ကျောင်းသားနှင့်အတူကားလမ်းဖြတ်ကူးရာမှကျောင်းသားကိုတွန်းထုတ်ပြီးသူ့အသက်ကိုစတေးသွားရှာတဲ့ ဆရာမကြီးဒေါ်သန်းသန်းဝေေ

October 6, 2019 Myitter 0

မှော်ဘီမြို့နယ် မူ(လွန်)ဆပ်သွားတောကျောင်းဆရာမကြီးဒေါ်သန်းသန်းဝေကျောင်းသားနှင့်အတူကားလမ်းဖြတ်ကူးရာမှကျောင်းသားကိုတွန်းထုတ်ပြီးသူ့အသက်ကိုစတေးခဲ့ပါတယ်။ ကျမဆရာမကြီးကိုမမြင်ဘူးပေမယ့်ဆရာမကြီးရဲ့စည်းကမ်းကောင်းမွန်မှုတာဝန်ကျေပြွန်မှုစတဲ့ဂုဏ်သတင်းတွေကျမတို့ရဲ့ပညာရေးလောကမှာပန်းသတင်းလေညှင်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့်….ကျောင်းသားတစ်ဦးရဲ့အသက်ကိုကာကွယ်ရင်းအသက်စွန့်သွားတဲ့ဆရာမကြီးအကြောင်းဘယ်သတင်းဘယ်မီဒီယာမှအကျယ်အကျဉ်းဖော်ပြတာမတွေ့မိဘူး။ ကျမသတင်းနားမထောင်လို့ဖြစ်ပါလိမ့်မယ်။ဘယ်ယာအိမ်ခေါင်းဆယ်အိမ်ခေါင်းမှလည်း fb မှာရေးသားတာမမြင်မိဘူး။ အကယ်၍များးးးးးးဒီနေရာမှာသေဆုံးသူဟာကျောင်းသားဖြစ်ခဲ့ရင်မတွေးဝံ့စရာပါ။ ကျောင်းသားကိုဖင်လှန်အပြစ်ပေးလို့ကမ္ဘာကျော်အောင်လုပ်နိုင်ခဲ့ပါတယ်။ ဆရာလောကရစရာမရှိအောင်ပြောဆိုဝေဖန်ခံပြီးတဲ့နောက်မှာအမိန့်တွေအာဏာတွေတစ်ဆက်တည်းပေါ်လာခဲ့တယ်။စိတ်သာချ…. ပညာလောကရဲ့ပညာရေးဝန်ထမ်းတွေဘဝနိမ့်ကျနေသမျှ…နှိမ့်ချနေသမျှခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးကိုမည်သို့မည်ပုံတည်ဆောက်ကြမည်နည်း။ တည်ဆောက်ပါအံ့နည်း။ ဆရာမကြီးမေတ္တာစေတနာတွေကြောင့်ဆရာမကြီးကောင်းရာသုဂတိရောက်ပြီဟုကျမယုံကြည်ပါသည်။ ကျမထက်ကြီးသည်ဖြစ်စေ။ငယ်သည်ဖြစ်စေ။ဤပိုစ်ဖြင့်ဆရာမကြီးအားဂါရဝပြုလိုက်ပါသည်။ ဆရာမကြီးရဲ့တပည့်အပေါ်ထားတဲ့မေတ္တာတရားကိုကျမကမ္ဘာာကျော်အောင်မစွမ်းဆောင်နိုင်တဲ့အတွက်ခွင့်လွှတ်ပါ။ ဆရာဆိုတာ…, တကယ်အရေးကြုံလာရင်မိမိအသက်ကိုစွန့်ဖို့ဝန်မလေးဘူးဆိုတာ…. အသိတရားမရှိတဲ့အချို့မိဘတွေသိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ဆရာမကြီးကျေးဇူးဟာလူသေပေမယ့်ကျမတို့ရဲ့ပညာရေးလောကမှာနာမည်တွင်ကျန်ရစ်မှာပါ။ ဆရာမကြီးမိသားစုနဲ့အတူထပ်တူထပ်မျှကြေကွဲရပါတယ်။ ဆရာမကြီးကောင်းရာဘုံဘဝရောက်ပါစေ။

