ဒေါ်စုဒါလီအောင်ဘက်က ရပ်တည်ပေးကြပါ

ဒေါ်စုဒါလီအောင်ဘက်က ရပ်တည်ပေးကြပါ

ရှေ့ နေ့ သည် သူ့ အလုပ်သူလုပ်ခွင့်ရှိရမယ်အမူ့ အ ကြောင်းအရာ ပြောခွင့်ရှိရမယ်သတင်းသမားလည်း သတင်းဖြစ်တာကိုပြောခွင့်ရှိရမယ်မုဒိမ်းကျင့်တယ်လို့ စွတ်စွဲခံရသူလည်းသူကျင့်မကျင့်ပြောပိုင်ခွင့်ရှိတယ်

ဂုဏ်သိက္ခာလို့ ပြောရင်ဗစ်တိုးရီးယား သမီးငယ်ရဲ အနာဂတ်ဂုဏ်သိက္ခာသူ့ မိဘနှစ်ဦးရဲ့လက်ရှိနဲ့ အနာဂတ် ဂုဏ်သိက္ခာ

အောင်ကြီးရဲ့ လက်ရှိ နဲ့အနာဂတ်ဂုဏ်သိက္ခာအောင်ကြီး မိဘ မိသားစုရဲ့ ဂုဏ်သိက္ခာ

သူတို့ မှာလည်း ကိုယ်စီကိုယ်စီဂုဏ်သိက္ခာတွေ ရှိကြပါတယ်

လူတိုင်း ဂုဏ်သိက္ခာဆိုတာရှိကြပါတယ်

ဂုဏ်သိက္ခာဆိုတာဆင်းရဲ့ ချမ်းသာက လေး လူကြီးရာထူး ရှိ မရှိဆိုတာတွေနဲ့တိုင်းတာမရပါ။

ဒေါ်စုဒါလီအောင်အပေါ် စွဲဆိုမှုသည် သမီးလေး ဖခင်ရဲ့ ရုံးချိန်း အပြီး ၁၄.၈.၂၀၁၉ က ဘီဘီစီကို တရားရုံးက အထွက်မှာ ဖြေခဲ့တဲ့ စကားပေါ် မူတည်ပြီးတော့ အမှုကို တည်ဆောက်တာပါ။ ဖြေခဲ့တဲ့ လင့်က အောက်မှာပါ

ဒီနေရာမှာ ဒီလို ဖြေတာသည် ဒေါ်စုဒါလီသည် ပုဂ္ဂိုလ်ရေးအရ ပြောတာ မဟုတ်ပဲ တရားခံလို့ စွဲချက် တင်ခံရတဲ့ အောင်ကြီး ကိုယ်စား အများပြည်သူကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ထုတ်ပြန်တဲ့အပေါ်မှာ မူတည်ပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆို ခံရတာပါ။ ဒီလို စွဲဆိုမှု အောင်မြင်သွားခဲ့ရင်

၁- လက်ရှိ ရှေ့နေလောကကို ထိခိုက်နိုင်ပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်လည်း တရားစွဲ ခံရနိုင်တယ် ဆိုတာ ဖြစ်သွားနိုင်ပါတယ်။

၂- မီဒီယာကို ဖြေဆိုမှုကို လူတွေ ကြောက်ရွံ့သွားနိုင်ပါတယ်။ မီဒီယာလွတ်လပ်ခွင့် နောက်ပြန် ဆုတ်သွားနိုင်ပါတယ်။

၃- ရဲက အမှုဖွင့်ရင် စွဲပေးမှာပါပဲ။ မေးစရာ ရှိတာ ဥပဒေ အကြံပေးကနေ ဘာလို့ ဒီလို မသင့်လျော်တဲ့ စွဲဆိုမှုကို လက်ခံပြီး တရားရုံး တင်ဖို့ အကြံ ပေးခဲ့ရတာလဲ။ ဒါ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။

ဒါကြောင့် ဒီလုပ်ရပ် အပေါ် မူတည်ပြီး ဘယ်လို တုံ့ပြန်ဖို့ လိုမလဲ။ တွေးမိသမျှ ရေးပါတယ်

ဒေါ်စုဒါလီအောင်

ဒေါ်စုဒါလီ အနေနဲ့ အမှုကို ရင်ဆိုင်မယ် ပြောတာနဲ့တင် မလုံလောက်တော့ပါ။ အခုလို စွဲဆိုတာဟာ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိပါးခံရတာပါ။ ဒါကြောင့် ပြန်လည် တရားစွဲဆို သင့်ပါတယ်။ စွဲဆိုရမယ့် အချက်တွေ၊ ဥပဒေတွေကို ကျန်တဲ့ ရှေ့နေတွေက ၀ိုင်းဝန်း ရှာဖွေ ပေးရပါမယ်

ရှေ့နေများ

ဆရာဦးခင်မောင်ဇော် အပါအ၀င် ရှေ့နေများသည် ဒါ ငါတို့ ပရော်ဖက်ရှင်နယ်ကို ထိပါးတာပဲ၊ ပရော်ဖက်ရှင်နယ်အရ အလုပ်လုပ်မှုကို ခြိမ်းခြောက်တာပဲ ဆိုတာမျိုး မြင်ဖို့ လိုပါတယ်။ ၀န်းရံဖို့ လိုပါတယ်။ ပါဝါတင် လိုက်ပါ ဆောင်ရွက်ဖို့၊ ဒေါ်စုဒါလီဘက်က ရပ်တည်ပေးဖို့ လိုပါတယ်။

မီဒီယာများ

ဘီဘီစီ အပါအ၀င် မီဒီယာတွေဟာလည်း ဒါဟာ မီဒီယာကို ပြည်သူတွေ မဖြေရဲအောင် လုပ်လိုက်သလို ဖြစ်တာကို မြင်ရပါမယ်။ ဒါ အောင်မြင်သွားရင် မီဒီယာ သတင်းရယူပိုင်ခွင့် အခက်အခဲတွေ တွေ့လာတော့မယ် ဆိုတာ သိပြီး အမှန်တရား ဖေါ်ထုတ်ဖို့ အားထုတ်ပေးရပါတော့မယ်။

ပြည်သူတွေ

ဒေါ်စုဒါလီအပါအ၀င် အမှန်တရားဖေါ်ထုတ်သူမှန်သမျှကို ၀န်းရံပေးဖို့ လိုပါတယ်။ ပြည်သူပါမှ အရွေ့တခု ဖြစ်မှာပါ။ ဗစ်တိုးရီးယားလေး အမှုနဲ့ ယှဉ်တွဲ ဖြစ်ထွန်းလာတဲ့ အမှု မှန်သမျှသည် တရားဥပဒေ စိုးမိုးရေး အရွေ့ တခုစီကို ဦးတည်သွားနေတဲ့ Impact litigation တွေ ဖြစ်တယ် ဆိုတာကို သိရပါမယ်။ ပြည်သူတွေ အားလျော့လို့ မရပါဘူး။ ပြည်သူ့အားကို အလိုဆုံး အချိန်ပါ။ ပြည်သူမပါပဲ ဘယ်အရွေ့မှ မဖြစ်မြောက်ဘူးဆိုတာ ကျွန်တော် အနက်ရှိုင်းဆုံး ယုံကြည်ပါတယ်။

သက္ကမိုးညို

Crd လေး​စားစွာဖြင့် TunWinAung​(Bago)​🇲🇲