အင်းတော်ကြီးတွင် တရားမဝင် ရွှေတူးဖေါ်နေသော ဘက်ဟိုးယာဉ် (၁၂) စီး ပိုင်ရှင့်မဲ့ ဖမ်းဆီးရမိ

စက်တင်ဘာ ၁၅

ကချင်ပြည်နယ်မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့ အင်းတော်ကြီးဒေသတွင် တရားမ၀င်ရွှေတူးဖေါ်နေသော ဘက်ဟိုးယာဉ် (၁၂) စီး အင်ဂျင်မျိုးစုံအပါအဝင် ရွှေတူးဖေါ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများကို စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်နေ့က ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း အင်းတော်ကြီးဒေသ လုံးတုံနယ်မြေရဲတပ်ဖွဲ့စခန်းက သိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်နေ့က မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံရဲစခန်းပိုင်နယ်မြေတွင် တရားမ၀င်ရွှေတူးဖေါ်လုပ်ကိုင်နေကြောင်းသတင်းအရ ကချင်ပြည်နယ်သတ္တုတွင်းဦးစီးဌာန အမှတ်(၂)အဖွဲ့နှင့် နယ်မြေလုံခြုံရေးတာဝန်ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းတပ်ဖွဲ့ဝင်များ သစ်တောဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန နန့်မွန်းမြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ပါဝင်သောပူးပေါင်းအဖွဲ့တို့သည်မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသအနီးတဝိုက်အား ရှောင်တခင်ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ကြရာ…

မိုင်းနောင်ကျေးရွာအနီးတဝိုက်တွင် တရားမဝင်ရွှေတူးဖေါ်နေသည့် ဘက်ဟိုးယာဉ် ၇ စီး မမုံကိုင်ကျေးရွာအနီးတဝိုက်တွင် တရားမဝင်ရွှေတူးဖေါ်လုပ်ကိုင်နေသော ဘက်ဟိုး ၅ စီး စုစုပေါင်း ၁၂စီးတို့နှင့်အတူ အင်ဂျင်မျိုးစုံ ၈ လုံးနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့သဖြင့် အဆိုပါပစ္စည်းများအား လုံးတုံနယ်မြေရဲစခန်း၌သိမ်းဆည်းခဲ့ပြီး တရားမဝင်ရွှေတူးဖေါ်လုပ်ကိုင်မှုဖြင့် သတ္ထုတွင်းဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရပါတယ် ။

” ကျွန်တော်တို့ပူးပေါင်းအဖွဲ့တွေရှောင်တခင်စစ်ဆေးရှာဖွေရာမှာတော့လူမနေတဲ့တဲ(၄)လုံးအင်ဂျင်(၄)လုံးကိုသီးခြားစီရှာဖွေသိမ်ဆည်း ရမိခဲ့ပါတယ်။ ရွှေတူးဖော်တဲ့လုပ်ငန်းတွေမှာအသုံးပြုတဲ့ဘက်ဟိုးယာဉ်တွေကိုမိုင်းနောင်ကျေးရွာထဲမှာထားရှိခဲ့ပြီး သတင်းအရဆက်လက်ရှာဖွေရာမှာတော့အိမ်ရှင်တွေထွက်ပြေးတိမ်းရှောင်သွားပြီးအမျိုးအစားစုံဘက်ဟိုးယာဉ်(၁၂) စီးနဲ့အင်ဂျင်မျိုးစုံ ၈ လုံးကို ဖမ်းဆီးရမိခဲ့တာပါ ” ဟု အဆိုပါဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ် ။

အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်၍ တရားမ၀င်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဘက်ဟိုးယာဉ်များကိုလက် ဝယ်ထားရှိသူ(၁၀)ဦးခန့် (စုံစမ်းဆဲ)တို့ကို လုံးတုံနယ် မြေရဲတပ်ဖွဲ့စခန်းက သတ္တုတွင်းဥပဒေပုဒ်မ၃၀(က) ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်လျှက်ရှိကြောင်းသိရပါတယ်။

Cyclone Mawlua

လေးစားစွာဖြင့် ခရက်ဒစ်