ဒီနေ့မနက် ရုံးသွားဖို့ ၃၃ ကျောက်တန်းကားကို သင်္ဘောကျင်း မှတ်တိုင်ကနေစီးတော့ ၀ါဆိုမှတ်တိုင်အရောက်မှာ ယောင်္ကျားသုံးယောက်တက်လာတယ်….

ဒီနေ့မနက် ရုံးသွားဖို့ ၃၃ ကျောက်တန်းကားကို သင်္ဘောကျင်း မှတ်တိုင်ကနေစီးတော့ ၀ါဆိုမှတ်တိုင်အရောက်မှာ ယောင်္ကျားသုံးယောက်တက်လာတယ်….

သူတို့ကို သတိထားမိတယ်ဆိုတာက ကားထွက်ပြီး မှတ်တိုင်အကျော်မှ နောက်က အသဲသန်တားပြီး တက်လာတာ ကားကျပ်မှန်းသိနေတော့သူတို့အတွက် ဂွင်ပဲလေ…

နောက်တော့ ကားက အသေကျပ်တော့ ကားလက်တန်းကို လက်နှစ်ဖက်နဲ့ ကိုင်တဲ့ အချိန် သူတို့က ကိုယ့်ဖုန်းကို ခိုးသွားပြီ ကားကမင်္ဂလာဈေးနားရောက်တော့ လူတွေဆင်းပြီ နဲနဲရှင်းသွားတော့ ကိုယ့်အိတ်ကို ကြည့်မိတယ်…

ဖြစ်ချင်တော့ အဲ့ထဲက တယောက်က ဘာရှိဦးမလဲ ထပ်နှိုက်တဲ့အချိန် ကိုယ်မိရော ဖုန်းက အိတ်ထဲ လုံးဝမရှိတော့ဘူး ပြန်ပေးဖို့တောင်းတယ်မယူဘူး ဘူးခံ ငြင်းတာအသားကုန် သူ့အိတ်ထဲရှာကြည့်ပေါ့သူကပဲ ဖြူစင်သလိုပုံစံနဲ့ကားသမားကို တံခါးပိတ်ထားပြီး..

ဘေးနားက အကိုကြီးတွေက ဖုန်းခေါ်ဖို့ပြောတယ် အဲ့ဒီမှာ သူခိုးတစ်ကောင်က ဖုန်းကို ယူထားပြီး လက်တင်ကိုင်ထားတာ လိုက်ရှာပေးတဲ့အကိုကြီးတယောက်က ဒါညီမဖုန်းလားမေးတယ်….

ဟုတ်တယ်ဆိုရော အဲ့ကောင်ဆီက ဖုန်းပြန်ယူပြီး အဲ့ကောင်ကို အကိုကြီးတွေ ရိုက်ပစ်လိုက်တယ် ကောင်က ဖုန်းက ပြုတ်ကျလို့ သူ့ကောက်ယူထားတာပါတဲ့ အိတ်ထဲ မှာထည့်ထားတဲ့ ဖုန်း အောက်ကျစရာလား….

အဲ့ သူခိုးသုံးကောင်ကလည်း တစ်ကောင်နဲ့ တစ်ကောင် မသိပါဘူးတဲ့ ထပ်ပြောပြန်ရော အဲ့ကောင်ခိုးတာ ဟိုကောင်ခိုးတာနဲ့ လွှဲချတယ် အဲ့ဒီမှာ ကူညီပေးတဲ့ အကိုကြီးတွေက ညီမဘယ်လိုဆန္ဒရှိလဲတဲ့ စခန်းသွားမလားတဲ့ သွားမယ်ပြောလိုက်တယ်….

အဲ့ဒီမှာစပါပြီ လူ့ပတ်ဝန်းကျင်နေပြီး လူ့အသိစိတ်မရှိတဲ့သူတွေ ကိုယ့်လက်ထိပ်ထိမှ ကိုယ်နာတတ်သူတွေ “ဟဲ့ ဇယားတွေရှုပ်မနေနဲ့ ငါတို့က ရုံးသွားနေတာ နောက်ကျတော့မှာပဲ နင်က အိတ်ဖွင့်တယ်သာပြောနေတာ….

အခုဖုန်းပြန်ရပြီ စခန်းတွေ ဘာတွေနဲ့ လျှာရှည်မနေနဲ့ ငါတို့အလုပ်သွားရမှာ နင်က အိတ်ကိုမှ ဂရုမစိုက်တာ သူခိုးတာနင်မြင်လို့လား” အဲ့လိုထပြောတာ အသက် ၄၀ကျော် ၅၀နီးပါး အဒေါ်ကြီးတယောက်“အခုဖုန်းပြန်ရနေပြီပဲ…

အမတို့က ကိစ္စရှိနေလို့ ရှေ့မှတ်တိုင်သွားမှာ စခန်းသွားလို့ အမတို့ပါ လိုက်ရရင် ပြသနာတက်မှာ” အသက် ၃၀အရွယ် အမျိုးသမီးတယောက်အဲ့ဒီမှာ ကိုယ်ကိုကူညီတဲ့ အကိုကြီးနှစ်ယောက်က ကိုယ့်ပစ္စည်းများပျောက်ခဲ့ရင် ခင်ဗျားတို့အဲ့လိုနေမလား လူ့ပတ်ဝန်းကျင်နေပြီး လူစိတ်မရှိကြတာ

