မဆုံးခင္ ဝမ္းနည္းစရာေတြဆက္တုိက္ျကံုခဲ့ရတဲ့ ဗစ္တုိးရီးယားအမႈစစ္ေဆးသူ တရားသူႀကီးဦးညိဳေဌးရဲ႕ သံေဝဂရဖြယ္အျဖစ္အပ်က္

မဆုံးခင္ ဝမ္းနည္းစရာေတြဆက္တုိက္ျကံုခဲ့ရတဲ့ ဗစ္တုိးရီးယားအမႈစစ္ေဆးသူ တရားသူႀကီးဦးညိဳေဌးရဲ႕ သံေဝဂရဖြယ္အျဖစ္အပ်က္

လူ႔ဘဝမွာ ေကာင္းတဲ့သူေတြ ရွိသလို မေကာင္းတဲ့ သူေတြလည္း ဒုနဲ႔ေဒးပါ မေကာင္းတဲ့သူအခ်ိဳ႕ကလည္း အေပၚယံ မ်က္ႏွာဖံုးေတြဆင္ထားၿပီး လူခ်စ္လူခင္မ်ားေနၾကသူေတြ ရွိသလို

ေကာင္းတဲ့သူေတြက်ေတာ့လည္း မထင္မွတ္တဲ့ အမႈမဲ့ အမွတ္မဲ့ အမွားေလးတစ္ခုေလာက္နဲ႔ လူေတြအထင္လြဲ ဆဲဆိုခံခဲ့ရတာေတြလည္း ရွိၾကပါတယ္

ခုေျပာျပမဲ့ အေၾကာင္းအရာေလးကေတာ့ အေပၚကဆိုခဲ့သလို အထင္လြဲအဆဲအဆို ခံခဲ့ရတဲ့ လူေကာင္းတစ္ေယာက္ရဲ႕ ေၾကကြဲစရာေနာက္ဆံုးေနဝင္ခ်ိန္ေလးပါ သူကေတာ့

ေနျပည္ေတာ္ဒကၡိဏခရိုင္တရားရုံးက ဒုတိယခရိုင္တရားသူႀကီး ဦးညိဳေဌးပဲ ျဖစ္ပါတယ္ ဟုတ္ပါတယ္ သူ ကြယ္လြန္သြားခဲ့ပါၿပီ မကြယ္လြန္ခင္မွာ သူဟာ ဝမ္းနည္းေၾကကြဲစရာ အျဖစ္အပ်က္ေတြကို ဆက္တိုက္ႀကံဳခဲ့ရပါတယ္

ပရိသတ္ႀကီးတို႔ ဗစ္တိုးရီးယား သမီးေလးအမႈကို သိၾကမွာပါ ႏိုင္ငံေက်ာ္ ဒီအမႈနဲ႔ ပတ္သက္ၿပီး BဘီC သတင္းဌာနကေန ဦးညိဳေဌးကို တရားစြဲဆိုခံရသူနာမည္ကိုေမးေတာ့ ရုတ္တရက္ျဖစ္တာရယ္

တျခားတာဝန္ေတြလုပ္ေနတာကေန ေျဖၾကားရတာရယ္ ကြမ္းစားတတ္လို႔ ကြမ္းငံုထားခ်ိန္ ျဖစ္တာရယ္ေၾကာင့္ ျပန္ေျဖတဲ့အခါမွာ ဗလံုးဗေထြး ျဖစ္သြားပါတယ္ ဒါကို လူေတြက တရားသူႀကီး ျဖစ္ရဲ႕နဲ႔

တရားစြဲဆိုခံရသူရဲ႕ နာမည္ကို ေမ့လို႔ ဆိုၿပီး ၀ိုင္းဆဲခဲ့ၾကပါတယ္ တကယ္ေတာ့ ဦးညိဳေဌးရဲ႕ အေၾကာင္းကို ေသခ်ာမသိသူေတြက ခုလိုဝိုင္းဆဲခဲ့ၾကတာပါ ဒါကတစ္ခ်က္ေပါ့

ေနာက္ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၆ ရက္ေန႔မွာ ဦးညိဳေဌးအေဖဆံုးပါတယ္ သိပ္မၾကာဘူး ေနာက္ ၁၇ ရက္ေျမာက္ေန႔ ၾသဂုတ္လ ၂၃ မွာ ဦးညိဳေဌးဇနီး ဆံုးသြားျပန္ပါတယ္ ခုလို မထင္မွတ္တဲ့

