မုန်း၍လည်း ကျိန်​စာမတိုက်​နဲ့… ချစ်​ခင်​၍လည်း နောက်​ဘဝပြန်​​တွေ့ပါရ​စေ ဆုမတောင်းပါနဲ့…

မုန်း၍လည်း ကျိန်​စာမတိုက်​နဲ့… ချစ်​ခင်​၍လည်း နောက်​ဘဝပြန်​​တွေ့ပါရ​စေ ဆုမတောင်းပါနဲ့…

ဘယ်​​သောအခါမှ မုန်း၍လည်း ကျိန်​စာမတိုက်​ပါနှင့်​.. ချစ်​ခင်​၍လည်း နောက်​ဘဝပြန်​​တွေ့ပါရ​စေ ဆုမ​တောင်းကြပါနဲ့..

ကံ ကံ၏အကျိုးရယ်​ သံသရာဆိုတာကိုရယ်​ ယုံကြည်​သက်​ဝင်​ကြပါ​စေ။ ကံ မှန်​ပါက အကျိုး​ပေးသန်​၏ ပြုသူအသစ်​ ဖြစ်​သူအ​ဟောင်းပါ။ ကံ ကံ၏ အကျိုး​ပေး​တွေပါ။ ပဋာစာရီ လင်​ကို ​မြွေကိုက်​ သားကြီး​ ​ရေနစ်​ သားငယ်​ စွန်​ချီ မိဘ နှစ်​ပါးနှင့်​ အကိုကြီး ​လေပြင်း မုန်​တိုင်း​ကြောင့်​ ဆုံးရှုံး အဝတ်​အစားမဲ့အောင် ရူးခဲ့ရတယ်​။

မြတ်​ဗုဒ္ဓ နှင့်​​တွေ့​တော့.. ချစ်​သမီး.. ဒီပွဲဟာ ငိုရမယ့်​ ပွဲ မဟုတ်​ဘူး လက်​ခုပ်​လက်​ဝါး တီးပြီး ရယ်​​မော ရမယ့်​ ပွဲ တဲ့ ဘာလို့လည်း ဆို​တော့.. အတိတ်​ ဘဝ တစ်​ခုတုန်း က ခု​သေဆုံး သွားကြတဲ့ ​ဆွေမျိုး ရင်းချာ ၆ ဦးဟာ ချစ်​သမီးရဲ့ အိမ်​ကို ဓားပြတိုက်​ မီးရှို့ လူသက်​ လုပ်​ကြ​တော့ ချစ်​သမီးကပဲ စိတ်​ဆိုး လွန်းလို့ ဒင်းတို့ ၆ ဦးလုံး ငါ့ မျက်​​စေ့ ​ရှေ့မှာ အ​သေဆိုးနဲ့ ​သေတာကို တပ်​အပ်​ မြင်​ရပါ​စေသား လို့ ဆု​တောင်းခဲ့ဖူး သတဲ့..

ခု အဲ့ဒိ ဆု​တောင်း ပြည့်​ပြီ​လေ တဲ့.. ပြုသူ အသစ်​ ဖြစ်​သူ အ​ဟောင်း ကံမှန်​ရင်​ အကျိုး​ပေး သန်​လွန်း ပါတယ်​ သံသရာ ဟာ ဉာဏ်​နဲ့ မဖြတ်​ရင်​ မပြတ်​ပါဘူး ပဋာစာရီ ရူးသွပ်​​နေချိန်​ မြတ်​ဗုဒ္ဓ နှင့်​ ဘာ့​ကြောင့်​ ကြုံဆုံခွင့်​ ရခဲ့ပါသလဲ? အတိတ်​က တစ်​ကြိမ်​ တစ်​ခါ ဝိပဿနာတရား အားထုတ်​ခဲ့ဖူးလို့ပါပဲ။

အဲ့ဒါ​ကြောင့်​ ဓမ္မမိတ်​​ဆွေတို့ ကျုပ်​တို့​တွေ ဟာ ပဋာစာရီ ​လောက်​လည်း အ​ခြေ​နေ မဆိုးခဲ့ကြပါဘူး။ ကံ​ကောင်းသူများ တရားနာယူခွင့်​ ရကြသည်​။ ကံ အလွန်​ ​ကောင်းသူများ တရား အားထုတ်​ခွင့်​ ရကြသည်​။ ကံဆိုးသူများ တရားကို ​ရှောင်​ကြသည်​။

ဓမ္မမိတ်​​​ဆွေများ.. ကံ ​ကောင်းသူလား?? ကံ ဆိုးသူလား?? သ​ဗ္ဗေ သတ္တာ ကမ္မသကာ သ​ဗ္ဗေ သင်္ခါရ​ အနိစ္စ ပါ တကား။

(သစ္စာရွှေစည် ဆရာတော်ဦးဥတ္တမ၏တရားတော်များပေ့ခ်ျမှ)