မဟာမုနိဘုရား အတွင်း မိုင်း၂လုံး​ ​တွေ့ရှိသဖြင့်​ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုခရီးစဉ်​ ရက်​​ရွေ့ဆိုင်း

မဟာမုနိဘုရား အတွင်း မိုင်း၂လုံး​ ​တွေ့ရှိသဖြင့်​ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုခရီးစဉ်​ ရက်​​ရွေ့ဆိုင်း

၂၀၁၉စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉နာရီချိန်​၌ ရခိုင်​ပြည်​နယ်​ ကျောက်တော်မြို့နယ် မဟာမြတ်မုနိ ဘုရားဝင်း အနီးရှိ စစ်ဘေးရှောင် မိသားစုများအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုမှ တွေ့ဆုံကာ စားသောက်ဖွယ်ရာများ စားနပ်​ ရိက္ခာတို့များ ထောက်ပံ့ရန်​​ ​တွေ့ဆုံပွဲ ကျင်းပ ပြုလုပ်​ရန်​ စီစဉ်​ထားခဲ့ပြီး ဝန်​ကြီးချုပ်​ ယာဉ်​တန်း အလာအား ​စောင့်​ဆိုင်း​နေစဉ်​ တာဝန်​သိ ဘုရားဈေးသည် အချို့၏ သတင်းပေးချက် အရ ဘုရားရင်ပြင်တော် အလှူခံပုံး ထဲ၌ အ​ဝေးထိန်း မိုင်းတစ်လုံး ဘုရားဝင်း အတွင်း ညောင်ပင် အမြစ်ကြား၌ အ​ဝေးထိန်း မိုင်းတစ်လုံးတို့အား ဖောက်ခွဲရန် အသက်​သွင်းပြီးအနေ အထားဖြင့် တွေ့ရှိခဲ့ရပါသည်​။

လုံခြုံ​ရေး ရဲတပ်​ဖွဲ့ဝင်​များနှင့်​ နယ်​​မြေခံတပ်​မ​တော်​ စစ်​​ကြောင်းများမှ အဆိုပါ​တွေ့ရှိခဲ့သည့်​ မိုင်း၂လုံးအား သက်​မဲ့ ပြုလုပ်​ ရှင်းလင်း ခဲ့ရပါသည်​။

အမည်​ မ​ဖော်​လိုသူ ဈေးသည်အချို့ ၏ ပြောကြားချက် အရ ဘုရားအနီး သရက်တစ်ပင်ရွာခံ AA အဖွဲ့ဝင် ၃ဦး လာထောင်ခြင်း ဖြစ်​ပြီး ရခိုင်​ပြည်​နယ်​ ဝန်​ကြီးချုပ် ဦးညီပု၏ ခရီးစဉ်အား ​ဖျက်​သိမ်းကာရက်​​ရွှေ့ဆိုင်း ခဲ့လိုက်​ရ​ပါသည်​။

၂၀၁၉ ဇန်နဝါရီလ ၁ရက်နေ့တွင် ဦးညီပု ယာဉ်တန်းအား AA မှ မဟာမြတ်မုနိ ဘုရားဝင်းအနီးတွင် မိုင်ခွဲ ခံခဲ့ရ​သေးသည်။

ကျော်​ဇံထွမ်းCrdit​မေယုဌာ​နေ

Nay Lynn Aung