





Photo – Ah Je

unicode version

ကြိုးပျက်နေသည့် ချိန်ခွင်ကို မြို့နယ်တရားသူကြီးအား ပေးခဲ့သူ ကချင်လူငယ် ကိုပေါလုအား ထောင်ဒဏ် ၃လ ချမှတ်

Friday, September 6, 2019

မြစ်ကြီးနားမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီးအား ကြိုးပျက်နေသည့် ချိန်ခွင် ပေးခဲ့သူကချင်လူငယ် ကိုပေါလု အား ယနေ့ စက်တင်ဘာ ၆ရက်နေ့နံနက်ပိုင်းက မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၃လ ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းအား ကြိုးပျက်နေသော ချိန်ခွင်ပေးခဲ့ခြင်းနှင့် မထင်မဲ့မြင်ပြုလုပ်ခဲ့ခြင်းကြောင့် ၊မြို့နယ်တရားသူကြီး ဦးသန်းထွန်းမှ ပြည်သူ့ဝန်ထမ်း တရားစီရင်ရေးဆောင်ရွက် နေစဉ် တမင်နှောက်ယှက် မထင်မဲ့မြင်ပြုမှုကြောင့်ဟုဆိုကာ ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၂၂၈ ဖြင့် ဦးတိုက်လျှောက် တရားစွဲခဲ့ခြင်းဖြစ်သည်။

ကချင်လူငယ် #ကြိုးပြတ်ချိန်ခွင် #မြို့နယ်တရားသူကြီး

Photo – Ah Je