“ခင်ဗျားတာဝန်ယူရင် လက်မှတ်ထိုး ကျုပ်လမ်းဖွင့်ပေးမယ်” လို့ လွှတ်တော်ကိုယ်စားလှယ်ကို မြို့တော်ဝန် ရှေ့မှာ လက်ညှိုးထိုး ပြောခဲ့တဲ့ ဦးခင်ရွှေ

“ခင်ဗျားတာဝန်ယူရင် လက်မှတ်ထိုး ကျုပ်လမ်းဖွင့်ပေးမယ်” လို့ လွှတ်တော်ကိုယ်စားလှယ်ကို မြို့တော်ဝန် ရှေ့မှာ လက်ညှိုးထိုး ပြောခဲ့တဲ့ ဦးခင်ရွှေ

Saturaday, September 14, 2019

ဒီကနေ့ ရန်ကုန်မြို့ ဇေကမ္ဘာဝင်းတွင်း ရန်ကုန်မြို့တော်ဝန်နှင့် အပေါင်းအပါများနဲ့ ဦးခင်ရွှေတို့ အချေအတင်ဖြစ်ပွားစဉ် ဦးခင်ရွှေမှ လွှတ်တော်ကိုယ်စားလှယ်အား ဖြစ်သမျှ တာဝန်ယူကြောင်း လက်မှတ်ထိုးရန်နဲ့ လက်မှတ်ထိုးပါက ဖွင့်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

“ခင်ဗျား လက်မှတ်ထိုး၊ ဆေးဝါးမိလည်း ကျုပ်တာဝန်ယူတယ်၊ လုလည်းကျုပ်တာဝန်ယူတယ်၊ ဘာတာဝန်၊ ညာတာဝန် ခင်ဗျားလက်မှတ်ထိုးလိုက်၊ ကျူပ်ဖွင့်ပေးမယ်” လို့ ဦးခင်ရွှေက ဆိုပါတယ်။

ဇေကမ္ဘာဝင်းအတွင်း (ယခင်)ပိတ်ထားသော လမ်းများကို ပြန်လည်ဖွင့်လစ်ရန်အတွက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး‌ကော်မတီ ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများ သွားရောက်တောင်းဆိုစဉ် အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်ဆီမှာ ဒီကြားထဲမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိတယ်၊ ခင်ဗျားသိပါတယ်၊ ညဘက်ကျရင် ကျွန်တော့်စက်ရုံအလုပ်သမားတွေ ဖုန်းတွေလုတာ၊ ဆိုင်ကယ်နဲ့လုတာတို့ ခံရတယ်။ လူသတ်ပြီးလာပစ်တာတို့၊ ပြီးခဲ့တဲ့အပတ်ကပဲ ဆေးဝါးလာမိတယ်။ ဆေးဝါးမိရင် ဇေကမ္ဘာဝင်းဆိုပြီး ပြောတယ်။ ကျွန်တော့်ထဲမှာ လုံခြုံမှုရှိအောင် ခင်ဗျား တာဝန်ပေး” လို့လည်း ” လို့ ဦးခင်ရွှေက မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ အဖွဲ့အား လက်ညှိုးထိုး ပြောဆိုခဲ့ပါသေးတယ်။

အခင်းဖြစ်ပွားစဉ်အတွင်း ရန်ကုန်မြို့တော်ဝန် ဘက်မှ ထိထိမိမိ ချေပပြောဆိုနိုင်တာ မတွေ့ရသော်လည်း ဇေကမ္ဘာ ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဦးခင်ရွှေ နှင့် ညှိနိုင်းပြီး လမ်းများကို ဖွင့်လစ်ပေးလိုက်ပြီဖြစ်ကြောင်းနဲ့ ယင်းသို့ပြန်လည်ဖွင့်လှစ်ပေးခြင်းကြောင့် လမ်းအသုံးပြုသူများ အနေဖြင့်အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း မြို့တော်ဝန်ရဲ့ Facebook မှာ အသိပေးထားပါတယ်။

#မြို့တော်ဝန်ဦးမောင်မောင်စိုး #ဇေကမ္ဘာဦးခင်ရွှေ #ဇေကမ္ဘာဝင်း

#Myanmar_Online_News