ဖေဖေတို့အငြိမ့်ကနေကြတာကို စင်နောက်ကနေပြီး အားပေးနေတဲ့ မင်းမော်ကွန်းရဲ့သားငယ်လေး

October 6, 2019 Myitter 0

ဖေဖေတို့အငြိမ့်ကနေကြတာကို စင်နောက်ကနေပြီး အားပေးနေတဲ့ မင်းမော်ကွန်းရဲ့သားငယ်လေး ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမင်းမော်ကွန်းကတော့ အနုပညာအလုပ်တွေကိုလုပ်ဆောင်လာတာ ဆယ်စုနှစ်မကတောင်ရှိနေပါပြီနော်။ ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းတွေကို အပြည့်အဝရရှိထားတဲ့ မင်းမော်ကွန်းရဲ့ နုပျိုမှုကတော့ ငယ်ရုပ်လေးမပျောက်ဘဲ ခန့်ညားချောမောနေဆဲဖြစ်တာကို ပရိသတ်ကြီးလည်း လက်ခံကြမှာပါနော်။ အခုဆိုရင် မင်းမော်ကွန်းက နေတိုး ကျော်ကျော်ဗိုလ် ထွန်းထွန်း ရဲလေး မိုးယုစံ ဖူးစုံ […]

လက်စောင်းထက်ရဲ့ သမီးတော်ရာဇဝင် (၇) – ရော့ခ်သီချင်းနဲ့ ပုတီးစိပ်တဲ့ သမီးတော်

October 6, 2019 Myitter 0

လက်စောင်းထက်ရဲ့ သမီးတော်ရာဇဝင် (၇) – ရော့ခ်သီချင်းနဲ့ ပုတီးစိပ်တဲ့ သမီးတော် သမီးတော်တွေဟာ သွားလေရာမှာ ပြောစမှတ်တွင်အောင်ကို စွမ်းဆောင်နိုင်ကြ၊ တော်ကြပါပေတယ်။ ခက်တာက အာဏာရှင်ကြီးရော သူ့ဇနီးကရော ဒီသမီးတော်တွေနဲ့ ပတ်သက်ရင် ဒီလိုတော့မလုပ်နဲ့၊ ဟိုလိုတော့ မလုပ်နဲ့ဆိုပြီး ဆုံးမပဲ့ပြင်ခြင်း လုံးဝမရှိတာပဲ။ သားသမီးတွေအပေါ် အလွန်တစ်ရာမှ သည်းခံ […]

TikTok ဆော့နေတဲ့ မိန်းမကို ဓာတ်လိုက်နေတယ်ထင်ပြီး ဝါးဆစ်ပိတ်နဲ့ ရိုက်ကယ်လိုက်ရာ သေဆုံး

October 6, 2019 Myitter 0

မြင်းခြံမြို့နယ် ဝဲလောင်ကျေးရွာတွင် နေထိုင်သူ မခင်စိန်သန်း သည် လင်ယောင်္ကျားမရှိခိုက် TikTokဖွင့်၍ ဝါယာကြိုးကို မိုက်အဖြစ်အသုံးပြုကာ Rapper ကျားကြီး၏သီချင်းကို သီဆိုပြီးrapအက ကနေသည်ကို အလုပ်မှပြန်လာသော မောင်အောင်တင့် က ဓါတ်လိုက်နေသည်ဟု ထင်ပြီး အနီးရှိ ၃ပေခန့်ရှိသည့် ဝါးဆစ်ပိတ်နှင့် ရိုက်နှက်ကယ်တင်စဉ် ဦးခေါင်းကို ရိုက်မိပြီး ဇနီးဖြစ်သူမှာ […]

မြန်မာမိန်းကလေးတွေ အတုယူရမယ့် အမေစုရဲ့နေထိုင်မှုပုံစံ

October 6, 2019 Myitter 0

တစ်ဖက်သားက မိမိကိုကန်တော့ တော့မယ်ဆိုရင် ခုံပေါ်ကဆင်းတယ် ကန်တော့သူနဲ့ကြမ်းတစ်ပြေးထဲထိုင်တယ် ခြေထောက်မပေါ်အောင် ခြေထောက်လုံအောင် ခြေဖဝါးထိ လုံခြည်နဲ့ဖုံးအုပ်တယ်။ များသောအားဖြင့် နောက်မှီမထိုင်ဘူး မတ်မတ်ပဲထိုင်တယ် ဘုရား သံဃာ စသည်များကိုရှိခိုးပူဇော်ချိန်မှာ ခြေဖဝါးထိလုံအောင် လုံခြည်နဲ့သိမ်းအုပ်တယ်။ အစား အအိပ် နည်းပါးပြီး မျှတအာင်နေတယ်။ သွက်လက်တက်ကြွစွာ လမ်းလျှောက်တယ် ဟာသဥာဏ်ရွှင်တယ် မည်သည့်အခမ်းအနား […]

