အရမ်းကြောက်စရာကာင်းတဲ့ အပျိုဖျက်ဆီးဆေး (ယာစေရာစောင်) မုဒိမ်းဆေးရဲ့  ဆိုးကျိုးများ

မုဒိမ်းဆေးရဲ့  ဆိုးကျိုးများ

ထိုင်းနိုင်ငံမှာ မိန်းခလေးတွေ သောက်မယ့် ဖျော်ရည်-အရက်-ဘီယာ တွေမှာ ရောထည့်ပေးတတတတ်တဲ့ GHB အပျိုဖျက်ဆီးဆေး (ယာစေရာစောင်) ဆေးကြောင့် ဘေးဖြစ် သေဆုံးနေကြရလို့  မီဒီယာတွေက သတိပေးထားတာပါ။

မုဒိမ်းဆေးဟာ gamma-Hydroxybutyric သို့ Ketamine လို့ ဆေးလောကမှာ လူသိများတဲ့ မေ့ဆေးတမျိုးလို့  သိရပါတယ်။ မူးယစ်ဆေးဝါးအမျိုးစားမှာပါပါတယ်။

ဆေးခတ်ခံရသူတွေရဲ့  ပထမ ဆုံးလက္ခဏာများ

(၁) မူးဝေ မျောသွား။

(၂) နှလုံးခုံနှေးကွေးလာ။

(၃) အမြင်အာရုံေ၀၀ါးလာ။

(၄) ရုတ်တရက် ကိုယ်မထိမ်းနိုင်ဖြစ်လာကာ အိပ်ပျော်သွား။

(၅) နာရီအတန်ကြာသတိမေ့။

(၆) နိုလာသည့်အခါ ဘာဖြစ်ခဲ့မှန်း မသိ သတိမရ။

မုဒိမ်းဆေးထည့်တိုက်တာလွန်ကဲသွားပြီဆိုရင်တော့

(၁) မျက်နှာ ဖြူဖွေး ကိုယ်လက်များအေးစက်လာ။

(၂) ဆီးများအလိုလျှောက်ထွက်လာ။

(၃) ပါးစပ်မှာ အမြုပ် သို့  သွားရည်များကျဆင်း။

(၄) နှလုံးခုံရပ်။

(၅) တကိုယ်လုံး တုန့် ပြန် လှုပ်ရှားမှု မရှိတော့။

ဒုတိယအခြေအနေဖြစ်လာတဲ့ သူတွေကို အချိန်မှီဆေးရုံမပို့ ရင် သေဆုံးရပါတယ်။နှလုံးရောဂါ ရောဂါအခံရှိသူများ အားနည်းနေသူများ အရက်နဲ့  မုဒိမ်းဆေး ရောသွားတဲ့ ဒဏ်မခံနိုင်ဖြစ်ပြီး သတိလစ် မေ့မျော သွားရာက အသက်သေဆုံးကြပါတယ်။

SAW

Be the first to comment

Leave a Reply

Your email address will not be published.


*