နောက်ဆက်တွဲသတင်းများအားဆက်လက်တင်ပေးသွားပါမည် ဗစ်တိုးရီးယား နဲ့ အိသက်ရှည်

နောက်ဆက်တွဲသတင်းများအားဆက်လက်တင်ပေးသွားပါမည်

ဗစ်တိုးရီးယား နဲ့ အိသက်ရှည်

ကျနော်ဟာ ပညာတတ်စာရေးဆရာ တစ်ယောက်မဟုတ်သလို သတင်းရေးနေကျ သတင်းမီဒီယာ သမားတစ်ယောက်လဲမဟုတ်ပါဘူး…

ဥပဒေအကြောင်းနားလည်တဲ့ ဥပဒေသမားဆိုဝေးပေါ့ ရိုးရိုးသာမန် ကွမ်းစိုက်စားတဲ့ တောင်သူထဲက တောင်သူတစ်ယောက်ပါပဲ ဒီတော့ ကျနော့် post တင်ထားတဲ့စကားလုံးတွေထဲမှာ အမြီး အမောက် တည့်ချင်မှတည့်မယ် လိုအပ်ချက်တွေဖြစ်ခဲ့ရင်လဲဖြစ်မယ်ရင်ထဲကခံစားချက်ကို ခံစားမှုအတိုင်းရေးတင်လိုက်ရတာပါ အဲ့ဒီအတွက် နားလည်မှုများစွာနဲ့ ဖတ်ရှုပေးစေလိုပါတယ်…

အခုကျနော်တို့ လတ်တလောရက်ပိုင်း မြန်မာပြည်မှာ ဂယက်ထနေတဲ့ နေပြည်တော်က ဗစ်တိုးရီးယားနဲ့ မုံရွာတောင် မအူကြီးရွာက မအိသက်ရှည် တို့ရဲ့ဖြစ်စဉ်လေးတွေ အပေါ်ထားတဲ့ စိတ်ကလေးတွေကိ နှိုင်းယှဉ်ပြချင်လို့ပါ ခလေးနှစ်ယောက်စလုံးက မြန်မာပြည်အတွင်းနေထိုင်တဲ့ မြန်မာလူမျိုးတွေပါ အစစအရာရာနှိုင်းယှဉ်မယ်ဆိုရင်တောင် မုံရွာက အိသက်ရှည်က နိမ့်ကျနေပါသေးတယ်…

ပထမဆုံး ဗစ်တိုးရီးယားလေးရဲ့ဖြစ်စဉ်ကို သိသလောက်အကျဉ်းချုံ့ပြောပါရစေ ဖြစ်စဉ်က သက်ငယ်မုဒိမ်းမှုလို့သတ်မှတ်ထားတယ် အခုချိန်ထိ အထောက်အထားခိုင်ခိုင်မာမာ မပြနိုင်သလိုအမှုလဲ မပြီးပြတ်သေးဘူးနော် မြန်မာပြည်တင်မကဘူး ကမ္ဘာအနှံ့တောင် သိသွားအောင် ကျနော်တို့မြန်မာတွေ သွေးစည်းခဲ့ကြတယ် စိတ်ဓါတ်တွေ တက်ကြွ.ခဲ့ကြတယ်…

ရင်ထဲက မတရားမှုတွေကို ပေါက်ကွဲပြကြတယ် တခမ်းတနားကြီးပေါ့ဗျာ သတင်းမီဒီယာကလဲ သတင်းမီဒီယာကတဆင့် ပြည်သူတွေကလဲ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အမျိုးမျိုးကူညီလှုံ့ဆော်ပေးကြတယ် ဒီကိစ္စတွေက ဗစ်တိုးရီးယားအပါအဝင်ခလေးရဲ့မိသားစုကကမ္ဘာသိအောင် မြန်မာပြည်အနှံ့သိအောင် ကူညီကြပါဝိုင်းဝန်းကြပါလို့ တစ်တိုင်းပြည်လုံးကို တောင်းဆိုမယ်မထင်ပါဘူး ဒါပေမယ့် အဲ့ဒီအတိုင်းဖြစ်သွားအောင် ကျနော်တို့မြန်မာတွေ လုပ်ပြနိုင်ခဲ့ကြတယ် ဗစ်တိုးရီးယားဖြစ်စဉ်ကဒီလောက်ပဲပြောပါရစေ…

အခုနောက်ထပ်ပြောချင်တာ ကျနော်တို့ရွာက ခလေး မအိသက်ရှည်ဖြစ်စဉ်ကလေးဒီဖြစ်စဉ်ကိုလဲ အကျဉ်းချုံ့ပြောပါရစေ….

