ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာ





Unicode Version

Maldives International Challenge 2019 ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်ကြက်တောင်မယ် သီထရန်ဗူက မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာကို ၂၁-၁၄၊ ၁၅-၂၁၊ ၂၁-၁၆ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားခဲ့ပါတယ်။

မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပနေတဲ့ MALDIVES INTERNATIONAL CHALLENGE 2019 ပြိုင်ပွဲမှာတော့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်ရိုက်အားကစားမယ် သက်ထားသူဇာာဟာ အခုပြိုင်ပွဲမှာ နိုင်ခြေအဆင့် ၅ ရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ ဘူဂေးရီးယားကြက်တောင်မယ် Linda ZETCHIRI ကို (၂၁ -၈) ၊ (၂၁ – ၁၁) တို့နဲ့ ၂ ပွဲပြတ်အနိုင်ယူကာ ကွာတားဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့ပါတယ်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရဖို့ မနေမနား ကြိုးစားနေတဲ့ သက်ထားသူဇာဟာ (၁၈)ရက်အတွင်း ပြိုင်ပွဲ(၃)ရပ် ကစားခဲ့ရလို့ ပွဲပန်းနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲ(၃)ရပ်လုံးမှာ ရွှေတံဆိပ်ဆုနဲ့ ဝေးကွာခဲ့ရပါတယ်။

Source: Thet Htar Thuzar