ေၾကကြဲစရာအျဖစ္အပ်က္ေတြကို ႀကံဳလိုက္ရတာရယ္ ဘုမသိဘမသိလူေတြရဲ႕ အြန္လိုင္းေပၚမွာ ဝိုင္းဝန္းဆဲဆိုမႈေတြကို ႀကံဳရတာရယ္ေၾကာင့္ ဦးညိဳေဌးတစ္ေယာက္ အေတာ္စိတ္ထိခိုက္ၿပီး

က်န္းမာေရးမေကာင္းျဖစ္လာလို႔ ေဆးရံုတက္ရတဲ့အထိ ျဖစ္လာပါတယ္ အဲဒီေနာက္ စက္တာဘာ ၃ ရက္ေန႔မွာေတာ့ ဦးေႏွာက္ေသြးေၾကာေပါက္လို႔ အသက္ ၅၁ ႏွစ္အရြယ္ရွိတဲ့ ဦးညိဳေဌးတစ္ေယာက္ ဆံုးပါးသြားခဲ့ရပါတယ္

မ်က္ႏွာထားရႊင္ရႊင္နဲ႔ အၿမဲၿပံဳးေနတတ္သူ ေပ်ာ္ေပ်ာ္သာေနတတ္သူတစ္ဦးဟာ လူမႈကြန္ယက္မွာ အခ်ိန္ျဖဳန္း အေၾကာင္းအရာ အေၾကာင္းရင္းကို ဂဃနဏ မသံုးသပ္ဘဲ တစ္ဖက္သားကို ထစ္ကနဲရွိ ဆဲလိုက္မယ္

ဆိုလိုက္မယ္ဆိုတဲ့ လူေတြေၾကာင့္ ဘယ္ေလာက္ေတာင္နာက်င္ခံစားခဲ့ရမလဲ တျခားအမႈေတြမွာလုိ သတင္းျပန္ၾကားေရးတာဝန္ရွိသူက တရားလုိ၊ တရားခံနာမည္ေတြကုိ ေမ့ေနတတ္တာ

ျဖစ္ရုိးျဖစ္စဥ္လို႔ ဆုိရေပမဲ့ သူ႔အတြက္ကေတာ့ ဒီျဖစ္စဥ္ဟာ မဆင္ျခင္မသံုးသပ္တတ္သူေတြရဲ႕ ဝိုင္းဝန္းကဲ့ရဲ႕ဆဲဆိုစရာေတြ ျဖစ္ခဲ့ရရွာပါတယ္

တကယ္တမ္းမွာ ဦးညိဳေဌးဟာ ဗစ္တိုးရီးယားေလးအမႈအတြက္ စိတ္ေရာကိုယ္ပါႏွစ္ၿပီး ကူညီခဲ့သူျဖစ္ပါတယ္ ဒါေၾကာင့္လည္း ဗစ္တိုးရီးယားေလးအမႈမွာ ထဲထဲဝင္ဝင္ လုိက္ကူညီေပးေနသူတစ္ဦးျဖစ္တဲ့

သကၠမုိးညိဳဆိုတဲ့ ေဖ့ဘုတ္ အေကာင့္ပိုင္ရွင္ ေဒါက္တာဝင္းကုိကုိသိန္းက “ ဦးညိဳေဌးဟာ ဗစ္တိုးရီးယားေလးအမႈ တရားရံုးဆံုးျဖတ္ခ်က္ အမ်ားျပည္သူစိတ္ခ်မ္းသာေစရမည္ဟု ကတိေပးၿပီး အမွန္တကယ္လည္း

သမီးေလးနဲ႕ မိဘေတြကို လံုၿခံဳစိတ္ခ်ရတဲ့ တရားခြင္ စီစဥ္ေပးခဲ့တယ္” လုိ႔ ေရးသားခဲ့ၿပီး အထူးဝမ္းနည္းရေၾကာင္းနဲ႔ ခဏတာဆံုခဲ့ရတဲ့ ဆရာ ျမင့္ျမတ္တဲ့ဘံုဘဝ ေရာက္ပါေစဆိုၿပီး ဆုေတာင္းစကား ေျပာထားပါတယ္

ခုလို စိတ္ထားေကာင္းၿပီး ကူညီတတ္တဲ့ ဦးညိဳေဌးအေၾကာင္း သိတဲ့သူေတြက သူဆံုးသြားၿပီ ဆိုတာၾကားေတာ့ အားလံုးဝမ္းနည္းၾက ဆုေတာင္းေပးၾကေပမဲ့လည္း တခ်ိဳ႕ေသာ လူေတြကေတာ့ ခုထိ ဆဲေနဆိုေနတုန္းပါပဲ