ဖြစ်စဉ်က ဘုရားပရဝုဏ်အတွင်းမှာ ဒုတိယနှစ်ကျောင်းသား(တောင်ငူ)က စာကျက်နေသလို ခလေးအချို့ကလဲ ခလေးသဘာဝအလျောက် ဆော့ကစားနေကြတယ်…

အဲ့ဒီအချိန်မှာ ကျောင်းသားက ဘုရားအနီးက သူငှါးရမ်းနေတဲ့ အိမ်ကိုသွားပြီး အသွား ၉ လက်မခန့်လောက်ရှိတဲ့ ဟင်းလှီးဓါးနဲ့ ဆော့ကစားနေတဲ့ ခလေးသုံးယောက်ထဲက အကြီးဆုံး မအိသက်ရှည်ရဲ့ဦးခေါင်း / လည်ပင်း/ဝမ်းဗိုက်တို့ကို မသေမချင်းရက်ရက်စက်စက်ထိုးသတ်ခဲ့တယ်…

ခင်ဗျားတို့မျက်စိထဲမြင်ကြည့်လိုက် အိသက်ရှည်အနေနဲ့မဟုတ်ဘဲ ကိုယ့်သမီး ကိုယ့်တူမ ကိုယ့်နှမ ကိုယ့်မြေး ကုန်ကုန်ပြောရရင် မိဘတစ်ယောက်အနေနဲ့မြင်ကြည့်လိုက်စမ်းပါ….

ဘယ်လောက်ရင်ထုမနာဖြစ်လိုက်လေချင်း အဲ့ဒီလို လူမဆန်တဲ့ လူသတ်သမားတစ်ယောက်ကြောင့် အပြစ်မဲ့တဲ့ ဘာမှမသိသေးတဲ့ (၈)နှစ်ရွယ်ခလေးငယ်လေးဟာ သူချစ်တဲ့ မိသားစု သူချစ်တဲ့ ကစားဖော်ကစားဖက်ခလေးတွေ သူချစ်တဲ့ရွာကလေး အားလုံးကို စွန့်ခွါပြီး အသက်ဆုံးရှုံးသွားရပြီ အိသက်ရှည် ဖြစ်စဉ်လေးက ဒီလောက်ပဲပြောပါရစေ…

ကဲအခု အထက်က ကျနော်ပြောခဲ့တဲ့ ဗစ်တိုးရီးယားနဲ့ အိသက်ရှည် ဖြစ်စဉ်နှစ်ရပ်လုံးမှာ ဘာတွေကွဲလွဲနေလဲကျနော့်အမြင်လေးကိုတင်ပြပါရစေ..

ဗစ်တိုးရီးယားဖြစ်စဉ်က သက်ငယ်မုဒိမ်းမှုလို့သတ်မှတ်တယ် သတ်မှတ်လို့သာ သတ်မှတ်တာ အခုချိန်ထိ အထောက်အထားခိုင်ခိုင်မာမာမပြနိုင်သလို တရားခံလဲ ဘယ်သူဘယ်ဝါ ပါဆိုတာ ဥပဒေရေးရာအရ ဖမ်းဆီး အရေးယူခြင်းမရှိသေးဘူးထင်ပါတယ် …

ဒါပေမယ့်အပြင်မှာဖြစ်ပျက်နေတဲ့ ကျနော်တို့ မြန်မာလူမျိုးတွေကတော့ ကြွေးကြော်သံအမျိုးမျိုးနဲ့ ဘာမှအကောင်အထည်မပေါ်သေး မသိရသေးတဲ့ဗစ်တိုးရီးယားရဲ့ အမှုကို တစ်နိုင်ငံလုံး လှုံ့ဆော်ဆန္ဒပြခဲ့ကြတယ် အပြစ်ပြောတာမဟုတ်ဘူးနော်

ကျနော်တို့မြန်မာလူမျိုးတွေ သွေးဘယ်လောက်စည်းသလဲဆိုတာ ဖော်ကျူးတာ ဟုတ်ပြီဒါက ဗစ်တိုးယားမအိသက်ရှည်ဖြစ်စဉ် ရက်ရက်စက်စက်အသတ်ခံရတယ်

