မြန်မာပြည် မှာ မ မွေးပေမယ့် မြန်မာ့ စိတ်ဓာတ်အပြည့်အ၀ရှိကြောင်းပြသလိုက်တဲ့ Dave
Unicode Version
မြန်မာ့ရိုးရာလက်ဝှေ့နဲ့ နာမည်ကျော်ကြားလှတဲ့ မြန်မာမဟုတ်သူ ဒေ့ဖ် ဟာ မြန်မာရိုးရာလက်ဝှေ့ချန်ပီယံဖြစ်လာခဲ့သူပါ။ လူမျိုးမတူ ဘာသာမတူပေမယ့် သူ့ရဲ့တ်ဝင်စားမှုဟာ မြန်မာလက်ဝှေ့ဖြစ်ပြီးတော့ မြန်မာလက်ဝှေ့နဲ့ပဲ သူဟာ ချန်ပီယံ ဖြစ်လာသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ မြန်မာလူမျိုးမဟုတ်ပေမယ့်မြန်မာ့ရိုးရာလက်ဝှေ့ပွဲတိုင်းမှာ သူဟာ မြန်မာ့အလံကိုခြုံပြီး ပွဲထွက်ခဲ့သူ တစ်ဦးလည်း ဖြစ်တာကြောင့် ပရိသတ်က အထူးအားပေးနှစ်သက်ကြသူလည်း ဖြစ်ပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့မှာ မြန်မာမဟုတ်သူ ချန်ပီယံဖြစ်နေပေမယ့် သူဟာ မြန်မာအတွက်လို့ပဲ သူ့ကိုယ်သူ ခံယူထားသူဖြစ်ပြီးတော့ မြန်မာလက်ဝှေ့လောကသားအချို့က တိုက်ခိုက်ချိန်မှာတောင် သူဟာ ချန်ပီယံ ဆုကို ကြည်ဖြူစွာ စွန့်လွှတ်ပေးခဲ့သူဖြစ်ပါတယ်။ သူရဲ့ ဖော်ပြချက်တွေအရ သူဟာ မြန်မာကိုချစ်လို့ သူ့ရဲ့မူလအမည် ဒေ့ဖ် ကိုတောင် ဒေဝ လို့ အမည်ပြောင်းလဲ ခဲ့သူလည်း ဖြစ်ပါတယ်။
ဒေ့ဖ်က မထင်မှတ်တဲ့ ကိစ္စတစ်ခုကို ဆောင်ရွက်ခဲ့ပါသေးတယ်။ အဲ့တာကတော့ မြန်မာနိုင်ငံသား ကလေးငယ်လေးတစ်ဦးကို နှလုံး ၊အသည်း၊ ကျောက်ကပ်တွေ ခွဲစိတ်ကုမှု စင်္ကာပူမှာလုပ်ဆောင်ရန်အတွက် သူတို့လင်မယား နှစ်ယောက်တိုင်ပင်ပြီး အကူအညီပေးခဲ့ပါသေးတယ်။သူပြောသွားတဲ့ စကားလေးကတော့ကျွန်တော်တို့ ဘဝတွေဆိုတာ တစ်ခါပဲ ရှင်သန်ရတာပါတဲ့။ ရှင်သန်ချိန်လေးမှာ မိမိပတ်ဝန်းကျင်ကလူတွေကို အကျိုးပြုသွားကြရအောင်လို့ ဆိုပါတယ်။
အခုအခါမှာတော့ သူဟာ ထွန်းထွန်းမင်းနဲ့ လူမှုကွန်ရက်ပေါ်ကနေ စကားလုံးတွေ ထိုးနှက်နေကြချိန်ဖြစ်ပါတယ်။ ယခင် ထိုးခဲ့ဖူးစဉ်ကတော့ အနိုင်အရှုံးကွဲပြားမှုမရှိခဲ့ဘူးလို့ သိရပါတယ်။
Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
source-Dave ”The Nomad” Leduc