အသက်ကြီးပြီး အချိန်မစီးဘူး ခင်ဗျားတို့အခိုးခံရမှ နားလည်မယ်ပြောလိုက်တယ်

ကိုယ်ကားပေါ် အားကိုးစရာကြည့်လိုက်တော့ ကိုယ့်ကို ကူညီတဲ့ အကိုကြီးနှစ်ယောက်ပဲ တွေ့တယ် စပယ်ယာနဲ့ ကားသမားကလည်း သူခိုးတွေကို သိနေပြီးသားပုံစံ အင်းမလုပ် အဲမလုပ် အမျိုးသမီးအများစုကိုယ်ကိုကြည့်တဲ့ မျက်လုံးက လျှာရှည်အလုပ်ရှုပ်ဦးမယ်ဆိုတဲ့ ပုံစံ အကိုကြီးနှစ်ယောက်ကတော့ ညီမလေး စခန်းသွား အကိုတို့ရှိတယ်တဲ့…

 

 

အဲ့ချိန်အသဲသန်တွေ ပြေလည်ခိုင်း မပြေလည်ရင် လူ့စိတ်မရှိတော့မယ့် လူတယောက်လို ကိုယ်ကို ပြောဆိုနေတာ အမျိုးသမီးအများစု အခြေအနေက ချက်ချင်းပြောင်းပြန်ဖြစ်သွားတယ် သူခိုးတွေက စင်ပေါ်က သိလိုက်တယ် လူ့အဖွဲ့အစည်းမှာကူညီတတ်တဲ့ဘယ်လောက်ရှားတယ်ဆိုတာ သူခိုးတွေဆိုတာ လူ့စိတ်တွေ ကောင်းကောင်းသိလို့ သူတို့အခုချိန်အထိနေနိုင်နေတာ

ကူညီတဲ့အကိုကြီးနှစ်ယောက်ကိုလည်း ခုနက အဒေါ်ကြီးက အလုပ်ရှုပ်တဲ့ ကောင်တွေဆိုပြီး ပြောဆိုသွားတာရစရာမရှိ ဟိုအကိုကြီးတွေကလည်း ပြောလိုက်တယ် အသက်သာကြီးတိုင်း လူကြီးမဟုတ်ဘူး

ခင်ဗျားပစ္စည်းဖြစ်ရင် ခင်ဗျားအခုလိုနေနိုင်မလား ခင်ဗျားအလှည့်ဘယ်သူမှကူညီမယ့်သူရှိမှာမဟူတ်ဘူးဆိုပြီး ပြောပစ်လိုက်ကြတယ်

 

 

အဲ့ချိန် သူခိုးတွေက အေးဆေးဖြစ်နေပြီ လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ချို့ယွင်းမှုကို သူတို့ကောင်းကောင်းသိတယ်လေ ကားက မီးပွိုင့်လွှတ်တော့ ရှေ့ တစ်မှတ်တိုင်ဆို ဂိတ်ဆုံးပြီ အများစုက ရွှေပြည့်စုံဈေးမှာ ဆင်းကြတယ် သူခိုးတွေက လူ့အုပ်ကြားထဲပြေးဆင်းလို့

ကိုယ်လည်းလိုက်မဖမ်းချင်တော့ဘူး ဖုန်းလည်းပြန်ရသလို အခုချိန်မှာ ကိုယ်ကလိုက်ဖမ်းရင် အတော်လျှာရှည် အလုပ်မရှုပ် ရှုပ်အောင်လုပ်တဲ့သူဖြစ်တော့မယ်…

 

 

အဲ့ချိန် ကားပေါ်ကဆင်းပြီး မှတ်တိုင်ကနေ လူတွေကိုလိုက်ကြည့်နေတုန်း ဘေးနားမှာ တစ်လျှောက်လုံးကူညီပေးလာတဲ့ အကိုကြီးနှစ်ယောက်က ပညာတတ်တွေမဟုတ်ပေမယ့် အလုပ်ကြမ်းသမားတွေ ဖြစ်နေပေမယ့် သူတို့တောင် ပြောတဲ့စကားက လူ့အဖွဲ့အစည်းကဒီလိုတောင်ဖြစ်နေပါပြီလားတဲ့…

ကိုယ်လိုပဲဖြစ်တဲ့သူတွေ ဘယ်တော့မှ လူ့ပတ်ဝန်းကျင်မှာ အကူညီရဖို့မမျှော်လင့်ကြနဲ့ တကယ်လို့ ကိုယ့်ဘက်က ခံစားရသူဖြစ်နေသည့်တိုင် သူတို့အတွက်အနှောက်အယှက်ဖြစ်ရင် ကျူးလွန်သူက အပြစ်မဟုတ်ဘဲ သူတို့ကို အလုပ်ရှုပ်အောင်လုပ်သူက အပြစ်ဖြစ်စေတယ်တဲ့…

သူခိုးတွေကိုလည်း ရှောင်လို့ရအောင် တင်ပေးလိုက်ပါတယ် ဒါတောင်အကိုကြီးတွေ ၀ိုင်းဖမ်းတုန်းက ရိုက်ထားလို့ အဖက်တင်ခဲ့တာ

credit Ya Min Cho