မုတ်သံလေ ဆုတ်ခွာချိန်တွင် မိုးကြိုးနှင့် လေပြင်းအန္တရာယ်များ သတိထားသင့် (ဦးထွန်းလွင်)

အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁၃ ရက်က စတင်၍ မြန်မာနိုင်ငံမြောက်ပိုင်းမှ ဆုတ်ခွာနိုင်ပြီး ဆုတ်ခွာရာလမ်းကြောင်းတစ်လျှောက် မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ တစ်ကျော့ပြန် ကျရောက်လာနိုင်၍ သတိပြုနေနိုင်ရန် မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးသည်။

မိုးတိမ်တောင်အန္တရာယ် ဖြစ်သည့် မိုးကြိုးပစ်ခြင်း၊ နေရာ ကွက်မိုးကြီးခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းတို့သည် အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ ၀င်ရောက်ချိန်နှင့် ပြန်လည်ထွက်ခွာချိန်တွင် အများဆုံးဖြစ်ပွားပြီး မုန်တိုင်းဘေးထက်ပိုသော လူနှင့်တိရစ္ဆာန် သေဆုံးမှု၊ ပျက်စီးထိခိုက်မှုကို နှစ်စဉ်ကြုံတွေ့နေရသည်။

‘‘မုတ်သုံအ၀င်ကို ပြန်သတိ ရပါ။ ဘာတွေဖြစ်ခဲ့လဲဆိုတာ။ မုတ်သုံပြန်ဆုတ်ရင်လည်း လေ ပြင်းဘေး၊ မိုးကြိုးဘေးတွေက သိပ်အန္တရာယ်ကြီးပါတယ်’’ ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

အနောက်တောင်မုတ်သုံ လေသည် နှစ်စဉ်မေလဆန်းက စတင်၍ မြန်မာနိုင်ငံတောင်ပိုင်းဒေသ (တနင်္သာရီတိုင်းဒေသကြီး)မှ စတင်ဝင်ရောက်ပြီး မြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသများသို့ ဆင့်ကဲဆင့်ကဲ ၀င်ရောက်သည်။

ဝင်ရောက်စဉ်က မိုးကြိုးပစ် ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း များကြောင့် အနည်းဆုံး လူ ၇၀ ခန့်သေဆုံးပြီး နေအိမ်သောင်းချီ၍ ပျက်စီးခဲ့ကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေး မှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြော သည်။

ယခုအခါ အနောက်တောင် မုတ်သုံလေသည် စက်တင်ဘာ ၁၃ ရက်ကစ၍ မြန်မာနိုင်ငံ မြောက်ပိုင်းမှ ဆုတ်ခွာနိုင်ပြီး စက် တင်ဘာလလယ်ခန့်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း၊ လကုန်ခန့်တွင် မြစ်ဝကျွန်းပေါ်ဒေသသို့ ရောက်ရှိနိုင်ကြောင်း ပညာရှင်နှင့် သက် ဆိုင်ရာဌာနက ခန့်မှန်းထားသည်။ ပြန်လည်ဆုတ်ခွာချိန်တွင် မိုးတိမ်တောင်ဘေး အထူးသတိ ပြုနေထိုင်ရန် ပညာပေးလုပ်ငန်း များ လုပ်ဆောင်နေကြောင်းဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။

အနောက်တောင်မုတ်သုံ လေ ဆုတ်ခွာချိန်ဖြစ်၍ မိုးကြိုး ဘေးနှင့် လေပြင်းဘေး သတိပြု ရန် လိုအပ်ချိန်တွင် စက်တင်ဘာ လလယ်အတွင်း ဘင်္ဂလားပင် လယ်အော်၌ လေဖိအားနည်းရပ် ၀န်းတစ်ကြိမ်ဖြစ်နိုင်ပြီး မုန်တိုင်း ငယ်အဆင့်အထိ ရောက်ရှိနိုင် ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

7Day Daily (လေးစားမှုဖြင့် ခရက်ဒစ်)