


သေဒဏ်ချမှတ်ခံရတဲ့ ဝင်းနဲ့ဇော်တို့အတွက် လွတ်မြောက်ဖို့မျှော်လင်ချက်ရောင်နီတွေသန်းလာပါပြီ








Unicode Version

ပရိတ်သတ်ကြီးရေ ဒီနေ့အတွက် မင်္ဂလာသတင်းတစ်ခုပါပဲ။ မြန်မာနိုင်ငံသားအားလုံး စိုးရိမ်တကြီးဖြစ်နေရတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ ပြစ်ဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံသား လူငယ် ၂ ဦး ဝင်းနဲ့ဇော်ရဲ့ သတင်းကောင်းလေးပဲ ဖြစ်ပါတယ်။ ဝင်းနဲ့ဇော်ကို ပြစ်ဒဏ်က သက်ညှာပေးဖို့အတွက် မြန်မာနိုင်ငံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။ ထို့အတူ ဗိုလ်ချုပ်ကြီး မြထွန်းဦးကိုယ်တိုင်ကလည်း မြန်မာလူငယ် ၂ ဦးထံ သွားရောက်ပြီး အားပေးစကားပြောခဲ့ပါသေးတယ်။

ဒီလိပ်ကျွန်းလူသတ်မှု ဖြစ်စဉ်မှာ မြန်မာလူငယ် ၂ ဦးအတွက် လိုက်ပါလုပ်ဆောင်ပေးနေတဲ့ ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင် ညွန်ကြားရေးမှူး ကိုထူးချစ်ကလည်း မြန်မာ့တပ်မတော်မှ အကြီးအကဲကြီးကိုယ်တိုင် ပန်ကြားတာဖြစ်တာကြောင့် ထိုင်းဘုရင်မင်းမြတ်စီ တိုက်ရိုက်ရောက်ဖို့က သေချာပါတယ်။ ကလေးတွေအတွက် အခွင့်အလန်းများပါတယ်လို့ ဆိုပါတယ်။ အရင်က ထိုင်းဘုရင်မှာ အတိုင်ပင်ခံကောင်စီဆိုတာရှိပါတယ်။ ဒီကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Prem Tinsulanonda ဖြစ်ပါတယ်။ သူဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သူ့ရဲ့ မွေးစားသားပါဆိုပြီးပြောထားတယ်၊ ပုဂ္ဂိုလ်ရေးအရ သူတို့ဟာ အရမ်းရင်းနှီးပါတယ်။ ဒါဟာလည်း အကူအညီကောင်းတစ်ခုဖြစ်မှာပါလို့ ဆိုပါတယ်။

ကိုထူးချစ်က ဒီကလေးတွေ သေဒဏ်ချခံရမှာ မဟုတ်ဘူးဆိုတာ ယုံကြည်နေပါတယ်။ ထိုင်းဘုရင်ကလည်း သေဒဏ်ကနေ နှစ်ရှည်၊ နှစ်ရှည်ကနေ လွတ်ငြိမ်းနဲ့လွတ်မယ်လို့ ယုံကြည်တယ်။ ထိုင်းဘုရင်ကလည်း ဒီကလေး ၂ ယောက်ကို သေဒဏ် စီရင်ရလောက်အောင် မမိုက်မဲလောက်ဘူးလို့ ဆိုပါတယ်။

ပရိတ်သတ်ကြီးရေ ဝင်းနဲ့ဇော်အတွက် နိုင်ငံ့အကြီးအကဲတွေလည်း တတက်တအားပါဝင်နေကြပြီ၊ အမြန်ဆုံး လွတ်အောင် ဆုတောင်းပေးကြရအောင်နော် …..။

Writer – ME(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)