အေျခအေန အေၾကာင္းအရာကို တိတိက်က်မသိ မစဥ္းစား မဆင္ျခင္ မသံုးသပ္ ဆဲမယ္ဆိုမယ္ ေဝဖန္ျပစ္တင္မဲ့ ဆိုတဲ့ လူမႈကြန္ရက္ေပၚက လူ႔အမိႈက္ေတြေၾကာင့္ လူေကာင္းတစ္ဦးျဖစ္တဲ့

ဦးညိဳေဌးတစ္ေယာက္ အသက္ဆံုးရတဲ့ထိ ဝမ္းနည္းေၾကကြဲမႈေတြကို ခံစားသြားရရွာပါတယ္ ပရိသတ္ႀကီးတုိ႔လည္း လူမႈကြန္ယက္ေပၚမွာ

ဆဲဆို မိုက္ရိုင္းေနတဲ့သူေတြ ေတြ႕ရင္ အဖက္မလုပ္ၾကပါနဲ႔ လူရာမသြင္းၾကပါနဲ႔ ေဝးေဝးေရွာင္ၾကပါလို႔ တိုက္တြန္းလိုက္ပါရေစေနာ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

လူ့ဘဝမှာ ကောင်းတဲ့သူတွေ ရှိသလို မကောင်းတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ မကောင်းတဲ့သူအချို့ကလည်း အပေါ်ယံ မျက်နှာဖုံးတွေဆင်ထားပြီး လူချစ်လူခင်များနေကြသူတွေ ရှိသလို

ကောင်းတဲ့သူတွေကျတော့လည်း မထင်မှတ်တဲ့ အမှုမဲ့ အမှတ်မဲ့ အမှားလေးတစ်ခုလောက်နဲ့ လူတွေအထင်လွဲ ဆဲဆိုခံခဲ့ရတာတွေလည်း ရှိကြပါတယ်

ခုပြောပြမဲ့ အကြောင်းအရာလေးကတော့ အပေါ်ကဆိုခဲ့သလို အထင်လွဲအဆဲအဆို ခံခဲ့ရတဲ့ လူကောင်းတစ်ယောက်ရဲ့ ကြေကွဲစရာနောက်ဆုံးနေဝင်ချိန်လေးပါ သူကတော့

နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးက ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးပဲ ဖြစ်ပါတယ် ဟုတ်ပါတယ် သူ ကွယ်လွန်သွားခဲ့ပါပြီ မကွယ်လွန်ခင်မှာ သူဟာ ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်တွေကို ဆက်တိုက်ကြုံခဲ့ရပါတယ်

ပရိသတ်ကြီးတို့ ဗစ်တိုးရီးယား သမီးလေးအမှုကို သိကြမှာပါ နိုင်ငံကျော် ဒီအမှုနဲ့ ပတ်သက်ပြီး BဘီC သတင်းဌာနကနေ ဦးညိုဌေးကို တရားစွဲဆိုခံရသူနာမည်ကိုမေးတော့ ရုတ်တရက်ဖြစ်တာရယ်

တခြားတာဝန်တွေလုပ်နေတာကနေ ဖြေကြားရတာရယ် ကွမ်းစားတတ်လို့ ကွမ်းငုံထားချိန် ဖြစ်တာရယ်ကြောင့် ပြန်ဖြေတဲ့အခါမှာ ဗလုံးဗထွေး ဖြစ်သွားပါတယ် ဒါကို လူတွေက တရားသူကြီး ဖြစ်ရဲ့နဲ့

တရားစွဲဆိုခံရသူရဲ့ နာမည်ကို မေ့လို့ ဆိုပြီး ဝိုင်းဆဲခဲ့ကြပါတယ် တကယ်တော့ ဦးညိုဌေးရဲ့ အကြောင်းကို သေချာမသိသူတွေက ခုလိုဝိုင်းဆဲခဲ့ကြတာပါ ဒါကတစ်ချက်ပေါ့

နောက် ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့မှာ ဦးညိုဌေးအဖေဆုံးပါတယ် သိပ်မကြာဘူး နောက် ၁၇ ရက်မြောက်နေ့ သြဂုတ်လ ၂၃ မှာ ဦးညိုဌေးဇနီး ဆုံးသွားပြန်ပါတယ် ခုလို မထင်မှတ်တဲ့

ကြေကွဲစရာအဖြစ်အပျက်တွေကို ကြုံလိုက်ရတာရယ် ဘုမသိဘမသိလူတွေရဲ့ အွန်လိုင်းပေါ်မှာ ဝိုင်းဝန်းဆဲဆိုမှုတွေကို ကြုံရတာရယ်ကြောင့် ဦးညိုဌေးတစ်ယောက် အတော်စိတ်ထိခိုက်ပြီး

