အရက်ကောင်းသောက်နိုင်မှ ခေါင်းကြည်သဖြင့် အရက်ခွန်လျှော့ချဖို့ အဆိုတင်သွင်း
အရက်ကောင်း သောက်မှ နောက်နေ့မနက် တွင် ခေါင်း ၂ ဆ ကြည်မည်ဖြစ်၍ အရက်များကိုအခွန်ကောက်မှုလျော့ချသင့်ဟုဆို
နေပြည်တော်၊ စက်တင်ဘာ ၆ (သတင်းတမန်)
အရက်အရည်အသွေး ကောင်းကောင်းသောက်မှ နောက်နေ့မနက် ခေါင်း ၂ ဆ ကြည်မည်ဖြစ်၍ အရက်များကို အခွန်ကောက်ခံမှုလျော့ချသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် က ယနေ့ပြည်ထောင်စုလွှတ်တော်တွင်ပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးစဉ် စမ်းချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက အထက်ပါအတိုင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးဘိုဘိုဦးက ဆွေးနွေးရာတွင် ဥပဒေမူကြမ်းပါ အခန်း ၅ အထူးကုန်စည်ခွန် အပိုဒ် ၁၁ အပိုင်ခွဲ (က)၃ ပါ အမှတ်စဉ် ၈ အရက်အမျိုးမျိုးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေမူကြမ်း အခန်း ၅တွင် အရက် တစ်လီတာတန်ဖိုး ၁၅၀၀၁ ကျပ်အထက်ကို အထူးကုန်စည်ခွန်တွင် တစ်လီတာတန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကောက်ခံမည်ဟုပါရှိကြောင်း၊
ယင်းသို့အခွန်တိုးမြှင့်ခြင်းကြောင့် တင်သွင်းမှုနည်းသွားကာ အခွန်ရလမ်းနည်းသွားမည်ဖြစ်ကြောင်း၊တရားမဝင်တင်သွင်းမှုရှိလာမည်ဖြစ်ကြောင်း ၊ တရားမဝင်တင်သွင်းမှုနှင့်အတူ ကုန်ပစ္စည်းအတုအပတိုးပွားလာမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။
ယင်းအပြင် နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော အခွန်တိုးမြှင့်ရရှိရေး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပြည်သူ့ကျန်းမရေးထိခိုက်မှုလျော့ချရေးတို့ကို ထိခိုက်စေမည်ဖြစ်ကြောင်းလည်း၎င်းက သတိပေးဆွေးနွေးခဲ့သေးသည်။
ထို့ကြောင့် အရက်တန်ဖိုး ၁၅၀၀၁ ကျပ်မှ အထက် ကို တစ်လီတာတန်ဖိုး၏ ၆၀ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကောက်ခံသင့်ပါကြောင်း အကြံပြုလိုသည်ဟု ဦးဘိုဘိုဦးက ပြောခဲ့သည်။
Credit (သတင်းတမန်)
Unicode
အရက်ကောင််း သောက်မှ နောက်နေ့မနက် တွင်် ခေါင်း ၂ ဆ ကြည်မည်ဖြစ်၍ အရက်များကိုအခွန်ကောက်မှုလျော့ချသင့်ဟုဆိို
နေပြည်တော်၊ စက်တင််ဘာ ၆ (သတင်းတမန်)
အရက််အရည်အသွေး ကောင်းကောင်းသောက်မှ နောက်နေ့မနက် ခေါင်း ၂ ဆ ကြည်မည်ဖြစ်၍ အရက်များကို အခွန်ကောက်ခံမှုလျော့ချသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် က ယနေ့ပြည်ထောင်စုလွှတ်တော်တွင်ပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့်် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းနှင့်စပ််လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးစဉ် စမ်းချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှှယ် ဦးဘိုဘိုဦးက အထက်ပါအတိုင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးဘိိုဘိုဦးက ဆွေးနွေးရာတွင် ဥပဒေမူကြမ်းပါ အခန်း ၅ အထူးကုန်စည်ခွန် အပိုဒ် ၁၁ အပိုင်ခွဲ (က)၃ ပါ အမှတ်စဉ် ၈ အရက်အမျိုးမျိုးနှင့််ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“အခွန််ကောက်ခံခြင်းသဘောသဘာဝအရ အခွန်လျော့ကောက်မှ အခွန်များများရပါမယ်။ အရက်အရည်အသွေးကောင်းကောင်းသောက်မှ နောက်တစ်နေ့ ခေါင်း ၂ ဆကြည်ပါမယ်” ဟု ဦးဘိုဘိုဦးက ဆိုသည်။
အဆိိုပါ ဥပဒေမူကြမ်း အခန်း ၅တွင် အရက် တစ်လီတာတန်ဖိုး ၁၅၀၀၁ ကျပ်အထက်ကိို အထူးကုန်စည်ခွန်တွင် တစ်လီတာတန်ဖိိုး၏ ၆၀ ရာခိုင်နှုန်းကောက်ခံမည်ဟုပါရှိကြောင််း၊
ယင်းသို့အခွန်တိုးမြှှင့်ခြင်းကြောင့် တင်သွင်းမှုနည်းသွားကာ အခွန်ရလမ်းနည်းသွားမည်ဖြစ်ကြောင်း၊တရားမဝင်တင်သွင်းမှုရှိလာမည်ဖြစ်ကြောင်း ၊ တရားမဝင်တင်သွင်းမှုနှင့်အတူ ကုန်ပစ္စည််းအတုအပတိုးပွားလာမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။
ယင်းအပြင်် နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော အခွန်တိုးမြှင့်ရရှိရေး တရားမဝင်ကုန််သွယ်မှုတိုက်ဖျက်ရေး ပြည်သူ့ကျန်းမရေးထိခိုက်မှုလျော့ချရေးတို့ကို ထိခိုက်စေမည်ဖြစ်ကြောင်းလည်း၎င်းက သတိပေးဆွေးနွေးခဲ့သေးသည်။
ထို့ကြောင့်် အရက်တန်ဖိုး ၁၅၀၀၁ ကျပ်မှ အထက် ကို တစ်လီတာတန်ဖိုး၏ ၆၀ ရာခိုင််နှုန်းအစား ၂၅ ရာခိုင်နှုန်းကောက်ခံသင့်ပါကြောင်း အကြံပြုလိိိုသည်ဟု ဦးဘိုဘိုဦးက ပြောခဲ့သည်။
Credit (သတင်းတမန်)