာ အာမခံတယ်လို့ Sinon Loresca က ပြောဆိုပါတယ်။

သူဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေကို ချစ်မြတ်နိုးတာကြောင့် မြန်မာနိုင်ငံကို ခနခန လာမှာ ဖြစ်ပြီးတော့ မြန်မာဟာသူ့ရဲ့ ဒုတိယအိမ်ဖြစ်နေပါပြီလို့ ဖွင့်ဟပြောဆိုလာပါတယ်။ သူဟာ လာမည့် အသက် ၃၁ နှစ်ပြည့်မွေးနေ့မှာ ကို မြန်မာနိုင်ငံရဲ့ သူ့ရဲ့ Fans တွေနဲ့အတူ ထူးထူးခြားခြားလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကိုတော့ အံ့သြစရာ ဖြစ်အောင်လို့အခုမပောသေးပါဘူးတဲ့။ ဒါကြောင့် သူဘယ်လို အံ့သြစရာတွေလုပ်မလဲဆိုတာ သူ့ရဲ့အားပေးထောက်ခံသူတွေကတော့ စိတ်ဝင်စားလျှက်ရှိကြပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)