မျက်ရည်မကျနဲ့ သမီးလေးသနပ်ခါးတွေ ပျက်ကုန်မယ် ဖေဖေလာရင် သနပ်ခါးတွေမမွှေးပဲနေမယ်

ဒီနေ့ကျမယောက်ကျားရှေ့တန်းပြန်ဝင်လာမှာလေဒါကြောင့် သမီးလေးကိုသနပ်ခါးတွေ ဖွေးနေအောင်လိမ်းပေးပီးတပ်ရင်းဂိတ်ရှေ့မှာလာကြိုနေတာယောက်ကျားကပြောတယ်

ဘယ်လောက်ပဲ ပင်ပန်းပါစေကျမပါးနဲ့ သမီးလေးပါး ကို ရှူးကနဲနေအောင်မွှေးလိုက်ရရင်အမောပြေသွားတာပဲတဲ့…

ဪ ကျမပါးမှာ

သနပ်ခါးတွေ မရှိတာလား

ဟုတ်တယ် ကျမတပ်ရေးဗကကြောင့်စိတ်တိုပီးမလိမ်းခဲ့တာရှင်တို့ပဲ စဉ်းစားကြည့်

တနေ့ကပေါ့ ညနေလောက်ကြီးတပ်ရေးဗကတပ်ရင်းမှူးကတော်နဲ့အဖွဲ့တွေ ကျမလိုင်းခန်းလာပီးပြောတယ်

ကျမယောက်ကျားတို့စစ်ကြောင်း ပြန်အလာမှာ ဆွဲမိုင်းကြောင့်‌ကျမယောက်ကျား နေရာမှာတင်ကျဆုံးသွားလို့တဲ့

ရှင်တို့ဘဲ စဉ်းစားကြည့်ဖြစ်နိုင်ပါ့မလားဟိုဘက်ကလက်နက်ကိုင်တွေကလူမျိုး‌ရေးအတွက် တိုက်တာဆို

တိုင်းရင်းသား အခွင့်အရေးတွေအတွက်တိုက်တာဆို ခုလိုအောက်တန်းကျတာလုပ်ပါ့မလားတပ်ရေးဗက ကတော့ပြောတယ်

သူတိုဘိန်းချက်စခန်းတွေကို ကျမယောက်ကျားတို့စစ်ကြောင်းက ဖမ်းမိလို့ ငြိုးနေတာတဲ့

ဘာပဲဖြစ်ဖြစ်ကျမကတော့မယုံဘူးသူတို့မလာခင် တရက်ကတင်ယောက်ကျားနဲ့ဖုန်းရပီးသား

ကျမယောက်ကျားတို့ တပ်စိတ်ရဲ့ ကြိုးစားမှုကြောင့်

ဘိန်းချက်စခန်းကြီးဖမ်းမိလို့ရှေ့တန်းမှာတင်တပ်ကြပ်ကြီး အဖြစ်ရာထူးတိုးသွားပီတဲ့

ဒါကြောင့် သူတို့‌ပြောတာ

မဖြစ်နိုင်ဘူးကျမလည်း စိတ်တိုလို့သူတို့ကို ပြန်ခိုင်းပီးသားအမိနှစ်ယောက် တခါးပိတ်ပီးနေလိုက်တာ

ဘယ်သူလာပြော‌ပြောတံခါးမဖွင့်ပေးဘူးရှေ့တန်းပြန်လာတဲ့

စစ်ကြောင်းမှာယောက်ကျားမပါမှယုံမယ်လို့ ဟုတ်တယ်

ရှေ့တန်းပြန်ဝင်လာမှယောက်ကျား လက်ကိုဆွဲပီးတပ်ရေးဗကကို ကောင်းကောင်းရန်တွေ့ပစ်မယ်

သူက လူပျိုကြီးဆိုတော့ဘယ်နားလည်ပါ့မလဲစကားကောင်းနေတာနဲ့ရှေ့တန်းပြန်စစ်ကြောင်း တပ်ရှေ့ကိုဝင်လာပီ ‌

ဟောရှေ့ဆုံးမှာ အလံတော်အဖွဲ့အနောက်မှာ တပ်ရင်းမှူးဦးဆောင်တဲ့

စစ်‌ကြောင်းကြီးလာပီတပ်ရင်းမှူးက ကျမဆီတန်းလာပါလား

သမီး ကိုယ့်ကိုကိုယ် ဂရုစိုက်နော်တဲ့ သူပြောတာ ကြားသလိုလိုမကြားသလိုလိုနဲ့ဟုတ် လိုတော့ပြန်ပြောလိုက်တယ်

သူ့ကိုဂရုမစိုက်အားဘူးရှင့်ယောက်ကျားကို ကြိုရမှာဆိုတော့

ဟင်တဖြည်းဖြည်းနဲ့စစ်ကြောင်းကလူတွေကုန်တော့မယ်ကျမယောက်ကျားလည်း မတွေ့သေးဘူးသမီးလေး မျက်ရည်တွေကျလို့ပါလား

မျက်လုံးထဲ အကောင်ဝင်လို့ထင်တယ်မျက်ရည်မကျနဲ့ သမီးလေးသနပ်ခါးတွေ ပျက်ကုန်မယ်

ဖေဖေလာရင် သနပ်ခါးတွေမမွှေးပဲနေမယ်

ရှင်ကျမပါးမှာကောမျက်ရည်တွေ ဟုတ်လားမျက်လုံးထဲအကောင်ဝင်သွားလို့ပါ

ငိုနေတာ မဟုတ်ဘူးရှင့်ရှေ့တန်းက ပြန်ဝင်လာတဲ့စစ်ကြောင်းက လူတွေ မကုန်သေးပါဘူးနော်မကုန်ပါစေနဲ့အုန်းရှင်

သူတို့ပြောနေတာမှန်သွားမှာပေါ့ဟုတ်တယ်ခု စစ်ကြောင်းမှာ ကျမယောက်ကျားပြန်ပါလာမှာကျမယုံတယ်

ဒါပေမဲ့ ကျမ တကယ်ငိုနေပီ———-

U Ko Naing: 3-10-2019

ဓါတ်ပုံပိုင်ရှင်အား Credit ပေးပါသည်ဓါတ်ပုံထဲမှ အမတို့ သားအမိကိုလည်းခွင့်တောင်းအပ်ပါသည်