အခမဲ့ ဆေးကုပေးခဲ့တဲ့ ဆရာဝန်ကြီးရဲ့ ဆေးဗဒသာပင်အတွက် ပင်စင်လစာလေးတွေကို လှူဒါန်းခဲ့တဲ့ အဖွား

အခမဲ့ ဆေးကုပေးခဲ့တဲ့ ဆရာဝန်ကြီးရဲ့ ဆေးဗဒသာပင်အတွက် ပင်စင်လစာလေးတွေကို လှူဒါန်းခဲ့တဲ့ အဖွား

ထူးခြားသော အလှူ။

ဒီနေ့ အလှူခံရမိတာလေးက ထူးခြားလှပါသည်။

လှူသူ အလှူရှင် ဒေါ်မြင့်မြင့်(မော်လိုက်)က လူ့လောကကြီးမှာ မရှိတော့ပြီ။၉.၉.၂၀၁၉ နေ့က နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

သူ မသေခင် လ၀ကဌာနမှာ သူလုပ်ခဲ့စဉ်က ရသော ပင်စင်လစာလေး ၃၁၁၉၅၀ ကျပ်ကို ကျွန်တော့်ကို လှူဖို့ မှာခဲ့သည်။သူ့လို နှလုံးရောဂါသည်များအတွက် streptokinase ခေါ် နှလုံးသွေးကြောပွင့်ဆေးတွေ ၀ယ်ထိုးဖို့။တစ်လုံးကို ခုနစ်သောင်းကျော်၊ ရှစ်သောင်းနီးပါးရှိသော ဒီဆေးတွေသည် ဆင်းရဲသား နှလုံးသွေးကြောပိတ်လူနာတွေအတွက်တော့ အခက်တွေ့စေသော ဆေးတွေ ဖြစ်ပါသည်။

ကျွန်တော့်ဆေးရုံမှာ streptokinase ကို ငွေမရှိ၍ မထိုးရ မဖြစ်ရအောင် အလှူခံ စီစဉ်ဆောင်ရွက်ထားသည်ကို ဒေါ်မြင့်မြင့်သိသွားခဲ့သည်။သို့အတွက် သူ့ပင်စင်လစာလေးကို ကျွန်တော့်ထံ လှူရန် ညီမဖြစ်သူကို မှာခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်မြင့်မြင့် လှူသောဆေးတွေဖြင့် နှလုံးသွေးကြောပိတ် လူနာတွေ အသက်ဆက်ရှင်နေပါလိမ့်ဦးမည်။ကာယကံရှင် ဒေါ်မြင့်မြင့် မြင့်မြတ်ရာ တစ်နေရာမှ ကျေနပ်ဝမ်းသာစွာ ပီတိစိတ်ဖြင့် သာဓု အခါခါ ခေါ်ဆိုနိုင်ပါစေသတည်း။

ဒေါက်တာ သန်းမင်းထွဋ်

စံပြုထိုက်တဲ့ ပင်းတယ မီးအိမ်ရှင် ဆရာဝန်ကြီးနှင့် ပင်စင်စား အဖွားရဲ့ အပြန်အလှန် စေတနာတွေကတော့ မျက်ရည်လည်လောက်အောင် ကြည်နူးဖို့ ကောင်းလှပါတယ်