လူသတ်မှု သတင်းက တိကျတယ် အထောက်အထားတွေရှိတယ် တရားခံကိုလဲဖမ်းမိထားတယ် ဒီလူသတ်မှုမှာ အခုလက်ရှိဖြစ်နေတာတွေက လူသတ်မှုအကြောင်းဖြေဆိုထားတဲ့ သူက အလုံးစုံသိတဲ့ ရွာခံမဟုတ်ဘဲ ရဲမှုး ဝင်းနိုင်ဖြစ်နေတယ်

ဖြေဆိုချက်ကလဲ အမှုကတကယ်ဖြစ်နေတာထက်ပေါ့လျော့နေတယ် မမှန်ကန်ဘူးပြောချင်တယ် နောက် ရွာခံ အာဏာပိုင်အဖွဲ့အစည်းအချို့နဲ့ကျေးရွာလူကြီးအချို့ကလဲ ကျန်ရစ်သူ မိသားစုကို ငွေယူပြီး ကျေအေးလိုက်ဖို့ တောင်းဆို မြှုဆွယ်နေတယ် အိသက်ရှည်ရဲ့မိသားစုရဲ့ စိတ်ဓါတ်ကလဲ ပြတ်တယ်…

သူပြောတဲ့စကားတခွန်းကလဲ လေးစားတယ် !!! ကျုပ်တို့က ဒီထက်လဲ မမွဲနိုင်တော့ပါဘူး အမှုကို အမှန်တရားအတိုင်းသာဖြစ်အောင်လုပ်ပေးကြပါ!!!တဲ့ကဲဘယ်လောက်သနားစရာကောင်းလိုက်သလဲ…

ကျနော်ပြောချင်တာက ဗစ်တိုးရီးယားခလေးငယ်ရဲ့ဖြစ်စဉ်ကို သက်သေအထောက်အထား တရားခံ ခိုင်ခိုင်လုံလုံမရှိပဲ သက်ငယ်မုဒိမ်းဆိုတဲ့ခေါင်းစဉ်လေး တတ်လိုက်ယုံနဲ့ တစ်နိုင်ငံလုံး ကမ္ဘာကပါသိအောင် ကျနော်တို့ လူမျိုးတွေ အမျိုးမျိုး ပျံ့နှံ့အောင်လှုံ့ဆော်ပေးခဲ့ကြတယ် အခု မအိသက်ရှည်ရဲ့ ဖြစ်စဉ်မှာ ဗစ်တိုးရီးယားလို အရှက်ရယုံမဟုတ်ဘူး…

အသက်ပါပေးလိုက်ရတာ အရှက်က ငွေရှိရင် ဖုံးလို့ရတယ် အသက်က ငွေဘယ်လောက်ပေးပေး ပြန်ရယူလို့ မဖြစ်နိုင်တော့ဘူးလေ ဒီတော့ ကျနော်တို့ ရွာသူရွာသား မုံရွာသူ/မုံရွာသားအပါအဝင် တစ်နိုင်ငံလုံး ကမြန်မာလူမျိုးတွေ အသတ်ခံရတဲ့ အိသက်ရှည်လေးအတွက် ဘယ်လို ဝန်းရံပြီး အကူအညီပေးကြမလဲ ဒီနေရာမှာ အိသက်ရှည်မဟုတ်ဘဲ ငါ့သမီး ငါ့မြေး ငါ့ညီမ ငါ့တူမ ဆိုတဲ့အတွေးလေးနဲ့ကူညီပေးကြပါ…

ဝိုင်းဝန်းပေးကြပါ ဒီ ပို့စ်ကို လဲမျှဝေပေးကြပါ အမှု့ အသွားအလာကိုလဲ လေ့လာ နားစွင့်ပေးကြပါလို့ အိသက်ရှည်ရဲ့ မိသားစု ကိုယ်စား ကျနော် အနူးအညွတ်တောင်းဆိုပါရစေ ။ ။ (သမာဓိ – ကုန်စုံဆိုင်)

ကိုသန့်ဇင်ဝင်း(ရဲမောင်)မအူကြီးကျေးရွာအရှေ့ရပ်Ye Hein Zaw