ကလေးတက္ကသိုလ် ပထမနှစ်ကျောင်းသူတစ်ဦးကိုသတ်ပြီး ဆိုင်ကယ်လုယူသွားသူ ဆိုတာ….😮

October 6, 2019 Myitter 0

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးတက္ကသိုလ် ပထမနှစ်ကျောင်းသူတစ်ဦးကိုသတ်ပြီး ဆိုင်ကယ်လုယူ သွားသည်ဟု သံသယရှိသည့် တပ်ကြပ်ကြီးအဆင့်ရှိ တပ်ပြေးတစ်ဦးဖြစ်သူ ဈာန်မင်းထက်အား ဖမ်းဆီးရမိထားပြီး သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည် ။ဖြစ်စဉ်မှာ ကလေးတက္ကသိုလ်တွင် တက်ရောက်နေသည့် မအေးချမ်းမွန်(ခ) ချမ်းမွန်(၁၈)နှစ် သတ္တဗေဒ(ပထမနှစ်)သည် စက်တင်ဘာ ၂၅ ရက် တက္ကသိုလ်စာမေးပွဲနောက်ဆုံးနေ့က စာမေးပွဲ ဖြေဆိုပြီး […]

အာရှအဆင့် ရွှေတံဆိပ် ရယူနိုင်ခဲ့သော ကာယကြံ့ခိုင်မှုမယ် မသဲဆုအား ဒေသခံများက ဂုဏ်ပြုပွဲဖြင့် ကြိုဆို

October 6, 2019 Myitter 0

၅၃ကြိမ်မြောက် အာရှ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု နှင့် ငွေတံဆိပ်တစ်ခု ရယူဆွတ်ခူးနိုင်ခဲ့သော မသဲဆုအား ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ ဒေသခံ တာဝန်ရှိသူများ နှင့် ပရိသတ်များကဂုဏ်ပြုပွဲဖြင့် ကြိုဆိုခဲ့ကြသည်။ စက်တင်ဘာ ၃၀ရက်မှ အောက်တိုဘာ ၂ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဘာတန်မြို့တွင် ကျင်းပခဲ့သော […]

ယုံကြည့်သူတွေရှယ်ထား မယုံကြည့်သူတွေ ကျော်သွားပါ.. ပြည့်ဝ ချမ်းသာ ရေလုံငွေထုပ် ယတြာ

October 6, 2019 Myitter 0

ငွေလာဘ်ရွှင်ပြီး ငွေဝင်ကောင်းစေမယ့် ပြည့်ဝချမ်းသာ ရေလုံငွေ ထုပ် ယတြာ ပြည့်ဝ ချမ်းသာ ရေလုံငွေထုပ် ယတြာ မိမိဟာ ရသလောက်ငွေတွေ ပြန်ကုန်နေတယ် လာဘ်ပိတ်ပြီး အရောင်းအဝယ် ပါးနေတယ်ဆိုလျင် ဒီ အစီအရင် ယတြာလေးလုပ်ပါ ။ ငွေ ၅၀ တန် သို့မဟုတ် ၅၀၀ […]

မြန်မာနိုင်ငံကဒုတိယအိမ်ဖြစ်နေပြီမို့ အတတ်နိုင်ဆုံးမြန်မာနိုင်ငံအကြောင်းမြှင့်တင်သွားမယ်ဆိုတဲ့ ဖိလစ်ပိုင်ဆယ်လီ Sinon Loresca

October 6, 2019 Myitter 0

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် ) ဖိလစ်ပိုင် က မော်ဒယ် Sinon Loresca ဟာဆိုရင် မြန်မာနိုင်ငံသားတွေကို ချစ်လွန်းလို့ ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်နေတာ ဖြစ်ပါတယ်။ သူဟာဆိုရင် ရန်ကုန် ၊ မန္တလေး မြို့ကြီးတွေကို သွားရောက်လည်ပတ်ခဲ့ပြီးတော့ […]

သမီးလေး စုမြတ်မွန် ရေတိမ်မနစ်ရအောင် မျှဝေပေးကြပါအုံးရှင်

October 6, 2019 Myitter 0

လူပျောက်ကြေညာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် မှုတ်ရှည်အုပ်စု၊ မှုတ်ရှည် ကျေးရွာမှ ဦးမျိုးမြင့်အောင်+ဒေါ်အုန်းမြင့်တို့၏သမီး နဝမတန်းကျောင်းသူ မစုမြတ်မွန်သည် (19.8.2019) ရက်နေ့မှ ယနေ့အချိန်ထိ အဆက်အသွယ်မရ အိမ်ပြန်မလာဘဲ ပျောက်ဆုံးနေပါသည်။ ဖေ့ဘုတ် မှမိတ်ဆွေများ မတော်တဆတွေ့ရှိခဲ့ပါက မိသားစုဝင်များ အရမ်းစိတ်ပူပင် သောကရောက်နေရပါသဖြင့် အိမ်အမြန်ပြန်လာခဲ့ပေးပါလို့။ တွေ့ရှိသူများလည်း အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်ပေးကြပါရန် အကူညီတောင်းခံထားပါသည်။ […]