စုထားတဲ့လစာလေးနဲ့ သူအရမ်းလိုချင်တဲ့ဖုန်းလေးတောင် ကိုင်မသွားရရှာတဲ့ ဝမ်းနည်းဖွယ် အမိမြေမှ စစ်သည်တော်လေး တစ်ယောက် အိုက်မောင်

လားရှိုးမြို့ တအောင်ဝ်း လူမျိုး တစ်ဦးဖြစ်တယ် အသက်ကြီးမှ တပ်မတော်ထဲ ၀င်လာတော့ အသက် ၃၀ အထိ ရဲဘော်ကြီးပေါ့ ။ ဒါပေမယ့် ရှမ်းမြောက်တစ်ဂွင် စစ်ဆင်ရေး တိုင်းမှာ တကယ့် အားကိုးရတဲ့ စစ်သည်တစ်ယောက်ဖြစ်ခဲ့တယ်။ အားနည်းချက်က အရက်ကြိုက်တယ် မိန်းမ မရှိ လူပျိုဆိုပေမယ့် လစာက စုမိတယ်မရှိ။

ဒီတစ်ခေါက် စစ်ဆင်ရေးက အရေးကြီးတယ် တကယ့် ဖိုက်ရမယ့် အခြေအနေ ။ ထူးဆန်းတာက အခုစစ်ဆင်ရေးမှာ လစာအကုန်စုနေတာပဲ။ ဘယ်လောက်စုလဲဆို အရက်တောင် သူများတိုက်မှသောက်လေရဲ့။ နောက်ဆုးံ သွားတိုက်တံ သွားတိုက်ဆေးကအစသူများနားက ကပ်သုးံနေတာ ။

ဒီတော့စုမိတာပေါ့ ။ စုနိုင်မှ ချမ်းသာမှာကိုးဗျ။ pay အဖွဲ့ရောက်ရင်များ သူနဲ့မဆိုင်သလိုပဲ သူစိမ်းဆန်နေတတ်တယ် ဒါလဲ အထူးအဆန်းမဟုတ်တော့ဘူး။ထူးဆန်းတာက ကျုပ် အားရင်စစ်သည်တွေနဲ့ ခနတဖြုတ် စကားပြော စပ်စုတဲ့အကျင့်က ဒုဗိုလ်ဘ၀ထဲကပဲ ပါလာတာ။

ဒါနဲ့အိုက်မောင်ရီး ပိုက်ဆံတွေစုနေတယ်ဆိုကွ မိန်းမတောင်းပေးရတော့မလားဟေ့ နိုး အိုက်မောင် မိန်းမ စိတ်မ၀င်စားဘူး သူစိတ်ဝင်စားတာက အဆိုတော် မျိုးကြီးဗျ ဟာ ဆောရီး အဆိုတော် မျိုးကြီး ကြော်ငြာတဲ့ အိုပို ဆိုလား အဲ အာ့ကို စိတ်ဝင်စားနေတာ

အဘရယ် သားကိုဝယ်ပေးပါနော် မျိုးကြီး လက်ညှိုးနှစ်ချောင်းထောင်ဖုန်းလေး ၀ယ်ပေးပါ အဘရယ် မလောက်ရင် အဘ စိုက်ထားပေးပါဗျာ ကျန်တာ ကျနော့လစာထဲက ဖြတ်ပါ။ အဲ့ဖုန်းလေးရရင်တော်ပါပြီ တဲ့ ။

မြန်မာ့တပ်မတော် အမှန်က သူစုထားတာ ခြောက်သိန်း ကျော်နေပြီဗျ ။ ဒါပေမယ့် သူလိုချင်တဲ့ဖုန်းလေးရမသွားရှာဘူး ။ သူတိုက်ပွဲတစ်ခုမှာ ကျ ဆုးံသွားရှာတယ်ဗျာ ။

ခရက်ဒစ်