မြန်မာပြည်အနှံ့ သွားလာကျက်စားပြီး မိန်းကလေးများကို လိမ်လည်ချိန်းတွေ့နေသူအား ဖမ်းမိ
မြန်မာပြည်အနှံ့ သွားလာပြီး ကာမနှင့် ငွေကြေးလိမ်လည်ရယူခဲ့သူ မြန်မာပလာဇာအနီး၌ ဖမ်းမိ
မြန်မာပြည်အနှံ့သွားလာပြီး မိန်းကလေး များကို ချဉ်းကပ်၊ ချိန်းတွေ့ပြီး ကာမလိမ်လည် ရယူခဲ့သည့် အမျိုးသားကို ရန်ကုန်မြို့ မြန်မာပလာ ဇာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးခဲ့သူ တစ်ဦးထံမှ သိရသည်။
ဖမ်းဆီးရမိထားသူမှာ ကရင်ပြည်နယ် ဘားအံမြို့မရဲစခန်းက (ပ)၉၆၈/၂၀၁၉၊ပြစ်မှုဥပဒေပုဒ်မ-၃၈၀နှင့် (ပ) ၉၆၉/၂၀၁၉၊ ပြစ်မှုဥပဒေပုဒ်မ- ၄၂၀ အမှုဖြင့်အလိုရှိနေသည့် ဇွဲပြည့်ဟိန်းထက် (ခ) ဇွဲမာန် (ခ) ဇွဲပြည့် (ခ) ညီညီမင်းထက်ဖြစ်ပြီးရဲအရာရှိတစ်ဦး၏အကူအညီဖြင့် ၎င်းကိုယ်တိုင်စုံစမ်းကာ မြန်မာပလာ ဇာအနီး ဖမ်းဆ်ီးရမိခဲ့ပြီး ရန်ကင်းမြို့မ ရဲစခန်းသို့ အပ်နှံပေးခဲ့ကြောင်း သိရသည်။
သတင်း – နိုင်ဝင်းစိုး
စံတော်ချိန်
Unicode
မြန်မာပြည်အနှံံ့ သွားလာပြီ း ကာမနှှင့် ငွေကြေးလိိမ်လည်ရယူခဲ့သူ မြန်မာပလာဇာအနီး၌ ဖမ်းမိိ
မြန်မာပြည်အနှံံ့သွားလာပြီး မိန်းကလေး များကို ချဉ်းကပ်၊ ချိန်းတွေ့ပြီး ကာမလိိမ်လည် ရယူခဲ့သည့် အမျိုးသားကို ရန်ကုန်မြို့ မြန်မာပလာ ဇာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးခဲဲ့သူ တစ်ဦးထံမှ သိရသည်။
“သူကမြန်မာပြည်အနှံ့သွားလာပြီး ကောင် မလေးတွွေကို ချဉ်းကပ်ပါတယ်။ ချိန်းတွေ့ပြီး ကာမကိို လိမ်လည်ရယူပါတယ်။ ပြီးတော့ ကောင် မလေးတွေဆီက ပစ္စည်းနဲ့ ငွေကြေးတွေကို လိမ် လည်ရယူပြီး ထွက်ပြေးတိမ်းရှောင်ပါတယ်။ ကောင်မလေးတွေအနေနဲ့ ရှက်လို့ အမှုဖွင့်ထား ခြင်းတော့မရှိပါဘူး။ အဲဒီဖြစ်စဉ်တွေကို လမ်းပြ ကြယ်ကွန်ရက်(ပြင်ဦးလွင်)မှ ဒေါ်မြအေးငြိမ်းက ကျွန်တော့်ထံ ပြောပြအကူအညီတောင်းပါတယ်။ ဒါနဲ့ ရန်ကုန်က ရဲအုပ်ရာဇာမြငြိမ်းနဲ့ ကိုဝေလင်းတို့ဆီ ဆက်သွယ်ပြီးထပ်ဆင့် အကူအညီတောင်းခံခဲ့ပါတယ်။ ကိုဝေလင်း fake accountနဲ့ အဲဒီလူလိမ်ကို ချဉ်းကပ်ပြီး လက်ရဖမ်းဆီးပေးခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့လူကောင်းတွေ စည်းလုံးနေရင် လူယုတ်မာတွေအတွက် နေရာမရှိပါဘူး။ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မနေကြဖို့ တိုက်တွန်းအပ်ပါတယ်”ဟုတရားခံဖမ်းဆီးရမိရေး ကူညီဆောင်ရွက်ပေးခဲ့သည့် ဉီးမြတ်သူဟိန်းက စက်တင်ဘာ ၂၀ ရက် ညနေပိုင်းတွင် စံတော်ချိန်သို့ပြောဆိုသည်။
ဖမ်းဆီးရမိိထားသူမှာ ကရင်ပြည်နယ် ဘားအံမြို့မရဲစခန်းက (ပ)၉၆၈/၂၀၁၉၊ပြစ်မှုဥပဒေပုဒ်မ-၃၈၀နှင့် (ပ) ၉၆၉/၂၀၁၉၊ ပြစ်မှုဥပဒေပုဒ်မ- ၄၂၀ အမှုဖြင့်အလိုရှိနေသည့် ဇွဲပြည့်ဟိန်းထက် (ခ) ဇွဲမာန် (ခ) ဇွဲပြည့် (ခ) ညီညီမင်းထက်ဖြစ်ပြီးရဲအရာရှိတစ်ဦး၏အကူအညီဖြင့် ၎င်းကိုယ်တိုင်စုံစမ်းကာ မြန်မာပလာ ဇာအနီး ဖမ်းဆ်ီးရမိခဲ့ပြီး ရန်ကင်းမြို့မ ရဲစခန်းသို့ အပ်နှံပေးခဲ့ကြောင်း သိရသည်။
“သူက လူလိမ််၊ ကရင်ပြည်နယ်က ကောင်မလေး လေးယောက်ကိို ခိုးယူပေါင်းသင်းတယ်။ ဆိုင်ကယ်ကို လစ်ပြေးတယ်။ ဖုန်းခိုးပြေးတယ်။ ရောက်ရာအရပ် က ကောင်မလေးတွေကို သားမယားအဖြစ်် ပြုကျင့်တယ်။ အနယ်နယ်အရပ််ရပ် က သမီးပျ်ိုတွေကို ပေါင်းသင်းနေခဲ့တာ။ မန္တလေးမှာ ဒီတရားခံကို ဖမ်းဆီးပေးဖို့ သက်ဆိုင်ရာကို သတင်းပေးအကြောင်း ကြားခဲ့ပါသေးတယ်။ ကျွန်မတို့ Z w e K a b i n Image အဖွဲ့နဲ့ အတူ တရားခံကို ဖမ်းမိဖိို့အရေး အမျိုးစုံကြိုးစားခဲ့တယ်”ဟု တရားခံဖမ်းဆီးရမိရေး လိုက်ပါဆောင်ရွက်ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းမှ အမျိုးသမီးတစ်ဦးက ပြောဆိုခဲ့သည်။
သတင်း – နိုင်ဝင်းစိုး
စံတော််ချိန်
Be the first to comment
Leave a Reply
Your email address will not be published.
*