ကျန်းမာရေးမကောင်းဖြစ်လာလို့ ဆေးရုံတက်ရတဲ့အထိ ဖြစ်လာပါတယ် အဲဒီနောက် စက်တာဘာ ၃ ရက်နေ့မှာတော့ ဦးနှောက်သွေးကြောပေါက်လို့ အသက် ၅၁ နှစ်အရွယ်ရှိတဲ့ ဦးညိုဌေးတစ်ယောက် ဆုံးပါးသွားခဲ့ရပါတယ်

မျက်နှာထားရွှင်ရွှင်နဲ့ အမြဲပြုံးနေတတ်သူ ပျော်ပျော်သာနေတတ်သူတစ်ဦးဟာ လူမှုကွန်ယက်မှာ အချိန်ဖြုန်း အကြောင်းအရာ အကြောင်းရင်းကို ဂဃနဏ မသုံးသပ်ဘဲ တစ်ဖက်သားကို ထစ်ကနဲရှိ ဆဲလိုက်မယ်

ဆိုလိုက်မယ်ဆိုတဲ့ လူတွေကြောင့် ဘယ်လောက်တောင်နာကျင်ခံစားခဲ့ရမလဲ တခြားအမှုတွေမှာလို သတင်းပြန်ကြားရေးတာဝန်ရှိသူက တရားလို၊ တရားခံနာမည်တွေကို မေ့နေတတ်တာ

ဖြစ်ရိုးဖြစ်စဉ်လို့ ဆိုရပေမဲ့ သူ့အတွက်ကတော့ ဒီဖြစ်စဉ်ဟာ မဆင်ခြင်မသုံးသပ်တတ်သူတွေရဲ့ ဝိုင်းဝန်းကဲ့ရဲ့ဆဲဆိုစရာတွေ ဖြစ်ခဲ့ရရှာပါတယ်

တကယ်တမ်းမှာ ဦးညိုဌေးဟာ ဗစ်တိုးရီးယားလေးအမှုအတွက် စိတ်ရောကိုယ်ပါနှစ်ပြီး ကူညီခဲ့သူဖြစ်ပါတယ် ဒါကြောင့်လည်း ဗစ်တိုးရီးယားလေးအမှုမှာ ထဲထဲဝင်ဝင် လိုက်ကူညီပေးနေသူတစ်ဦးဖြစ်တဲ့

သက္ကမိုးညိုဆိုတဲ့ ဖေ့ဘုတ် အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းက “ ဦးညိုဌေးဟာ ဗစ်တိုးရီးယားလေးအမှု တရားရုံးဆုံးဖြတ်ချက် အများပြည်သူစိတ်ချမ်းသာစေရမည်ဟု ကတိပေးပြီး အမှန်တကယ်လည်း

သမီးလေးနဲ့ မိဘတွေကို လုံခြုံစိတ်ချရတဲ့ တရားခွင် စီစဉ်ပေးခဲ့တယ်” လို့ ရေးသားခဲ့ပြီး အထူးဝမ်းနည်းရကြောင်းနဲ့ ခဏတာဆုံခဲ့ရတဲ့ ဆရာ မြင့်မြတ်တဲ့ဘုံဘဝ ရောက်ပါစေဆိုပြီး ဆုတောင်းစကား ပြောထားပါတယ်

ခုလို စိတ်ထားကောင်းပြီး ကူညီတတ်တဲ့ ဦးညိုဌေးအကြောင်း သိတဲ့သူတွေက သူဆုံးသွားပြီ ဆိုတာကြားတော့ အားလုံးဝမ်းနည်းကြ ဆုတောင်းပေးကြပေမဲ့လည်း တချို့သော လူတွေကတော့ ခုထိ ဆဲနေဆိုနေတုန်းပါပဲ

အခြေအနေ အကြောင်းအရာကို တိတိကျကျမသိ မစဉ်းစား မဆင်ခြင် မသုံးသပ် ဆဲမယ်ဆိုမယ် ဝေဖန်ပြစ်တင်မဲ့ ဆိုတဲ့ လူမှုကွန်ရက်ပေါ်က လူ့အမှိုက်တွေကြောင့် လူကောင်းတစ်ဦးဖြစ်တဲ့

ဦးညိုဌေးတစ်ယောက် အသက်ဆုံးရတဲ့ထိ ဝမ်းနည်းကြေကွဲမှုတွေကို ခံစားသွားရရှာပါတယ် ပရိသတ်ကြီးတို့လည်း လူမှုကွန်ယက်ပေါ်မှာ

ဆဲဆို မိုက်ရိုင်းနေတဲ့သူတွေ တွေ့ရင် အဖက်မလုပ်ကြပါနဲ့ လူရာမသွင်းကြပါနဲ့ ဝေးဝေးရှောင်ကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်